Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်တွင် YBSယာဉ်များ ကဒ်ဖြတ်မရအောင် စက်ဖြုတ်ထား

စစ်ကောင်စီထောက်တိုင် အေးနေဝင်းမိသားစုပိုင် Omni Focus ယာဉ်လိုင်းမှ YBSယာဉ်များတွင် ကဒ် ဖြင့် ငွေပေးရသည့်စက်များကို ဖြုတ်ထားကြောင်း YBS စီးနင်းသူများက ပြောသည်။

ရောင်နီ /People’s Spring

စစ်ကောင်စီထောက်တိုင် အေးနေဝင်းမိသားစုပိုင် Omni Focus ယာဉ်လိုင်းမှ YBSယာဉ်များတွင် ကဒ် ဖြင့် ငွေပေးရသည့်စက်များကို ဖြုတ်ထားကြောင်း YBS စီးနင်းသူများက ပြောသည်။

“အေးနေဝင်းတို့ပိုင်တဲ့ YBS 56 ဆိုစက်တွေပါဖြုတ်ထားတာ။ ငါးလပိုင်းလောက်ကတည်းက ။ အခုထိလည်း ဒီအတိုင်းပဲ၊ ဖုန်းဆက်တိုင်တော့လည်း အရေးမယူဘူး “ဟု ခရီးသွားတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

Omni Focus ယာဉ်လိုင်းမှပြေးဆွဲသည့် YBS 20 ၊ 82 ၊99 ၊ 56 ၊ 83 ယာဉ်လိုင်းများ၌ YPS ကဒ်ဖြင့် ငွေပေးချေရသည့် စက်များကို ဖြုတ်ထားခြင်းဖြစ်သည်။

ယခုနောက်ပိုင်း၌ အဆိုပါယာဉ်လိုင်းများသာမက အချို့ယာဉ်များတွင် စက်များကိုဖြုတ်ထားခြင်း ၊ စက်ပျက်သည်ဟုဆိုကာ ငွေသားဖြင့်သာငွေပေးချေစေခြင်းတို့ကိုလည်းကြုံရသည်ဟု YBS စီးနင်းသူများက ပြောသည်။

စက်ဖြုတ်ထားသည့်ကိစ္စနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)သို့ ဆက်သွယ်မေးမြန်းရာ ၎င်းတို့မသိရှိကြောင်းနှင့် အချို့စက်များသည် အမှန်တကယ်ပျက်နေခြင်းဖြစ်နိုင်သည်ဟု ပြန်လည်ဖြေကြားသည်။

အာဏာသိမ်းကာလတွင် YBSယာဉ်စီးခ ယခင်ထက် နှစ်ဆ မြင့်လာသောကြောင့် ပုံမှန်နှုန်းဖြင့်သာငွေပေးချေရသည့် YPS ကဒ်များကို ခရီးသွားများက ပိုမိုအသုံးပြုလာခြင်းဖြစ်သည်။

ထို့ကြောင့်ကဒ်နှင့် ကားစီသူများအ‌နေဖြင့် စက်ပျက်သည်ဟုပြောဆိုသည့် YBS ယာဉ်များကို အကြွေမရှိဟု အကြောင်းပြကာ အလကားစီးကြရန် ခရီးသည်တစ်ဦးက တိုက်တွန်းထားသည်။

“ကဒ် နဲ့ကားစီးနေသူ အားလုံးကိုပြောချင်တာစက်ပျက်နေတာတွေ ပိတ်ထားတာတွေဆို ၊ မျက်နာပြောင်တိုက်ပီး အကြွေမပါဘူး ဆိုပီး အလကားသာစီးကြ ၊ဒါကိုယ့်အမှားမဟုတ်ဘူး ၊အဲ့လိုများများလုပ်ပေးမှ ဒီကားသမားတွေ စက်မပျက်အောင် ထားမှာ ၊မဟုတ်ရင် ဒီသောက်ကျင့် ပြောက်မှာမဟုတ်ဘူး” ဟု ခရီးသည်တစ်ဦးကအကြံပြုထားသည်။

အချို့ခရီးသည်များကလည်း YBS ယာဉ်မောင်းများသည် ယခင် မထသ ပုံစံဖြစ်လာကာ မိုက်ကြေးခွဲသည့် ပုံစံများကြုံရကြောင်း ဆိုသည်။

ထို့ပြင် YBS စနစ်၌ ယာဉ်အကူထားခွင့်မရှိကြောင်း တရားဝင်ကြေညာထားသော်လည်း ယာဉ်လိုင်း အချို့သည် ရှေ့ဆုံးခုံ၌ ပိုက်ဆံကောက်သူတစ်ဦးပါသည်ကို တွေ့မြင်ရသည်။

ရန်ကုန်မြို့၌ နေ့စဉ် YBS ယာဉ်လိုင်း ၁၃၁ လိုင်းမှ ယာဉ်အစီးရေ သုံးထောင်ကျော် ပြေးဆွဲနေပြီး နေ့စဉ်ခရီးသွား ၁၄သိန်းခန့် စီးနင်းနေကြောင်း YRTCက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။