Connect with us

Hi, what are you looking for?

သတင်း

ဒုတပ်ရင်းမှူး အပါအဝင်တပ်ဖွဲ့ဝင် ၅၀နီးပါး လက်နက်ချခဲ့သည့် ဖူ့ချိမူစခန်းသိမ်းတိုက်ပွဲ စစ်ကောင်စီအလောင်း ၂၀ကျော်တွေ့

စစ်ကောင်စီတပ်သား ၃၀ ကျော်ထွက်ပြေးလွတ်မြောက်ကာ စခန်းအတွင်း သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ကျော်တွေ့ရှိရဟု အသိပေးသည်။

(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ - SOG၊SOF)
(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ - SOG၊SOF)

People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆) ဒူးပလာယာခရိုင် ကော့ကရိတ်မြို့နယ် ဖိုးချိမှူး(ဖူ့ချိမူ)စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အလောင်း ၂၀ကျော်တွေ့ရှိခဲ့ကြောင်း စခန်းသိမ်းတိုက်ခိုက်မှု၌ ပါဝင်သည့် Special Operation Group (SOG) တပ်ဖွဲ့က မေလ ၂၅ရက်တွင် ထုတ်ပြန်သည်။

၂၇ နှစ်အကြာတပ်စွဲထားပြီး အင်အား ၁၀၀ခန့် ရှိသည့် အဆိုပါတပ်စခန်းကို မေလ ၁၉ ရက်တွင် KNLAနှင့် SOGပူးပေါင်းတော်လှန်ရေးတပ်ဖွဲများက တိုက်ခိုက်ခဲ့ရာ ဒုတပ်ရင်းမှူး ရန်အောင် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ဦး လက်နက်ချ အညံ့ခံခဲ့သည်ဟု ဖော်ပြသည်။

(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ - SOG၊SOF)
(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ – SOG၊SOF)

အဆိုပါ တပ်စခန်းကို လအတန်ကြာ ပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က မေလ ၁၉ရက် နံနက်တွင် စခန်းစွန့်ခွာထွက်ပြေးစဉ် ၄၈ဦးက လက်နက်ချခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သား ၃၀ ကျော်ထွက်ပြေးလွတ်မြောက်ကာ စခန်းအတွင်း သေဆုံးနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင် အလောင်း ၂၀ကျော်တွေ့ရှိရဟု အသိပေးသည်။

ယခု သိမ်းပိုက်ခဲ့သည့် ဖူ့ချိမှုစခန်း၏ မြောက် ဘက်ရှိ ကျိုက်ဒုံမြို့အခြေစိုက်စစ်ကောင်စီဗျူဟာကုန်းစခန်းကိုလည်း တော်လှန်ရေးပူးပေါင်းတပ်က မတ်လလယ်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ ထိုစဉ်ကလည်း ဗျူဟာမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၆ဦးလက်နက်ချ အညံ့ခံခဲ့သည်။

(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ - SOG၊SOF)
(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ – SOG၊SOF)

ထိုင်း – မြန်မာနယ်စပ် ပိုင်ခလန်ကျေးရွာအနီးတွင်ရှိ အင်အား ၁၀၀ခန့်ရှိသော စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ(၁၃) လက်အောက်ခံ တပ်ရင်းများဖြစ်သည့် ခြေမြန်တပ်ရင်း (ခမရ-၅၅၈)၊(ခမရ-၅၆၁)နှင့် ခြေလျင်တပ်ရင်း(ခလရ-၉၉၃)တို့ အထိုင်ချတပ်စွဲထားသော ဖူ့ချိမူတပ်စခန်းအား KNLAနှင့် ပူးပေါင်းတပ်များက မေလ ၁၈ရက်နှင့် ၁၉ရက်တွင်တိုက်ခိုက်ခဲ့သည်။

ဖူ့ချိမူတပ်စခန်းမှ စစ်ကောင်စီတပ်သား ၃၉ဦးမှာ ထိုင်းနိုင်ငံနယ်စပ်သို့ ထွက်ပြေးသွားကြောင်း ‌‌တောင်ပိုင်းစစ်ဒေသ၊ ကော့ကရိတ်မြို့နယ်ရှိ PDF ရဲဘော်တစ်ဦးက ပြောသည်။

