Connect with us

Hi, what are you looking for?

သတင်း

နွေဦးတော်လှန်ရေးအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်ဖို့ AAနဲ့ ချင်းတပ်CPU/CPAတို့ တွေ့ဆုံ

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - CPU/CPA

ဧပြီ-၂၀၊၂၀၂၆/People’s Spring

လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှုအခြေအနေတွေအပါအဝင် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် ချင်းရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(AA)ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော်က ဒီကနေ့ ဧပြီ ၂၀ရက်မှာ ထုတ်ပြန်ပါတယ်။

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ရဲ့ ဖိတ်ကြားမှုနဲ့ ချင်းပြည်သူ့အစည်းအရုံး ဗဟိုအလုပ်အမှုဆောင် ကော်မတီဝင်တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီမှာ အာရက္ခဒေသသို့ သွားရောက်ခဲ့တာလို့ အသိပေးပါတယ်။

အဲဒီတွေ့ဆုံဆွေးနွေးမှုမှာ လက်ရှိနွေဦးတော်လှန်ရေးရဲ့ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတွေနဲ့ ချင်းပြည်သူလူထုနဲ့ အာရက္ခပြည်သူတွေအကြား အိမ်နီးချင်းကောင်းများပီသစွာ ရေရှည် အပြန်အလှန်အကျိုးပြုဖို့တို့အတွက် ဆွေးနွေးတိုင်ပင်ခဲ့ပြီး ရှေ့ဆက်ပူးတွဲလုပ်ဆောင်မယ့် လုပ်ငန်းစဉ်တွေကိုလည်း ချမှတ် နိုင်ခဲ့တယ်လို့ ထပ်မံ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ဟာ ချင်းပြည်သူ့အစည်းအရုံးရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေကို နွေးထွေးလှိုက်လှဲစွာ ကြိုဆိုဧည့်ခံခဲ့ပြီး အာရက္ခဒေသတွင်းရှိ အထင်ကရနေရာတွေကိုလည်း လိုက်လံပြသပို့ဆောင်ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ရက်သတ္တပတ် (၂) ပတ်ခန့် ကြာမြင့်ခဲ့တဲ့ အဲဒီခရီးစဉ်ဟာ ချင်းပြည်သူ့အစည်းရုံး/ ချင်းပြည်သူ့တပ်မတော်အတွက် လေ့လာသင်ယူစရာတွေနဲ့ အလွန်တရာ အကျိုးရှိတဲ့ ခရီးစဉ်ဖြစ်ခဲ့ပြီး ချင်းပြည်သူ့အစည်းအရုံးအနေနဲ့ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်ကို လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိတယ်လို့လည်း ဖော်ပြထားပါတယ်။

ထုတ်ပြန်ထားတဲ့ ဓာတ်ပုံတွေမှာ AAစစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်လည်း တွေ့ဆုံနေတာကို တွေ့ရပါတယ်။

ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ မတူပီနဲ့ ပလက်၀မြို့နယ်တွေက ချင်းဒေသကာကွယ်ရေးတပ်(CDF) လေးဖွဲ့ကို ချင်းပြည်သူ့အစည်းအရုံး/ချင်းပြည်သူ့တပ်မတော် Chin People’s Union/Chin People Army(CPU/CPA) အဖြစ် ပေါင်းစည်းထားတာ ဖြစ်ပါတယ်။

ချင်းညီနောင်အဖွဲ့ဝင်တွေဖြစ်တဲ့ CDF မင်းတပ်၊ CDF ကန်ပက်လက်နဲ့ CDF မတူပီတို့အပြင် ချင်းညီနောင်အဖွဲ့ဝင် မဟုတ်သေးတဲ့ ပလက်၀မြို့နယ်က Daai Regional Council/CDF Daai စတဲ့ တပ်ဖွဲ့ ၄ခုကို CPU/CPA အဖြစ် စုဖွဲ့ခဲ့တာလို့ ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)နဲ့ မဟာမိတ်တွေ စစ်ရေးအရှိန်မြင့်ထားတဲ့ ရခိုင်ပြည်နယ်အစပ်ဧရာဝတီတိုင်း၊မကွေးတိုင်းထဲစစ်မျက်နှာ​တွေက စစ်တပ်ရဲ့ရှေ့တန်းစခန်းတွေကို​တော်လှန်​ရေးတပ်​တွေက ထပ်မံသိမ်းယူနိုင်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ် ပလက်၀မြို့နယ်တို့အတွင်းက ပညာရေးဝန်ထမ်း ဆရာ၊ ဆရာမတွေကို အခုလာမယ့် ပညာသင်နှစ်ကနေစပြီး လစာအနေနဲ့ ထောက်ပံ့ပေးတော့မယ်လို့ အာရက္ခပညာရေးဌာနတာဝန်ရှိသူတွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်မှာ ကျပ်သိန်း ၃၀၀ နီးပါးတန်ဖိုးရှိတဲ့ မူးယစ်ဆေးဝါး Ice တွေနဲ့အတူ သုံးစွဲ၊ ရောင်းချ နေသူသုံးဦးကို ဖမ်းဆီးရမိခဲ့ပြီး မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေတတ်တဲ့ ဆေးဝါးဆိုင်ရာဥပဒေပုဒ်မ သုံးခုနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ အာရက္ခတပ်တော် (AA)ရဲ့ ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်ကတောင်မော်ဦးရေတပ်အနီးဖြစ်တဲ့တိုက်ပွဲမှာအာဏာသိမ်းစစ်တပ်ဘက်က သေဆုံးသူများပြားနေပြီး ဒုဗိုလ်မှူးကြီးတစ်ဦးလည်း AA ရဲ့ စနိုက်ဘာ(လက်​ဖြောင့်​သေနတ်သမားပစ်ခတ်တဲ့ကျည်)ထိမှန်သေဆုံးတယ်လို့ သတင်းရရှိပါတယ်။