Connect with us

Hi, what are you looking for?

သတင်း

ပြည်သူကိုကျောခိုင်းသွားသည့် အနုပညာရှင်ကို လွမ်းစရာမရှိဟု TNLA ခေါင်းဆောင်မှတ်ချက်ပြု

ပြည်သူကိုဂရုမစိုက်သည့်ပုံစံဖြင့် ပြည်သူများ ၏ သပိတ်မှောက်ခြင်း လုပ်ရပ်အား လှောင်ပြောင်ခဲ့သည့် လေးဖြူကို ယခင်အမာခံပရိတ်သတ်များကပါ ပြင်းထန်စွာဝေဖန်ခဲ့ကြခြင်းအပြင် တော်လှန် အနုပညာရှင်များကပါ လေးဖြူ၏ လုပ်ရပ်ကို ရှုတ်ချခဲ့ကြသည်။

ပြည်သူကိုကျောခိုင်းသွားသည့် အနုပညာရှင်ကို လွမ်းစရာမရှိဟု TNLA ခေါင်းဆောင်မှတ်ချက်ပြု
ပြည်သူကိုကျောခိုင်းသွားသည့် အနုပညာရှင်ကို လွမ်းစရာမရှိဟု TNLA ခေါင်းဆောင်မှတ်ချက်ပြု

“ပြည်သူအတွက်အသက်ပေးသွားတဲ့ သူတယောက်ထက် ပြည်သူကို ကျောခိုင်းသွားတဲ့ အနုပညာရှင်တယောက်ကပိုပြီး လွမ်းလောက်တယ်လို့ ထင်နေလို့လား” မောင်စိန်ဝင်း(ပုတီးကုန်း)

ထားမြတ်/People’s Spring

ပြည်သူလူထုကို ကျောခိုင်းသည့်သည့် အနုပညာရှင်ကို လွမ်းစရာမရှိကြောင်း တအာင်းတပ်မတော် (TNLA) ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးဖြစ်သည့် ဗိုလ်ချုပ်တားဘုန်းကျော်က ယနေ့(ဇူလိုင် ၅)နံနက်တွင် ၎င်း၏ လူမှုကွန်ရက် တွင် ရေးသားဖော်ပြခဲ့သည်။

ကဗျာဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)ကလည်း ယနေ့ (ဇူလိုင် ၅ရက်)နံနက်အစောတွင် ရေးသားထားသည့် လွမ်းလောက်လို့လား အမည်ရှိကဗျာကို TNLA အထွေထွေအတွင်းရေးမှူးချုပ် ဗိုလ်ချုပ်တားဘုန်းကျော်က ပြန်လည်မျှဝေကာ ယခုကဲ့သို့ ၎င်း၏ သဘောထားကို ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူကိုကျောခိုင်းသွားသည့် အနုပညာရှင်ကို လွမ်းစရာမရှိဟု TNLA ခေါင်းဆောင်မှတ်ချက်ပြု
ပြည်သူကိုကျောခိုင်းသွားသည့် အနုပညာရှင်ကို လွမ်းစရာမရှိဟု TNLA ခေါင်းဆောင်မှတ်ချက်ပြု

“ဆရာ့ကဗျာကြောင့် အလင်းပွင့်ရပါတယ်။ တကယ်မလွမ်းလောက်တော့ပါ။ ငယ်ငယ်ကတည်းက လည်ချောင်းကွဲမတက် အော်ခဲ့တာကို နှမျော”ဟု ဗိုလ်ချုပ်တားဘုန်းကျော်က ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အဆိုတောလေးဖြူက နေပြည်တော်၌ ပြုလုပ်ခဲ့သည့် ဖျော်ဖြေပွဲ၌ BCကို ဘာလဲ A to Z ကိုပင် နားမလည်ကြောင်း ပြည်သူလူထုများ၏ စစ်အာဏာရှင်၊ စစ်အာဏာရှင်နှင့် ပူးပေါင်းသူများကို သပိတ်မှောက်သည့် Boycott ပြုလုပ်ခြင်းအပေါ် လှောင်ပြောင်ပြောဆိုခဲ့သည်။

ကဗျာဆရာ မောင်စိန်ဝင်း(ပုတီးကုန်း)က ယနေ့ ဖော်ပြခဲ့သည့် လွမ်းလောက်လို့လား ကဗျာတွင် “ပြည်သူအတွက်အသက်ပေးသွားတဲ့သူ တယောက်ထက် ပြည်သူကိုကျောခိုင်းသွားတဲ့ အနုပညာရှင်တယောက်က ပိုပြီးလွမ်းလောက် တယ်လို့ထင်နေလို့လား”ဟု ရေးသားထားသည်။

ဆက်လက်၍ “အားလုံးကသမိုင်းကိုယ်စီနဲ့ပဲလေ…လွမ်းနေရရုံမက ကြေကွဲတသနေစရာတွေ…နာကျည်းဖောက်ထုတ်ပစ် ရန်သူစစ်စစ်လို့စည်းခြားရမည့်အရာတွေ… ခေတ်ရဲ့သယံဇာတတွေပဲပေါ့”ဟုလည်း ဆက်လက်ရေးသားခဲ့သည်။

ပြည်သူကိုဂရုမစိုက်သည့်ပုံစံဖြင့် ပြည်သူများ ၏ သပိတ်မှောက်ခြင်း လုပ်ရပ်အား လှောင်ပြောင်ခဲ့သည့် လေးဖြူကို ယခင်အမာခံပရိတ်သတ်များကပါ ပြင်းထန်စွာဝေဖန်ခဲ့ကြခြင်းအပြင် တော်လှန် အနုပညာရှင်များကပါ လေးဖြူ၏ လုပ်ရပ်ကို ရှုတ်ချခဲ့ကြသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကမ္ဘာ့ဖလား ပြိုင်ပွဲကြီးရဲ့ ဖွင့်ပွဲ အခမ်းအနားမှာ ဖျော်ဖြေခွင့်ရတဲ့ ပထမဆုံး အရှေ့တောင်အာရှ အနုပညာရှင်အဖြစ် ထိုင်းအဆိုတော်မလေး လီဆာက မှတ်တမ်းသစ် ရေးထိုးနိုင်ခဲ့ပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA)ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့က ကောင်းတပ်ကျေးရွာပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးကော်မတီရဲ့ အလှူခံဌာနကို ဇွန်လ ၁၅ရက်မှာ ပိတ်သိမ်းရပ်ဆိုင်းသွားမှာ ဖြစ်ကြောင်း ကော်မတီက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး အလှူရှင်ပြည်သူတွေအနေနဲ့ ပါဝင်လှူဒါန်းလိုရင် မပိတ်သိမ်းမီ အပြီးသတ် ပါဝင်လှူဒါန်းပေးဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

သတင်း

တအာင်းတပ်မတော်(TNLA) ထိန်းချုပ်ထားတဲ့ နမ့်ခမ်းမြို့ ကောင်းတပ်ရပ်ကွက် ပေါက်ကွဲမှု ဘေးသင့်ပြည်သူတွေ ပြန်လည်ထူထောင်ရေးအတွက် အာရက္ခတပ်တော်(AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ ၀ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA) လားရှိုးဆက်ဆံရေးရုံးတို့က အလှူငွေတွေ ပေးအပ်ခဲ့ကြောင်း ကောင်းတပ်ရွာ ပြန်လည်ထူထောင်ရေးကော်မတီက ထုတ်ပြန်ထားပါတယ်။