သို့သော် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများက လမ်း၌တွေ့သော ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် လေးဦးအား သတ်ဖြတ်သွားကြောင်း ၎င်းက ဆက်ပြောသည်။

(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ - SOG၊SOF)
(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ – SOG၊SOF)

” ကိုယ်ဝန်ဆောင်အမျိုးသမီးက ဆေးခန်းလာပြတာပေါ့။ သူ့ကိုလိုက်ပို့တဲ့ ဆိုင်ကယ်ကယ်ရီသမားဦးလေးရော။ အသက်(၂၀)အရွယ်ရွားသားတစ်ဦးရော နှုတ်ပိတ်တဲ့အနေနဲ့ သတ်သွားတာ”ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။

ထို့ကြောင့် ထွက်ပြေးလွတ်မြောက်နေသော စစ်ကောင်စီတပ်သား ၃၉ဦးအား KNLA ပူးပေါင်းတပ်များက လိုက်လံရှာဖွေနေသည်ဟု ၎င်းက ဆက်ပြောသည်။

“ထိုင်းနယ်စပ်ကို ထွက်ပြေးနေတယ်လို့ သိရတယ်။ လက်ရှိမှာတော့ ကျိုက်ဒုံမှာ စစ်ကောင်စီတပ် စခန်းတွေ မရှိတော့ဘူး။ စကစကင်းစင်နယ်မြေဆိုတာ ‌ခုထွက်ပြေးနေတဲ့ စစ်သားတွေရှိနေသေးလို့ ပြောရခက်တာပေါ့”ဟု PDF ရဲဘော်တစ်ဦးက ပြောသည်။

(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ - SOG၊SOF)
(ကျိုက်ဒုံမြို့ ဖူ့ချိမူတပ်စခန်းသိမ်းတိုက်ပွဲမှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် သိမ်းဆည်းရရှိသော လက်နက်များ။ ဓာတ်ပုံ – SOG၊SOF)

ကရင်အမျိုးသားအစည်းအရုံး(KNU) ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်၊ ကျိုက်ဒုံမြို့ အခြေစိုက် ကျိုက်ဒုံဗျူဟာကုန်းအား ပြီးခဲ့သည့် မတ်လ ၁၄ရက်တွင် အပြီးသတ် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။ အဆိုပါ ဗျူဟာကုန်းစခန်းသိမ်းတိုက်ပွဲတွင် ဗျူဟာမှူး ဗိုလ်မှူးကြီး အောင်ကျော်စိုး နှင့် အရာရှိကြီး ၁၂ဦး အပါအဝင် ၆၆ဦး လက်နက်ချ အညံ့ခံသည်။ ထို့အပြင် စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးကာ လေးဦး ဒဏ်ရာရခဲ့သည်။

ထို့ကြောင့် ကျိုက်ဒုံမြို့၌ နောက်ဆုံးလက်ကျန်ဖြစ်သော ဖူ့ချိမူတပ်စခန်းအား KNLAနှင့် ပူးပေါင်းတပ်များက မတ်လ ၁၄ရက်နောက်ပိုင်းကစ၍ ပိတ်ဆို့ထားရာ မေလ ၁၇ရက်တွင် စတင်တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင်ရပ်ကွက်ရှိရွှေတချောင်းမြောင်းမှာဦးခေါင်းဒဏ်ရာတွေရပြီးသေဆုံးနေတဲ့အမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းကိုမနေ့ ( စက်တင်ဘာလ ၁ ရက် ) မနက်ပိုင်းက တွေ့ရှိခဲ့တယ်လို့လူမူကူညီရေး လုပ်ကိုင်သူတချို့ဆီက သိရပါတယ်။

နိုင်ငံတကာ

မလေးရှားက လေဆိပ်တစ်ခုကို ဆင်းသက်လာတဲ့ ခရီးသည်တင် လေယာဉ်ရဲ့ ဘီးအိမ်ထဲမှာ အမည်မသိ အလောင်းတစ်လောင်းကို ရှာတွေ့ခဲ့ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။