Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်တွင် မြန်မာ-ထိုင်းနယ်စပ် စစ်စခန်းတစ်ခုမှ စစ်ကောင်စီတပ်သားများ လက်နက်များချန်ခဲ့ပြီး စခန်းစွန့်သွား၍ KNLA/PDF ပူးပေါင်းတပ် အလွယ်တကူ သိမ်းပိုက်

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-KNU တပ်မဟာ (၄) )
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-KNU တပ်မဟာ (၄) )

“လေယာဉ် ပစ်ကူလည်းတောင်းလို့မရဘူး စစ်ကူလည်း တောင်းလို့မရနိုင်တဲ့အချိန်မှာ ….. အခြေအနေမကောင်းတဲ့ အချိန်မှာ သူတို့က ဆုတ်ခွာတာပေါ့” -KNLA တပ်ရင်းမှူး ဒုဗိုလ်မှူးကြီးစောမှူးဂေ

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေ မြန်မာ – ထိုင်းနယ်စပ်ရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်က ယမန်နေ့(ဧပြီ ၂၃) ညပိုင်း၌ သိမ်းပိုက်ခဲ့ရာ လက်နက်မျိုးစုံ ၃၀ကျော်နှင့် ခဲယမ်းကျည်များစွာ သိမ်းရခဲ့သည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-KNU တပ်မဟာ (၄) )
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-KNU တပ်မဟာ (၄) )

ထားဝယ်မြို့နယ် အတွင်း မြန်မာ-ထိုင်းနိုင်ငံနယ်စပ်အနီးရှိ မောထာရွာ စစ်ကောင်စီခြေကုပ်စခန်းကို KNLA က ဧပြီ ၂၃ ရက်ညပိုင်း၌ သိမ်းနိုင်ခဲ့ဟု KNLA တပ်ရင်း(၁၂)၊ တပ်ရင်း(၂၇)၊ PDF ပူးတွဲတပ်၏ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး စောမှူးဂေက အတည်ပြုသည်။ တပ်ရင်း(၁၂)သည် KNLA တပ်မဟာ(၄)မှ ဖြစ်ပြီး တပ်ရင်း(၂၇)သည် တပ်မဟာ(၆)မှ တပ်ရင်းဖြစ်ပြီး ဒုဗိုလ်မှူးကြီး စောမှူးဂေက ကိုင်တွယ်ကာ တပ်မဟာ(၄)နယ်မြေ စစ်ရေးလှုပ်ရှားလျက်ရှိသည်။

Public Service Announcement

Public Service Announcement

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-KNU တပ်မဟာ (၄) )
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-KNU တပ်မဟာ (၄) )

“မနေ့ည ၉နာရီမှာ ပြီးဆုံးသွားတာပေါ့။ကျနော်တို့ဘက်ခြမ်းမှာ ကျဆုံးထိခိုက်ဒဏ်ရာရရှိမှု ဘာမှ မရှိဘူးပေါ့နော်။ ရန်သူဘက်ခြမ်းမှာကတော့ ထိခိုက်ဒဏ်ရာ သေဆုံးမှုတော့ ကျနော်တို့ အတည်ပြုလို့ မရသေးဘူးဗျ။ကျနော်တို့ကတော့ တိုက်နေတဲ့ အချိန် စခန်းရောက်နေတဲ့အချိန် ရန်သူကို မတွေ့လိုက်ရဘူး။သူတို့ကတော့လေယာဉ်ပစ်ကူလည်းတောင်းလို့မရဘူး စစ်ကူလည်း တောင်းလို့မရနိုင်တဲ့ အချိန်မှာ ကျနော်တို့က အင်အားအလုံးအခဲနဲ့ တက်လာနေတဲ့အချိန်မှာ သူတို့ နည်းနည်းပါးပါးပဲ ခံ(ပစ်)ပြီးတော့ အခြေအနေမကောင်းတဲ့ အချိန်မှာ သူတို့က ဆုတ်ခွာတာပေါ့” ဟု ဒုဗိုလ်မှူးကြီးစောမှူးဂေက ပြောသည်။

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-KNU တပ်မဟာ (၄) )
(စစ်​ကောင်စီတပ်ထံမှ သိမ်းဆည်းရရှိ​သော လက်နက်ခဲယမ်းများ ။ဓါတ်ပုံ-KNU တပ်မဟာ (၄) )

KNU ထားဝယ်ခရိုင် တပ်မဟာ(၄)နယ်မြေတွင် ဧပြီ ၁၅ရက်ကလည်း နယ်စပ်စခန်းတစ်ခုအား စွန့်ခွာလာသည့် စစ်ကောင်စီ တပ်ရင်းတစ်ခုကို KNLA/PDF ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၆ဦးသေဆုံးခဲ့ပြီး တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး အောင်ဟိန်း အပါအဝင် ၄၈ဦး လက်နက်ချခဲ့ရာ လက်နက်မျိုးစုံ ၆၇ လက် ကို ပူးပေါင်းတပ်က သိမ်းရခဲ့ဟု KNU ဗဟိုက ထုတ်ပြန်ထားသည်။

လက်နက်ချခဲ့သည့် ခလရ(၁၀၃) မှ တပ်ရင်းမှူးအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၈ ဦးကို နိုင်ငံတကာ လက်နက်ချခြင်းဆိုင်ရာ ဥပဒေနှင့်အညီ ထိန်းသိမ်းစောင့်ရှောက်ထားသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။