Connect with us

Hi, what are you looking for?

သတင်း

မင်္ဂလာဒုံမြို့စစ်ဆေးတက္ကသိုလ် နားနေဆောင်ကို ရန်ကုန်သူပုန်အဖွဲ့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

ပျက်ကျသည့် ဒရုန်းကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သော်လည်း ယင်းနေရာတွင် စစ်ကောင်စီတပ်သားများက စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေ၍ ကြိုးပမ်းမှုကို လက်လျော့ခဲ့ရကြောင်း ရန်ကုန်သူပုန်အဖွဲ့က ဆိုသည်။

မင်္ဂလာဒုံမြို့စစ်ဆေးတက္ကသိုလ် နားနေဆောင်ကို ရန်ကုန်သူပုန်အဖွဲ့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်
မင်္ဂလာဒုံမြို့စစ်ဆေးတက္ကသိုလ် နားနေဆောင်ကို ရန်ကုန်သူပုန်အဖွဲ့ ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်

သုည/People’s Spring

ရန်ကုန်မြို့၊ မင်္ဂလာဒုံမြို့နယ်ရှိ စစ်ကောင်စီ​၏ ဆေးတက္ကသိုလ်ဝင်း (၅)ထပ်အိပ်ဆောင် နားနေဆောင်ကို ယနေ့ (ဒီဇင်ဘာ ၁၇) နံနက် ၄နာရီကျော်တွင် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ရန်ကုန်သူပုန်အဖွဲ့က အသိပေးထုတ်ပြန်သည်။

တိုက်ခိုက်မှုအတွင်း ဒရုန်း ၂စင်းဖြင့် တိုက်ခိုက်ခဲ့ပြီး တစ်စင်းမှာ ပစ်မှတ်ဧရိယာသို့ ရောက်ရှိခဲ့၍ အောင်မြင်ခဲ့သော်လည်း ကျန်တစ်စင်းမှာ စက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် ပျက်ကျခဲ့ကြောင်း အသိပေးသည်။

ပျက်ကျသည့် ဒရုန်းကို ပြန်လည်ရယူရန် ကြိုးပမ်းခဲ့သော်လည်း ယင်းနေရာတွင် စစ်ကောင်စီတပ်သားများက စစ်ဆေးရှာဖွေမှုများ ပြုလုပ်နေ၍ ကြိုးပမ်းမှုကို လက်လျော့ခဲ့ရကြောင်း ရန်ကုန်သူပုန်အဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

“မနက်က အစောပိုင်း မင်္ဂလာဒုံဘက်မှာ ဗုံးပေါက်တယ်လို့တော့ ကြားတယ်။ အသံတော့ ကျွန်တော်တို့ဘက်က သေချာမကြားလိုက်ရဘူး။ ဒါပေမယ့် ဗုံးပေါက်လို့ဆိုပြီး မနက်က ခရေပင်လမ်းခွဲဘက်၊ အောင်ဆန်းသူရိယလှသောင်းကျောင်းနားတွေမှာ စစ်ကားတွေတောက်လျှောက် ပတ်နေတာ တွေ့ခဲ့တယ်။ ခုတင် ၁၀၀၀ ဆေးရုံနားကနေ စပြီး လမ်းထိပ်တိုင်းမှာ စစ်သားတွေ ကင်းပုန်းဝတ်နေတာလည်း တွေ့ခဲ့ပါတယ်”ဟု မင်္ဂလာဒုံမြို့နယ်နေ ပြည်သူတစ်ဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ပထမဆုံးအဆင့်မှီ Door to Door Delivery Serviceဖြင့် စစ်ဆေးတက္ကသိုလ်နားနေဆောင်သို့ ဖျက်အားပြင်းမိုင်းတစ်လုံး ပို့ဆောင်ခဲ့ကြောင်းနှင့် နှစ်သစ် လက်ဆောင်များကို စခ၊ရခများသို့ ဆက်လက် ပို့ဆောင်သွားမည်ဖြစ်ဟု ရန်ကုန်သူပုန်က ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)မှ စစ်ပွဲများအတွင်း ဖမ်းဆီးထားပြီး မကြာမီပြန်လွှတ်ပေးရန်ပြင်ဆင်ထားသည့် စစ်သုံ့ပန်းများနှင့် ၎င်းတို့၏ မိသားစုဝင်များထားရှိရာနေရာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့်အမျိုးသမီးအပါအဝင် စုစုပေါင်း ၂၈ဦး သေဆုံးခဲ့ပြီး ၂၅ ဦးဒဏ်ရာရရှိခဲ့သည်ဟု AAက ယနေ့ (ဇန်နဝါရီ ၁၉ရက်) သတင်းထုတ်ပြန်သည်။

နိုင်ငံတကာ

စစ်ရေးဆိုင်ရာ ထိလွယ်ရှလွယ် နေရာတွေကို ချဉ်းကပ် ပျံသန်းလာတဲ့ ဒရုန်းတွေကို ဂျာမနီ စစ်တပ်က ပစ်ချခွင့်ပေးဖို့ အစိုးရက စီစဉ်နေကြောင်း သိရပါတယ်။

သတင်း

ကဖေး/People’s Spring စစ်ရေးအခြေအနေသတိပေးထားသည့် ပုသိမ် – မုံရွာကားလမ်းပိုင်း အသုံးပြုသည့် ယာဉ်များအား အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ရှောင်တခင် စစ်ဆေးမှုပြုလုပ်ခဲ့သည်။ အထက်မင်းလှမြို့နယ်ကို ဖြတ်သန်းသွားသည့် ပုသိမ်-မုံရွာကားလမ်းပိုင်းတွင် ဇန်နဝါရီ ၁၂ရက်က စစ်ဆေးခဲ့ခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် လုံခြုံရေးနှင့် စစ်ဆေးရေးလုပ်ငန်းစဥ်များအား တက်ကြွစွာ ပူးပေါင်းဆောင်ရွက်ခဲ့မှုအား အထူးကျေးဇူးတင်ကြောင်း အထက်မင်းလှမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က...

သတင်း

နိုဝင်ဘာ ၁၁ ရက်က လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံအမျိုးသား ၁၆ ဦး၊အမျိုးသမီး လေးဦး သေဆုံးပြီး ၁၃ ဦး ဒဏ်ရာရခဲ့ကြောင်း TNLAက သတင်းထုတ်ပြန်ထားသည်။