Connect with us

Hi, what are you looking for?

သတင်း

ရိုဟင်ဂျာများအပေါ် ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်နေသည့်သံသရာ ကျိုးပျက်ရမည်ဟု ကုလသမဂ္ဂ IIMM ပြော

ရိုဟင်ဂျာပြည်သူများ ၎င်းတို့ နေရပ်မှ စွန့်ခွာထွက်ပြေးခဲ့ရသည်မှာ ခုနစ်နှစ်ပြည့်ပြီဖြစ်

စစ်တပ်က ၂၀၁၇ ခုနှစ်တွင် နယ်​မြေရှင်းလင်း​ရေး​ခေါင်းစဥ်ဖြင့် လူမျိုးတုံးသတ်ဖြတ်မှု​ကြောင့် ​ဘဂ်လား​ဒေရှ်နိုင်ငံဘက်သို့ထွက်​ပြေး​နေရ​သော ရိုဟင်ဂျာများ။ ဓါတ်ပုံ-ရိုက်တာ

ထားအိ/People’s Spring

ရိုဟင်ဂျာ ရှင်းလင်းစစ်ဆင်ရေး ကြောက်မက်ဖွယ်ရာဇ၀တ်မှုများအတွက် မည်သူတစ်ဦးတစ်ယောက်မျှ ပြစ်ဒဏ်ပေးခံရခြင်း မရှိသေးဘဲ ကျူးလွန်သူများ ပြစ်ဒဏ်ကင်းလွတ်နေသည့်သံသရာမှာ ကျိုးပျက်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂ၏ IIMM ယန္တရားက ထုတ်ပြန်သည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့များ၏ ရက်စက်သည့် အကြမ်းဖက်မှုလှိုင်းများကြောင့် သိန်းနှင့်ချီသော ရိုဟင်ဂျာမိန်းမများ၊ ယောက်ျားများနှင့် ကလေးများသည် မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ရှိ ၎င်းတို့၏ နေရပ်မှ စွန့်ခွာထွက်ပြေးခဲ့ရသည်မှာ ယခုသီတင်းပတ်တွင် ခုနစ်နှစ်ပြည့်ပြီဖြစ်သည်။

“အရင်ဖြစ်ပွားခဲ့တဲ့ ရာဇ၀တ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ပေးမှုမလုပ်နိုင်မချင်း ရက်စက် ကြမ်းကြုတ်မှု သံသရာဟာ ဆက်လက်ရှိနေဦးမှာဖြစ်ပါတယ်” ဟု IIMM အကြီးအကဲ Nicholas Koumjian က ပြောသည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား(IIMM)သည် အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်မှုတရားရုံး(ICC)၊ အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)နှင့် အာဂျင်တီးနား နိုင်ငံရှိ ရိုဟင်ဂျာဆိုင်ရာအမှုများကို ဆောင်ရွက်နေသည့် တရားရေးအာဏာပိုင်များထံ အထောက်အထားနှင့် စိစစ်သုံးသပ်မှုများ မျှဝေမှုကို တိုးမြှင့်ဆောင်ရွက်လျက်ရှိပြီး ယနေ့အထိ အထောက်အထား အချက်အလက်နှင့် စိစစ်သုံးသပ်မှုပေါင်း တစ်သန်းကျော်ပါဝင်သည့် ဖိုင်တွဲ (၈၀) ကို မျှဝေပြီးဖြစ်ကြောင်း သိရသည်။

ယခုနှစ်အတွင်း မြန်မာနိုင်ငံတဝန်း။ လက်နက်ကိုင်ပဋိပက္ခ မြင့်တက်လာခဲ့ချိန်တွင် သတ်ဖြတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ မုဒိမ်းမှုနှင့် ရွာများကို မီးရှို့ခြင်း စသည့် ထိတ်လန့်ဖွယ်ရာ သတင်းများနှင့်အတူ ရိုဟင်ဂျာများသည် အထူးထိခိုက်လွယ်သည့် အခြေအနေသို့ ကျရောက်နေကြောင်းနှင့် ယခုလ အစောပိုင်းတွင် အကြမ်းဖက်မှုမှ ထွက်ပြေးလာသည့် ရိုဟင်ဂျာများကို ဒရုန်းဖြင့် တိုက်ခိုက်မှုကြောင့် အရပ် သားအများအပြား သေဆုံးခဲ့ကြောင်း IIMM က ဆိုသည်။

IIMM သည် အထက်ပါရာဇ၀တ်မှုများအတွက် စုံစမ်းစစ်ဆေးမှုအသစ်များကို စတင်ပြီး မည်သူတစ်ဦးတစ်ယောက်နှင့် ဆက်စပ်သည်ဖြစ်စေ ကျူးလွန်သူအားလုံး၏ အထောက်အထားများကို စုဆောင်း လျက်ရှိကြောင်း အသိပေးသည်။

ရိုဟင်ဂျာများသည် ၎င်းတို့ ချစ်ခင်ရသူများနှင့် ပိုင်ဆိုင်မှုများကို ဆုံးရှုံးခဲ့ရပြီး အများအပြားမှာ ကြောက်မက်ဖွယ်ရာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ ခံခဲ့ရကာ အများစုမှာ အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဆက်လက်ခိုလှုံနေကြပြီး ၎င်းတို့၏ နေရပ်သို့ လုံခြုံစွာ ပြန်လာနိုင်မည့်နေ့ကို စောင့်မျှော်နေကြဆဲဖြစ်ကြောင်း IIMM က ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိ အခြေအနေမှာ ရိုဟင်ဂျာတွေကို ပြန်ပို့တာမျိုး လုံးဝ မဖြစ်သင့်သေးကြောင်း APHR သတိပေး

သတင်း

ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဆင်တက်မော်ကျေးရွာကနေ မလေးရှားကို စက်လှေနဲ့ သွားခဲ့ကြတဲ့ ရိုဟင်ဂျာဒုက္ခသည် ၂၇၀ကျော်ဟာ ပင်လယ်ပြင်အတွင်း ပျောက်ဆုံးနေပြီး အခုထိ အဆက်အသွယ်မရသေးဘူးလို့ ဒေသခံရိုဟင်ဂျာတွေက ပြောပါတယ်။

သတင်း

ရေဆက်တက်နေတဲ့ရခိုင်ပြည်နယ်၊ဘူးသီးတောင်မြို့မှာ ရေနစ်နေတဲ့ ဆယ်နှစ်အရွယ်ရိုဟင်ဂျာကလေးငယ်တဦးကို ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/အာရက္ခတပ်တော်(ULA/AA)လက် အောက်ခံကယ်ဆယ်ရေးအဖွဲ့က ကယ်ဆယ်နိုင်ခဲ့တယ်လို့​​ဒေသခံအချို့က​ပြောပါတယ်။

သတင်း

အာရက္ခတပ်တော်(AA)ရဲ့ထိုးစစ်ကိုရင်ဆိုင်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်တွေမြို့အဝင် ဂိတ်တွေကို တင်း ကြပ်ထားပြီး မြို့ထဲဝင်မယ့် ရိုဟင်ဂျာတွေကိုငွေတောင်းတာ၊ ရိုက်နှက်စစ်ဆေးတာတွေ လုပ်နေတယ်လို့ မြို့ခံတွေ နဲ့ ရိုဟင်ဂျာတွေက ပြောပါတယ်။