Connect with us

Hi, what are you looking for?

သတင်း

ရွှေတစ်ကျပ်သား ကျပ် သိန်း ၇၀ ကျော်၊ အ​မေရိကန် ​ဒေါ်လာ​ဈေး ၅,၆၀၀ ကျပ်​ကျော်လာ

ကျပ်​​ငွေတန်ဖိုးကျဆင်းသဖြင့် ရွှေ​ဈေးမှာ ပြည်တွင်း​ဈေးကွက်အတွင်းသမိုင်းတစ်​လျှောက် အမြင့်ဆုံးဖြစ်​လာသည်။ အမြင့်ဆုံး​ဈေးစံချိန်မှာဆက်တိုက်ကျိုး​နေခြင်းဖြစ်သည်။

စောနွေဦး/People’s Spring

ပြည်တွင်းရွှေဈေးကွက်တွင် အခေါက်ရွှေတစ်ကျပ်သားလျင် ယ​နေ့ (သြဂုတ် ၈) ကျပ် သိန်း ၇၀ကျော်အထိ မြင့်တက်လာကြောင်း ပြည်တွင်းဈေးကွက်အတွင်းမှာသိရသည်။

စစ်ကောင်စီတပ် စစ်ရှုံး၍ ​တော်လှန်​ရေတပ်များကမြို့များဆက်တိုက်သိမ်းပိုက်နိုင်ခြင်း ၊ ကျပ်ငွေတန်ဖိုးကျဆင်းနေခြင်းကြောင့် နိုင်ငံခြားငွေဈေးများနှင့် ရွှေဈေးနှုန်းများပါ ယခုကဲ့သို့ဆက်တိုက်မြင့်တက်နေခြင်း ဖြစ်သည်ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကဆိုသည်။

သြဂုတ် ၈ ရက်​နေ ည​နေပိုင်းတွင် အ​ခေါင်​ရွှေ​ဈေးမှာ တစ်ကျပ်သားလျင် ကျပ်၇,၀၂၀,၀၀၀ ထိ ယနေ့ညနေပိုင်းတွင် မြင့်တက်လာခဲ့သည်။

Public Service Announcement

Public Service Announcement

“ဒီဈေးနှုန်းက သမိုင်းတလျှောက်မှာ တက်နှုန်းအမြင့်ဆုံးလိုဆိုရမယ်။ တကယ်တော့ ကျပ်ငွေတန်ဖိုးထိုးကျနေတာလို့ပဲပြောရမယ်”ဟု ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

ပြည်တွင်းရွှေဈေးသည် စစ်တပ်အာဏာမသိမ်းခင်က အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၁၃သိန်းကျော်သာရှိခဲ့ပြီး စစ်တပ်အာဏာသိမ်း ၃ နှစ်ကျော်အတွင်းမှာ ၅ဆကျော်မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

​ငွေ​ကြေး​ဈေးကွက်တွင်လည်း ကျပ်ငွေတန်ဖိုးထိုးကျ​နေပြီ အမေရိကန် တစ်ဒေါ်လာကို ၅၆၀၀ ကျပ် ၊စင်ကာပူတစ်ဒေါ်လာကို ၄၁၀၀ ကျပ် နှင့် ထိုင်းဘဏ်ငွေ တစ်ဘတ်ကို ကျပ် ၁၅၆ ကျပ် အထိ​ဈေး​ပေါက်​နေ​ကြောင်းပြင်ပ ငွေလဲဈေးကွက်အတွင်းမှာ သိရသည်။ ထိုနှုန်းများသည် စစ်တပ်အာဏာသိမ်းထားသည့် ၃ နှစ်အတွင်း ကျပ်​​ငွေတန်ဖိုး ၄ ဆကျော်မြင့်တက်လာခြင်းဖြစ်သည်။

နိုင်ငံခြားငွေဈေးနှင့်ရွှေဈေးမြင့်တက်လာခြင်းကို ဖြေရှင်းရန် စစ်ကောင်စီက ငွေလဲနှုန်းမတည်ငြိမ်အောင် လုပ်ဆောင်သူများဟုဆိုကာ လူပုဂ္ဂိုလ်၉၃ ဦးကို ဩဂုတ် ၁ ရက်က ဖမ်းဆီးအရေးယူခဲ့​သေးသည်။သို့​သော် ​​စစ်​ကောင်စီက ဘက်ဂျက်လို​ငွေအတွက် ကျပ်​ငွေစက္ကူများအများအပြားရိုက်ထုတ်​နေပြီး ကုန်သွယ်​ရေး ၊ရင်းနှီးမြှပ်နှံမှုများကျဆင်းကာ တိုင်းပြည်စီးပွား​ရေးပြိုလဲ​နေခြင်း ၊ စစ်​ရေးပြင်းထန်လာခြင်းစသည်တို့ကြောင့် ကျပ်​​​ငွေစက္ကူအ​ပေါ် ပြည်သူလူထု ယုံကြည်မှု ​လျော့ကျပြီး ဆက်တိုက် ထိုးကျ​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ မျက်နှာပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ သွန်းလောင်း ထုတ်ဝေသွားမယ်လို့ အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန လက်အောက်ခံ ကြေးသွန်းဌာနက ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

လွှတ်တော်ဆီက ခွင့်ပြုချက်ရရင် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ပုံ ရိုက်နှိပ်ထားတဲ့ ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေလာနိုင်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက ပြောပါတယ်။

သတင်း

ပြည်တွင်းမှာ ဒေါ်လာစျေးနဲ့ အတူ နိုင်ငံခြားငွေလဲနှုန်းတွေပါ တပြိုင်တည်း ဈေးတက်နေတယ်လို့ ငွေကြေးစျေးကွက်ကတဆင့် သိရပါတယ်။

သတင်း

ပြည်တွင်း ရွှေစျေးတစ်ကျပ်သား ကျပ်သိန်း ၁၀၀ ကျော်လာပြီလို့ ရွှေအရောင်းအဝယ်လုပ်နေသူတွေက ပြောပါတယ်။ ဒီကနေ့(ဇန်နဝါရီ ၂၀ ရက်)စံ