Connect with us

Hi, what are you looking for?

သတင်း

ရိုးမဘဏ် ဥက္ကဋ္ဌဦးသိမ်း​ဝေ စစ်ဆေးခံနေရကြောင်း သတင်း​တွေထွက်​ပေါ်လာပြီး​နောက် Yoma Strategic Holdings ရှယ်ယာ တန်ဖိုးတွေကျဆင်း

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ အစုအဖွဲ့ တစ်ခုအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အာဏာပိုင်တွေနဲ့ အခါအားလျော်စွာ တွေ့ဆုံတာ ပုံမှန်သာ ဖြစ်တယ်လို့လည်း Yomaက ဖြေရှင်းချက် ပေးထားပါတယ်။

(ရိုးမဘဏ်ပိုင်ရှင် ဦးသိမ်း​ဝေ ။ ဓါတ်ပုံ-File Photo)
(ရိုးမဘဏ်ပိုင်ရှင် ဦးသိမ်း​ဝေ ။ ဓါတ်ပုံ-File Photo)

စင်ကာပူ အခြေစိုက် Yoma Strategic Holdings ကုမ္ပဏီရဲ့ မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းခွဲဟာ Yomaဘဏ် သူဌေးကို မြန်မာ အာဏာပိုင်တွေ စစ်ဆေးနေတယ်ဆိုတဲ့ သတင်း​တွေထွက်​ပေါ်ခဲ့ပြီး​နောက် ရှယ်ယာတန်ဖိုး ကျဆင်းမှုတွေနဲ့ ကြုံနေရပါတယ်။

Myanmar Now သတင်းဌာနက Yomaဘဏ်နဲ့ FMI အိမ်ခြံမြေ လုပ်ငန်းရှင် သူဌေးကြီး ဦးသိမ်းဝေ (ခေါ်) ဆာဂျ်ပန်းကို နေပြည်တော်မှာ မြန်မာ စစ်အာဏာပိုင်တွေက သီတင်းပတ် အတော်များများ ကြာတဲ့ထိ ခေါ်ယူ စစ်ဆေးနေပြီး နေရပ်ပြန်ခွင့် မပေးသေးဘူးလို့ ဇူလိုင် ၉ ရက်နေ့မှာ ဖော်ပြခဲ့ပါတယ်။ အဲဒီနောက် စင်ကာပူမှာ Yomaရဲ့ ရှယ်ယာတွေဟာ ၂၀ ရာခိုင်နှုန်းကျော်လောက် တန်ဖိုးကျဆင်းတာနဲ့ ကြုံခဲ့ရပါတယ်။

ကုမ္ပဏီရဲ့ အမှုဆောင် ဥက္ကဋ္ဌဖြစ်သူ ဦးသိမ်းဝေ ကို တိတိကျကျ စွဲချက်တင်ထားတာတော့ မရှိဘူးလို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။ ပွန်ဟာ ဗဟိုဘဏ် အရာရှိတွေ အပါအဝင် အာဏာပိုင်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီး ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနေတယ်လို့ Yoma ကုမ္ပဏီက ဆိုပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်နေတဲ့ အစုအဖွဲ့ တစ်ခုအနေနဲ့ သက်ဆိုင်ရာ ဝန်ကြီးဌာနတွေ၊ အာဏာပိုင်တွေနဲ့ အခါအားလျော်စွာ တွေ့ဆုံတာ ပုံမှန်သာ ဖြစ်တယ်လို့လည်း Yomaက ဖြေရှင်းချက် ပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဦးသိမ်းဝေဟာ ဘဏ်လုပ်ငန်းဆိုင်ရာ စည်းမျဉ်းချိုးဖောက်ကြောင်း စွပ်စွဲမှုတွေအတွက် စစ်ဆေးခံနေရတာလို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ ကုမ္ပဏီက အမှုဆောင် ဥက္ကဋ္ဌရဲ့ လက်ရှိ အခြေအနေကို ဝန်ခံ အတည်ပြုလိုက်တဲ့နောက် Yoma ရှယ်ယာတွေ တန်ဖိုးကျဆင်းကုန်တာ ဖြစ်ပါတယ်။

အာဏာသိမ်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိကတော့ အခုသတင်းတွေနဲ့ ပတ်သက်လို့ Reuters သတင်းဌာန ရဲ့ ဆက်သွယ် မေးမြန်းမှုအပေါ် အကြောင်းပြန်တာမျိုး မရှိပါဘူး။

ဦးသိမ်း​ဝေ ရိုးမ ဘဏ်ဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး စီးပွားရေးဘဏ်တွေ စာရင်းမှာ ပါဝင်နေပါတယ်။ အခုအခါမှာတော့ တခြားသော ပုဂ္ဂလိက ဘဏ် ၆ ခုနဲ့အတူ အိမ်ခြံမြေ ချေးငွေ စည်းမျဉ်းတွေကို ချိုးဖောက်မှုကြောင့် စစ်ဆေးမှုတွေ ခံယူရတယ် အစိုးရပိုင် သတင်းစာတွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖော်ပြခဲ့ပါတယ်။

ဦးသိမ်းဝေ ဟာ လက်ရှိအချိန်မှာ Yomaဘဏ်ရဲ့ အမှုဆောင် ဥက္ကဋ္ဌ တာဝန်ကို ရယူထားပြီး အဲဒီဘဏ်ဟာ ရန်ကုန် အခြေစိုက် First Myanmar ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစုရဲ့ အစိတ်အပိုင်း အနေနဲ့ ရပ်တည်နေပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

‌စစ်‌ကောင်စီထံ ဗိုလ်နဂါး လက်နက်ချပူးပေါင်းသွားပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နဲ့ ပကဖတွေ ထိန်းသိမ်းထားတဲ့ BNRAအဖွဲ့ဝင်တွေထဲက ထိပ်ပိုင်းတာဝန်ရှိသူ ၅ဦးကို ယင်းမာပင်ခရိုင် ပကဖနဲ့ အမှတ်(၁)စစ်ဒေသက စစ်ဆေးနေပါတယ်။

သတင်း

ငလျင်ကြီးအပြီး တစ်လကျော်အကြာ မန္တလေးမြို့မှာ ယာဉ်စစ်ဆေးတာတွေကို ပြန်လည်စတင်လာတယ်လို့ မြို့ခံတွေဆီကသိရပါတယ်။

သတင်း

ကဖေး/People’s Spring စစ်ရေးအခြေအနေသတိပေးထားသည့် ပုသိမ် – မုံရွာကားလမ်းပိုင်း အသုံးပြုသည့် ယာဉ်များအား အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရှောင်တခင် စစ်ဆေးမှုပြုလုပ်ခဲ့သည်။ အထက်မင်းလှမြို့နယ်ကို ဖြတ်သန်းသွားသည့် ပုသိမ်-မုံရွာကားလမ်းပိုင်းတွင် ဇန်နဝါရီ ၁၂ရက်က စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် လုံခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းစဥ်များအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအား အထူးကျေးဇူးတင်ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က...

သတင်း

ပျက်ကျသည့် ဒရုန်းကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သော်လည်း ယင်းနေရာတွင် စစ်ကောင်စီတပ်သားများက စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေ၍ ကြိုးပမ်းမှုကို လက်လျော့ခဲ့ရကြောင်း ရန်ကုန်သူပုန်အဖွဲ့က ဆိုသည်။