Connect with us

Hi, what are you looking for?

သတင်း

TNLAအပါအဝင် မဟာမိတ်တပ်များအား ထိပါးနှောင့်ယှက်ရန် အမိန့်ပေးထားခြင်းမရှိဟု SSPP ရှင်းလင်း

TNLAနှင့် SSPP တို့သည် ဇူလိုင်ပထမပတ်တွင် ကျောက်မဲမြို့နယ် နောင်ပိန် နှင့် သီပေါမြို့နယ်တို့၌ တိုက်ပွဲဖြစ်ခဲ့ပြီး TNLA ဘက်က စစ်ဦးစီးမှူး၊ တပ်ရင်းမှူး ၂ဦး အပါအဝင် ကျဆုံးထိခိုက်မှုများ ရှိခဲ့သည်။

(ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)မှ ရဲဘော်များစစ်ရေးသရုပ်ပြနေစဉ်။ ဓာတ်ပုံ - SSPP)
(ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)မှ ရဲဘော်များစစ်ရေးသရုပ်ပြနေစဉ်။ ဓာတ်ပုံ - SSPP)

ဟန်နွေ/People’s Spring

ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP/SSA)၏ ဗဟို ခေါင်းဆောင်များအနေဖြင့် မဟာမိတ် တပ်ဖွဲ့များအား ထိပါး နှောင့်ယှက်ရန် အမိန့် ပေးစေခိုင်းထားခြင်းမရှိကြောင်း SSPPက ပြန်လည်ထုတ်ပြန်ရှင်းလင်းသည်။

SSPP ဗဟို ခေါင်းဆောင်အချို့၏ ရည်ရွယ်ချက်ရှိရှိပေးသည့် အမိန့်အတိုင်း အောက်ခြေတပ်ဖွဲ့ဝင်များ၏ နှောင့်ယှက်မှု အမျိုးမျိုး ဆက်တိုက်ကျူးလွန်နေသည်ဟု TNLAက ထုတ်ပြန်ထားခြင်းအပေါ် ပြန်လည် ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

TNLAနှင့် SSPP တို့သည် ဇူလိုင်ပထမပတ်တွင် ကျောက်မဲမြို့နယ် နောင်ပိန် နှင့် သီပေါမြို့နယ်တို့၌ တိုက်ပွဲဖြစ်ခဲ့ပြီး TNLA ဘက်က စစ်ဦးစီးမှူး၊ တပ်ရင်းမှူး ၂ဦး အပါအဝင် ကျဆုံးထိခိုက်မှုများ ရှိခဲ့သည်။

Public Service Announcement

Public Service Announcement

နောင်ပိန်ရွာ၌ ဇူလိုင် ၅ရက်က ဖြစ်ခဲ့သည့် ဖြစ်စဉ်တွင် SSPP/SSA တပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ခြင်းခံရပြီး ထင်မှတ်မထားဘဲ ရက်ရက်စက်စက် ပစ်သတ်ခြင်းခံခဲ့ရကြောင်း၊ TNLA စစ်ဦးစီးမှူး၏ နာမည်ပြောဆိုသံကြားရပြီးနောက် ဒီနာမည်နှင့် လူဆို အပြတ်ရှင်းပစ်ဟူ၍ စကားပြောစက်မှ အမိန့်ပေးပြီးနောက် စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းခံခဲ့ရကြောင်း TNLA အရာရှိများ ကျဆုံးခဲ့ရသည့် ဖြစ်စဉ်ကို TNLAက ထုတ်ပြန်အသိပေးထားသည်။

ထို့ပြင် TNLAက ဇွန်လ ၂၅ရက်မှစတင်၍ ထိုးစစ်ဆင်နေသည့် ၁၀၂၇ စစ်ဆင်ရေးအပိုင်း(၂)တွင် ကျောက်မဲနှင့် သီပေါမြို့၌ စစ်ကောင်စီတပ်စခန်းများ မကျဆုံးမီ SSPP တပ်ထံ လွှဲပြောင်းပေးခြင်း၊ SSPP တပ်ဖွဲ့များက စကစ တပ်ဖွဲ့များကို သယ်ယူပို့ဆောင်ပေးခြင်း၊ လမ်းကြောင်း ထွက်ပေါက်ဖွင့်ပေးခြင်းများ ပြုလုပ်ပေးခဲ့ကြောင်းလည်း TNLAက ထုတ်ပြန်ခဲ့သည်။

အဆိုပါ ထုတ်ပြန်ချက်များသည် စွပ်စွဲချက်များသာ ဖြစ်ကြောင်း SSPPက ထုတ်ပြန်ခဲ့ပြီး ကလေးကလားဆန်သည့် စွပ်စွဲချက်များ သာဖြစ်ကြောင်း ဖော်ပြသည်။

ဇူလိုင် ၅ရက်တွင် TNLAနှင့် SSPP တိုက်ပွဲ ၄နေရာ ဖြစ်ပွားခဲ့ရာ အဆိုပါ လေးနေရာစလုံးတွင် TNLAတပ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ် တိုက်ခိုက် ခဲ့ခြင်းသာဖြစ်ပြီး SSPPက ပြန်လည် ခုခံ တိုက်ခိုက်ခဲ့ရသော တိုက်ပွဲများသာဖြစ်ကြောင်း SSPPက ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဉ်များကို ဖော်ပြခဲ့ရာ ဇူလိုင် ၅ရက်တွင် ကျောက်မဲမြို့နယ် နောင်ပိန်ရွာရှိ SSPP ကင်းစခန်းတိုက်ပွဲ၊ လုပ်ပါရွာ လမ်းခွဲ ရထားသံလမ်းဘေးရှိ ကင်းစခန်း၊ သီပေါမြို့နယ် ကြံခင်းရွာအနီး ရှိ SSPPတပ်ဖွဲ့၊ သီပေါမြို့နယ် နားခဲရွာလမ်းခွဲရှိ ကင်းစောင့်နေသည့် ရဲဘော်များ အား TNLAက ပစ်ခတ်လာ၍ မလွှဲမရှောင်သာ ပြန်လည်ခုခံခဲ့ရသည်ဟု အသိပေးထားသည်။

TNLAနှင့် SSPP တို့အကြား ပြဿနာများကို ၀တပ်ဖွဲ့(UWSA )ဦးဆောင်သည့် ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC)အား စိစစ်ထိန်းသိမ်းပေးရန် တင်ပြတောင်းဆိုထားထားပြီးဖြစ်ကြောင်းလည်း SSPPက ထုတ်ပြန်ခဲ့သည်။

TNLA ဘက်ကလည်း လတ်တလော ပြဿနာများကို FPNCCက ကြားဝင်ထိန်းကြောင်း ညှိနှိုင်းပေးရန် တောင်းဆိုထားသည်။

TNLAနှင့် SSPP တို့သည် FPNCC အဖွဲ့ဝင် အဖွဲ့အစည်းများဖြစ်ပြီး ယခင်က အတူတကွ စစ်ရေးပူးပေါင်းဆောင်ရွက်မှုများ ရှိခဲ့သည်။သို့ရာတွင် ၂၀၂၃ နှစ်ကုန်ပိုင်းနှင့် ၂၀၂၄ ခုနှစ်အတွင်း မဟာမိတ်အချင်းချင်းအကြား ပြဿနာအချို့ဖြစ်ပွားခဲ့ပြီး ယခုလတွင် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

အတွေးအမြင်

“ကြောက်ရွံ့ကျိုးနွံနှင့် ဆုံးမသွန်သင်နည်းလမ်းများကို ပိုမို လုပ်ဆောင်မည်”

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။