Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့တွင် YBS ပေါ် သစ်ပင်လဲကျ

ရွှေဂုံတိုင်လမ်းမပေါ် ငါးထပ်ကြီးမှတ်တိုင်အနီး၌ ဩဂုတ် ၁ရက် နေ့လယ် ၁ နာရီခန့်တွင် YBS -145 ကားပေါ်သို့ သစ်ပင်လဲကျခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မီးသတ်က ဆိုသည်။

ဓာတ်ပုံ - Myanmar Fire Services Department

သတိုး/People’s Spring

ရန်ကုန်မြို့ ဗဟန်းမြို့နယ်၌ YBS ယာဉ်တစ်စီးပေါ် သစ်ပင်လဲကျမှုဖြစ်ုပီး လမ်းပိတ်ဆို့မှု ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က အသိပေးထားသည်။

ရွှေဂုံတိုင်လမ်းမပေါ် ငါးထပ်ကြီးမှတ်တိုင်အနီး၌ ဩဂုတ် ၁ရက် နေ့လယ် ၁ နာရီခန့်တွင် YBS -145 ကားပေါ်သို့ သစ်ပင်လဲကျခဲ့ခြင်းဖြစ်ပြီး လူထိခိုက်ဒဏ်ရာရရှိမှုမရှိကြောင်း မီးသတ်က ဆိုသည်။

Public Service Announcement

Public Service Announcement

သစ်ပင်လဲကျမှုကြောင့် လမ်းပိတ်ဆို့မှုဖြစ်ပေါ်နေရာ ယင်းနေရာသို့ ရှောင်ရှားသွားရန် စမ်းချောင်းမြို့နယ် အရန် မီးသတ်တပ်ဖွဲ့မှ ရဲသူရိန်က ၎င်း၏ဖေ့စ်ဘွတ်ခ်မှလည်း အသိပေးထားသည်။

“ အရေးကြီးသွားလာမည့်သူများ တာမွေနှင့်ရွေဂုံတိုင်ကြားလမ်းမကြီးအား ခေတ္တရှောင်ရှားမောင်းနှင်နိုင်ပါရန်။ရဟန်းရှင်လူမိဘပြည်သူများသွားလာနေတဲ့ လမ်းမကြီးအမြန်ပွင့်ဖို့ အဖွဲ့စုံဖြင့် သစ်ပင်ကြီးအားရှင်းလင်းလျက်ရှိပါတယ်ခင်ဗျာ။” ဟု ရဲသူရိန်က ရေးသားထားသည်။

အဆိုပါလမ်းပိတ်ဆို့မှုကြောင့် ယင်းလမ်းမှ ပြေးဆွဲသည့် YBSယာဉ်များ အခြားလမ်းများမှ ပြောင်းလဲ ပြေး‌‌ဆွဲနေရကြောင်း YBS စီးနင်းသူတစ်ဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ ဗိုလ်ချုပ်အောင်ဆန်းလမ်းမပေါ်မှာရှိတဲ့ ဂျန်းရှင်းစီးတီးဈေးဝယ်စင်တာမှာ ရုရှားစစ်သားလို့ယူဆရတဲ့ အမျိုးသားအများအပြား ဒီက​နေ လာရောက်ဈေးဝယ်တာတွေ့ခဲ့ရတယ်လို့ မျက်မြင်​တွေ့ရှိသူတွေကပြောပါတယ်။

သတင်း

ရန်ကုန်တိုင်းပကဖတိုက်ခိုက်ရေးစစ်ကြောင်း၊ပဲခူးခရိုင်ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းနဲ့ မွန်ပြည်နယ်ပကဖတိုက်ခိုက်ရေးစစ်ကြောင်းကို လက်နက်တပ်ဆင်ပေးခဲ့ကြောင်း အထူးတိုင်းစစ်ဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ အောက်တိုဘာလအတွင်း စစ်ကောင်စီရဲ့ ဖမ်းဆီးခံရသူ ၉၀ကျော်ရှိပြီး ရွေးကောက်ပွဲအပေါ်ဝေဖန်ပြောဆိုမှုဆိုတဲ့ အကြောင်းပြချက်နဲ့ ၉ဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြေပြင်သတင်းတွေဖော်ပြနေတဲ့ Rangoon Scout Network -RSNက ဖော်ပြပါတယ်။

သတင်း

ရန်ကုန်မြို့မှာ ဒီနေ့(နိုဝင်ဘာ၂) မနက်ပိုင်းကတည်း က မိုးများနေတာကြောင့် မြို့နယ်တော်တော်များများမှာ ရေကြီးရေလျှံတာတွေဖြစ်နေပါတယ်။