Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့် မြတောင်ဗျူဟာသိမ်းတိုက်ပွဲတွင် ABSDF ပါဝင်တိုက်ခိုက်ခဲ့

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မြတောင်ရွာစစ်ကောင်စီဗျူဟာကုန်းနှင့်ဒေသတွင်း တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ABSDFက ထုတ်ပြန်အသိပေးထားသည်။

ထီးချိုင့် မြ​တောင် ဗျူဟာတိုက်ပွဲတွင် ​တော်လှန်​ရေးတပ်များနှင့်အတူ ABSDF ပါဝင်တိုက် ခိုက်စဥ်။ဓါတ်ပုံ-ABSDF

ဟန်နွေ/People’s Spring

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် မြတောင်ရွာစစ်ကောင်စီဗျူဟာကုန်းနှင့်ဒေသတွင်း တပ်စခန်းများ တိုက်ခိုက်သိမ်းပိုက်သည့် တိုက်ပွဲတွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABSDF) ရဲဘော်များ ပါဝင်တိုက်ခိုက်ခဲ့ကြောင်း ABSDFက ထုတ်ပြန်အသိပေးထားသည်။

ဩဂုတ် ၂၅ရက် ညပိုင်းတွင် ABSDFက တိုက်ပွဲဝင် ရုပ်သံမှတ်မ်း ဖော်ပြ အသိပေးခဲ့ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ကားတစ်စီးပေါ်တွင် စက်သေနတ်အကြီး တစ်လတ် တင်ပြီး ပစ်ခတ်တိုက်ခိုက်နေသည့် မှတ်တမ်းကို ဖော်ပြခဲ့ခြင်းဖြစ်သည်။

“မြတောင်၊ အင်းတော် ၊ ထီးချိုင့် နှင့် အညာ၊ မွန် ၊ ကရင် တခွင်မှာ တိုက်ပွဲဝင်နေကြတဲ့ ရဲဘော်တွေအားလုံး အတွက် ဂုဏ်ယူတယ်” ဟုလည်း ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ကျော်လင်းက လူမှုကွန်ရက်၌ ရေးသားကာ အဆိုပါ ရုပ်သံမှတ်တမ်းကို မျှဝေထားသည်။

ထီးချိုင့်မြို့ခံစစ်အတွက်အရေးပါသည့် မြတောင်ဒေသ စစ်ကောင်စီစခန်းများ တိုက်ခိုက်သိမ်းပိုက်မှုကို အမှတ်(၁)စစ်ဒေသ ကွပ်ကဲမှုဖြင့် PDF ရဲဘော်များ၊ KIA၊ ABSDF ရဲဘော်များ ပူးပေါင်းဆင်နွှဲခဲ့ခြင်းဖြစ်ပြီး ဗျူဟာစခန်း အပါအဝင် တပ်စခန်း ၇ခုကို ဩဂုတ် ၂၃ရက်တွင် အပြီးသတ် သိမ်းနိုင်ခဲ့သည်။

ABSDFသည် သပိတ်ကျင်းမြို့နယ် စစ်ဆင်ရေးတွင်လည်း တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များနှင့် ပါဝင် တိုက်ခိုက်လျက်ရှိသည်။

ABSDF ၏ ဩဂုတ် ၈ရက် ရှစ်လေးလုံး လူထုအရေးတော်ပုံ ထုတ်ပြန်ကြေညာချက်တွင် လူထုတိုက်ပွဲနှင့် လက်နက်ကိုင် တိုက်ပွဲ ပေါင်းစပ် အရှိန်အဟုန် မြှင့်တင်ရန် တိုက်တွန်းတောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

မေ -၁၆၊၂၀၂၆။မိုမို/People’s Spring တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ စစ်ဆင်ရေးနယ်မြေတွေအတွင်း ဝင်ရောက်လာတဲ့ စစ်တပ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့...

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့် - ကသာလမ်းပိုင်းမှာ စစ်တပ်ရိက္ခာပို့ယာဉ်တန်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၆ဦးသေဆုံးကာ လက်နက် ၆လက်နဲ့ ပစ္စည်းအချို့သိမ်းရခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ် တွေက ပြောပါတယ်။