Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့် – ကသာလမ်းပိုင်းမှာ ကုန်ကားမောင်းသူတွေအပါအဝင် ၆ ဦး ပျောက်ဆုံးနေ

ထီးချိုင့် – ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

(ဇွန်လ ၆ရက်က မီးလောင်ဗုံးကျကာ မီးလောင်ခဲ့တဲ့ ကား။ ဓတ်ပုံံ - CJ)

ဇွန်-၁၅၊၂၀၂၆၊ကတ်သရင်းနှင်း/People’s Spring

ထီးချိုင့် – ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

ဇွန်လ ၆ ရက်က ကသာ- ထီးချိုင့်လမ်းပိုင်းမှာ ကုန်ကား ၃စီး ပေါ် ဒရုန်းဗုံးကျကာ ကားမီးလောင်ခဲ့သလို အဲဒီနောက်က ကုန်ကားတချို့လည်းပစ်ခတ်ခံရပြီး ယာဉ်မောင်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။

မီးလောင်ခဲ့တဲ့ ကားပေါ်ပါ ယာဉ်မောင်း၊ယာဉ်နောက်လိုက်တွေအပြင် နောက်ထပ် ကုန်ကားမောင်းသူ လင်မယား ၂ဦး စုစုပေါင်း ၆ဦး ပျောက်ဆုံးနေတာလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“ဗုံးချပြီး ပစ်ခတ်ခံရတာ။လူတွေက အဖမ်းခံရလား။သေသွားလားဆိုတာ မသိရဘူး။အခုလည်း အကုန်လိုက်ချိတ်ဆက်ပြီး ရှာ နေကြပေမယ့် သတင်းအစအနမရဘူး။ကုန်ကားတစီးက ယာဉ်မောင်းရဲ့အမျိုးသမီးပါတယ်”လို့ ကုန်ကား မောင်းသူတစ်ဦးက ပြောပါတယ်။

မည်သည့်အဖွဲ့ အစည်းက ပစ်ခတ်သည်ကို မသိရဘူးလို့လည်း ကုန်ကားမောင်းသူ တွေကပြောပါတယ်။

ထီးချိုင့်မြို့ကိုစစ်တပ်က ပြိးခဲ့တဲ့ မတ်လ၂၈ ရက်ကတည်းက ပြန်လည်ထိန်းချုပ်လိုက်ပြီး မြစ်ကြီးနားမြို့ကို မန္တလေးက နေတဆင့်ဒီလမ်းပိုင်းကိုအသုံးပြုကာ အင်အားပို့ဆောင်တာ တွေပြုလုပ် နေတယ်လို့ ဒေသခံ တွေကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အင်းတော်နဲ့မော်လူးမြို့နယ်ပတ်ဝန်းကျင်ကို စစ်တပ်က လေကြောင်းမှ ဗုံးမကြာခဏကြဲနေလို့ စစ်ဘေးရှောင် တွေလုံခြုံရေးအန္တရာယ်သတိပြုကြဖို့ တော်လှန်ရေးအင်အားစုတွေကသတိပေးထားပါတယ်။

သတင်း

​ရွှေကူမြို့အနီးတိုက်ပွဲစစ်တပ် ​သေဆုံးထိခိုက်သူများ​နေ

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်း နဘားလမ်းဆုံအပါအဝင် အင်းတော်နဲ့ ကသာမြို့အနီးက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေကို တော်လှန်ရေးတပ်တွေက ဆက်လက်တိုက်ခိုက်နေပြီး ရွှေကူမြို့နယ်နားက တပ်စခန်းတချို့ကိုလည်းကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်တွေကသိမ်းယူလိုက်တယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

တိုက်ပွဲပြင်းထန်နေတဲ့အင်းတော်မြို့နယ်အတွင်းက PDF ​တွေရဲ့ရှေ့တန်းစခန်းအချို့ကနေ ဆုတ်ခွာထားပေမယ့် ကသာမြို့အနီးက စစ်တပ်စခန်းတွေကို တိုက်ခိုက်မှုအတွင်း စစ်သားအချို့ထိခိုက်သေဆုံးမှုရှိတယ်လို့ တော်လှန်ရေးတပ်တွေထံကနေသတင်းရရှိပါတယ်။