Connect with us

Hi, what are you looking for?

သတင်း

ချင်းကာကွယ်ရေးတပ်ဖွဲ့ထံ စစ်ကောင်စီတပ်သားတစ်ဦး ထပ်မံအလင်းဝင်

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)-တွန်းဇံ ထံစစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာကြောင်း CDF တွန်းဇံက ချင်းဘာသာဖြင့် ထုတ်ပြန်သည်။

CDF - တွန်းဇံ ထံစစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာစဥ်။ ဓာတ်ပုံ - CDF Ton Zang

ဟန်နွေ/People’s Spring

ချင်းဒေသကာကွယ်ရေးတပ်ဖွဲ့(CDF)-တွန်းဇံ ထံစစ်ကောင်စီတပ်သားတစ်ဦး အလင်းဝင်လာကြောင်း CDF တွန်းဇံက ချင်းဘာသာဖြင့် ထုတ်ပြန်သည်။

အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားက လက်နက်နှင့် ကျည်များ ယူဆောင်လာကြောင်းလည်း ဓာတ်ပုံမှတ်တမ်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

CDF တွန်းဇံ၏ ထုတ်ပြန်ချက်ကို ချင်းဂျာနယ်က ဗမာဘာသာဖြင့်ရေးသားဖော်ပြခဲ့ရာ ဩဂုတ် ၂၇ရက်တွင် လက်နက်နှင့်အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားကို ဂုဏ်ပြုငွေ ကျပ်သိန်း ၅၀ ပေးအပ်ခဲ့သည်ဟု ဆိုသည်။

CDF တွန်းဇံအပါအဝင် ချင်းပြည်ကောင်စီ တပ်ပေါင်းစုသည် ဇူလိုင်လအတွင်းက တွန်းဇံမြို့ရှိ စစ်ကောင်စီတပ်များကိုတိုက်ခိုက်ပြီး မြို့ကို သိမ်းပိုက်ထားခြင်းဖြစ်သည်။ ယခု အလင်းဝင်လာသည့် စစ်ကောင်စီတပ်သားသည် မည်သည့်တပ်၊ မည်သည့်ဒေသက ဖြစ်သည်ကို ထုတ်ပြန်ချက်၌ ဖော်ပြမထားပေ။

ဩဂုတ် ၂၄ရက်ကလည်း CDF ဟားခါးတပ်ဖွဲ့ထံ ဟားခါး အခြေစိုက် စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နှင့် အလင်းဝင်လာ၍ ၎င်းအား ဆုငွေပေးအပ်ပြီး လုံခြုံရာသို့ ပို့ဆောင်ပေးခဲ့ဟု CDFဟားခါးက အသိပေးထားသည်။

ဩဂုတ် ၇ရက်ကလည်း ထန်တလန်မြို့ အခြေစိုက် စစ်ကောင်စီတပ်မှ တပ်သား တစ်ဦးသည် လက်နက် ၁လက်၊ ကျည်နှင့် လက်ပစ်ဗုံးတို့ ယူဆောင်ကာ ချင်းပြည်ကောင်စီ ချင်းပြည်အစိုးရ တပ်ဖွဲ့ထံ အလင်းဝင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို

သတင်း

အာဏာရှင်စစ်တပ်အောက်က ရုန်းထွက်အလင်းဝင်ကြဖို့ KIA တပ်မှူး တိုက်တွန်း

သတင်း

ပြည်သူ့ပန်းတိုင်က အပတ်စဉ် တင်ဆက်နေကျဖြစ်တဲ့ စစ်ကောင်စီရဲ့ "ပြေးဟပရောဂျက် ယခုတစ်ပတ်" အစီအစဉ်ကို ဒီကနေ့ အောက်တိုဘာ ၁၂ရက်မှာ ထုတ်ပြန်ခဲ့ရာ အောက်တိုဘာ ပထမပတ်အတွင်း အလင်းဝင်၊ လက်နက်ချနဲ့ စစ်သုံ့ပန်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၂ဦး ရှိတယ်လို့ အသိပေးပါတယ်။

သတင်း

အိန္ဒိယနဲ့နယ်စပ်လမ်းကို ထိုးစစ်ဆင်ဖို့ဆိုပြီး ဝင်လာတဲ့ စစ်ကြောင်းထဲက စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး လက်နက်ခဲယမ်းတွေ ယူဆောင် ထွက်ပြေးလာပြီး တမူးခရိုင် အမှတ်(၆)တပ်ရင်းထံ အလင်းဝင်လာပါတယ်။