Connect with us

Hi, what are you looking for?

သတင်း

ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း တိုက်ပွဲဝင်ရင်း ကျဆုံးခဲ့သည့် အာဇာနည်သူရဲကောင်း ၁၈ ဦးရှိဟု SOF အသိပေး

ပြည်သူ့ခုခံတွန်းလှန်စစ် စတင်သည့်အချိန်မှစ၍ နွေဦးတော်လှန်ရေး (၃)နှစ်တာကာလအတွင်း စစ် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးနှင့် တိုင်းပြည်နှင့် ပြည်သူ လူထု အတွက်မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ကြသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၏ တပ်ဖွဲ့ဝင် ရဲဘော်များအား အသက်စွန့်အာဇာနည် ဆုတံဆိပ် ဂုဏ်ပြုချီးမြှင့်လိုက်ကြောင်း SOFကထုတ်ပြန်သည်။

ကျဆုံးရဲဘော်များအား အသက်စွန့်အာဇာနည်ဆုတံဆိပ် ချီးမြှင့်

ထားမြတ်/People’s Spring

ပြည်သူ့ခုခံတွန်းလှန်စစ် စတင်သည့်အချိန်မှစ၍ နွေဦးတော်လှန်ရေး (၃)နှစ်တာကာလအတွင်း စစ် အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ပေါ်ထွန်းရေးနှင့် တိုင်းပြည်နှင့် ပြည်သူ လူထု အတွက်မြင့်မြတ်စွာအသက်ပေးလှူသွားခဲ့ကြသော အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOF၏ တပ်ဖွဲ့ဝင် ရဲဘော်များအား အသက်စွန့်အာဇာနည် ဆုတံဆိပ် ဂုဏ်ပြုချီးမြှင့်လိုက်ကြောင်း SOFကထုတ်ပြန်သည်။

အထူးစစ်ဆင်ရေးတပ်ဖွဲ့ – SOFတွင် တိုက်ပွဲဝင်ရင်း အသက်ပေးဆပ်ခဲ့ကြသူ အာဇာနည်သူရဲကောင်း (၁၈) ဦးရှိခဲ့ကြောင်း အသိပေးထားပြီး ယင်းအနက်လေးဦးမှာ ရန်ကုန်မြို့ပြစစ်ဆင်ရေးအတွင်း ကျဆုံးခဲ့ပြီး ကျန် ၁၄ဦးမှာ ကျေးလက်စစ်ဆင်ရေး စခန်းသိမ်းတိုက်ပွဲများအတွင်း ကျဆုံးခဲ့ရဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ကျဆုံးခဲ့သော အာဇာနည်သူရဲကောင်းများအား ကာကွယ်ရေးဝန်ကြီးဌာန ၊ ဝန်ကြီးဦးရည်မွန်မှလည်း ဦးညွှတ်ဂုဏ်ပြုလွှာများချီးမြှင့် ပေးခဲ့ဟုလည်း ထုတ်ပြန်သည်။

” ကျဆုံးခဲ့သော SOFအာဇာနည်သူရဲကောင်းများအား ထာဝရအမှတ်ရလေးစားလျှက် (၇၇)နှစ်မြောက်အာဇာနည်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင်ကျဆုံးခဲ့သော အာဇာနည်ပုဂ္ဂိုလ်ကြီးများနှင့်အတူ အထူးပဲ ဦးညွှတ်အလေးပြုလိုက်ပါသည်”ဟု SOFက ဖော်ပြထားသည်။

ရဲဘော်မိသားစုဝင်၏ သဘောဆန္ဒအရ ဂုဏ်ပြုမှတ်ပုံတချို့အား ထုတ်ပြန်မှုမပြုပဲ သိမ်းဆည်းမှတ်တမ်းတင်ထားသည်ဟုလည်း အသိပေးသည်။

SOFတပ်ဖွဲ့သည် လက်ရှိတွင် ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်ဖွဲ့များ၊ အခြားတော်လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး ကရင်ဒေသ အထူးသဖြင့် KNU တပ်မဟာ(၆) နယ်မြေအတွင်း စစ်ကောင်စီတပ်များကို တိုက်ခိုက်လျက်ရှိပြီး အောင်ပွဲများရရှိထားသည်။

ဆက်စပ်သတင်းများ

သတင်း

အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ဖွဲ့စည်းတည်ထောင်ခြင်း (၅) နှစ်ပြည့်အခမ်းအနားကျင်းပခဲ့ကြောင်း SOFက ဒီကနေ့ ထုတ်ပြန်ခဲ့ပြီး ပြည်သူ့ဘက်ရပ်တည်ပြီး ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ SOF တပ်ဖွဲ့မှူး ရဲဘော်အောင်စံရှားက ပြောပါတယ်။

အတွေးအမြင်

(စစ်အုပ်စု၏ လတ်တလောအောင်မြင်မှုများသည် အပြီးသတ်အောင်ပွဲမဟုတ်သေး)

သတင်း

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ ပြင်ပမှ ရန်သူ့အန္တရာယ်အပြင် တော်လှန်ရေးအတွင်းက အကျင့်ပျက်ခြစားမှုတွေနဲ့ပါ ဖြတ်သန်းနေရပြီး နှစ်မျိုးလုံးကို ထိန်းချုပ်နိုင်မယ့် “စနစ်ယန္တရား” တစ်ခုကို တည်ဆောက်လျက်ကြောင်း PDF တပ်မတော် စစ်ရုံးချုပ်၊ ဒုတိယ စစ်ဦးစီးအရာရှိချုပ် ဒေါက်တာစိုးသူရဇော်က တောမီးနဲ့ ဖွဲမီးကို ဥပမာပေးကာ ပြောကြားလိုက်ပါတယ်။