Hi, what are you looking for?
ကရင်ပြည်နယ် ၊လေးကေ့ကော်ဒေသကို တပ်မ(၂၂)၊လက်အောက်ခံဗျူဟာသုံးဗျူဟာနဲ့ စစ်သားအင်အား ၁၂၀၀ ကျော်သုံး စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ဟာ တိုက်ပွဲကာလတစ်လအတွင်းမှာ ဒုတပ်ရင်းမှူးတစ်ဦးအပါအဝင်၁၅၀ခန့်သေဆုံးပြီး ၂၀၀ ခန့်ဒဏ်ရာရရှိကာအထိနာနေတယ်လို့ ပူးပေါင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးသူရစောဒါဘောက လူထုနွေဦးကို ပြောကြားပါတယ်။
ရွှေဘိုမြို့နယ်ကစစ်ကောင်စီတပ်ရဲ့ အရေးပါတဲ့ ပျူစောထီးရွာနဲ့ ဗျူဟာ ကုန်း၃ကုန်းကို တော်လှန်ရေး ပူး ပေါင်းတပ် တွေသိမ်းပိုက်ရာမှာဖမ်းမိတဲ့ ဒုတိယတပ်ရင်းမှူး ဗိုလ်မှူးချမ်းလွင်မောင်ကိုစစ်ရာဇဝတ်မှု ကျူးလွန်ထားတာရှိ၊မရှိစစ်ဆေးနေတယ်လို့ PDF ၉၇၀၆တပ်ရင်း(ဒေါင်းနီတပ်ဖွဲ့)တပ်ရင်းမှူး ဗိုလင်္ကျာကပြောပါတယ်။
ပျဉ်းမနား၊သံတောင်ကြီး၊ ရေနီနှင့် ရေတာရှည်မြို့နယ်တို့တွင် စစ်ကောင်စီတပ်နှင့် ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်က သေသုံးထိခိုက်မှုများပြားခဲ့ပြီး ဒုတပ်ရင်းမှူးအဆင့် အရာရှိ အချို့လည်းသေဆုံးခဲ့ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန နေပြည်တော်တိုင်းစစ်ဌာနက ယနေ့(ဧပြီ ၁၃ရက်) ထုတ်ပြန်သည်။