Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့် မြတောင်ဗျူဟာအပါအဝင် တပ်စခန်း ခုနစ်ခု KIA ပူးပေါင်းတပ် သိမ်းပိုက်၊ လက်နက်ခဲယမ်းများရ

အင်းတော်နှင့် ပင်လည်ဘူးမြို့သိမ်းတိုက်ပွဲ အခြေအနေကောင်းဟု ကချင်စစ်ရေးသတင်းရင်းမြစ်ပြော

ထီးချိုင့်မြို့ တနေရာတိုက်ပွဲဖြစ်ပွားနေစဉ်။ ဓာတ်ပုံ - CJ

ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ရှိ မြတောင်ဗျူဟာ စခန်းအပါအဝင် ဒေသတွင်းရှိ စစ်ကောင်စီတပ်စခန်းအားလုံးကို ယနေ့ ဩဂုတ် ၂၃ရက်ညနေပိုင်း၌ အပြီးသတ် သိမ်းပိုက်နိုင်ပြီဖြစ်၍ ဒေသတွင်း စစ်ကောင်စီ ကင်းစင်သွားပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်သည့် ပူးပေါင်းတပ်သည် ပြီးခဲ့သည့် ရက်ပိုင်းကတည်းက မြတောင်စစ်ကောင်စီ ဗျူဟာစခန်းအပါအဝင် ထီးချိုင့်၊ အင်းတော် ၊ ပင်လည်ဘူး၊ နဘားမြို့နယ်စသည့် စစ်ကိုင်းတိုင်းရှိ နေရာ ၆နေရာထက်မနည်းကို ထိုးစစ်ဆင် တိုက်ခိုက်နေခြင်းဖြစ်သည်။

ယင်းအနက် မြတောင်ဗျူဟာရှိ ဗျူဟာစခန်းအပါအဝင် စခန်းအားလုံးကို ဩဂုတ် ၂၃ရက် ညနေ ၄နာရီတွင် KIA၊ KPDF၊ ABSDF ပူးပေါင်းတပ်ဖွဲ့က သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

“မြတောင် စခကင်းစင်သွားပါပြီ။ လက်နက်ခဲယမ်းများစွာ ရရှိတယ်။ မြတောင်ကို သိမ်းလိုက်နိုင်တာက အလွန်အရေးကြီးပါတယ်။ မြတောင်ရသွားရင် ထီးချိုင့်ကမခက်တော့ဘူး။ စခန်းအားလုံး ၇ခု ပါ။ အားလုံးရပြီ။ ဗျူဟာမှူးနဲ့ အဖွဲ့ ထွက်ပြေးသွားတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

မြတောင်ဗျူဟာအား KIA လက်အောက်ကျရောက်ပြီဖြစ်ကြောင်း စစ်ကောင်စီ ဝါဒဖြန့်သူအချို့က လူမှုကွန်ရက်၌ ရေးသားအသိပေးထားပြီး ထီးချိုင့်မြို့သည့် ကချင်ပြည်နယ် ထိုးစစ်အတွက် မဟာဗျူဟာကျသည့် အခင်းအကျင်း ဆုံမှတ်ဖြစ်သည်ဟု အသိပေးထားသည်။

တချိန်တည်း ထိုးစစ်ဆင်နေသည့် အင်းတော် နှင့် ပင်လည်ဘူး မြို့သိမ်းတိုက်ပွဲသည်လည်း အောင်မြင်မှုရရန် အလားအလာကောင်းကြောင်း ကချင်သတင်းရင်းမြစ်က ပြောသည်။

KIA အနေဖြင့် ဩဂုတ် ၁၉ရက်က မိုးမောက် မြို့နယ် ခမရ(၄၃၇) တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်နိုင်ခဲ့ရာ အဆိုပါ တပ်စခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီ ဆုတ်ခွာတပ်ဖွဲ့ကိုလည်း ဗန်းမော်မြို့နှင့် (၅)မိုင် စီအင်ကျေးရွာအနီး၌ တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့ကြောင်းစစ်ရေးသတင်းရင်းမြစ်တစ်ဦးက အသိပေးထားည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူ ပြော

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က စတင်ဖမ်းဆီးထားစဉ်ကတည်းက သတင်းအစအနတွေ ဘာမှမကြားရကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပြီး ဒီလို သတင်းအစအန မကြားရလို့ ပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်အန္တရာယ်ကို စိုးရိမ်နေကြရတာလို့ ပြောကြားပါတယ်။

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။