Connect with us

Hi, what are you looking for?

သတင်း

ကျောက်ပန်းတောင်းတွင် အုပ်ကြီးတစ်ဦး အသတ်ခံရ

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကြောင့် လုံခြုံရေးတိုးမြှင့်ထားသည့် ကျောက်ပန်းတောင်းမြို့နယ် တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။

သိမ်းဆည်းရမိသော စစ်သုံးပစ္စည်းအချို့အား တွေ့ရစဥ်။ဓာတ်ပုံ- Anyar Myay

အင်ကြင်း/People’s Spring

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကြောင့် လုံခြုံရေးတိုးမြှင့်ထားသည့် ကျောက်ပန်းတောင်းမြို့နယ် တွင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတစ်ဦး အသတ်ခံရကြောင်း သတင်းရရှိသည်။

သြဂုတ် ၂၃ ရက် ညနေ ၃နာရီခန့်က ကျောက်ပန်းတောင်းမြို့နယ်၊ ကျောက်တံခါး(မြောက်) ကျေးရွာမှ ပြည်သူများအပေါ် အနိုင်ကျင့်၊ ခြိမ်းခြောက်၊ဒုက္ခပေးနေသော ပျူစောထီးအဖွဲ့ဝင် အုပ်ချုပ်ရေးမှူးဝင်းအောင်ဆိုသူအား ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီးသေဆုံးခဲ့ကြောင်း အညာမြေပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ကျောက်ပန်းတောင်း)၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

“သူ့ရွာထဲမှာ ဝင်ဖမ်းပြီး လမ်းမတန်းဘေးရောက်မှာ စစ်ဆေးပြီး ရှင်းခဲ့တာဗျ။ သေနတ်ကတော့ မရဘူး။”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

၎င်းအုပ်ကြီးထံမှ ကျည်ကာအင်္ကျီ တစ်ထည်၊ စစ်သုံးရေဗူး တစ်ဗူးနှင့် ဓား တစ်ချောင်းအား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့တွင် သြဂုတ်လဆန်းပိုင်းကလည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့သေးသည်။ နယ်မြေချင်းထိဆက်နေသည့် မြင်းခြံခရိုင်တွင် မြင်းခြံခရိုင်အထူးစစ်ဆင်ရေးကြောင့် တိုက်ပွဲများဖြစ်ပွားနေ၍ ကျောက်ပန်းတောင်းမြို့တွင်လည်း လုံခြုံရေးတိုးမြှင့်ထားကြောင်း သတင်းရရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မလှိုင်မြို့နယ်တောင်ဘက်ပိုင်းကို တိုက်ပွဲမရှိဘဲ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်နေပြီး မိတ္ထီလာ-‌ ကျောက်ပန်းတောင်းလမ်းပိုင်းကို အင်အားဖြည့်တာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။