Connect with us

Hi, what are you looking for?

သတင်း

အောင်လအန်ဆန်က တရုတ်ဖိုက်တာကို ဒုတိယအချီတွင် ချုပ်ကွက်ဖြင့် အနိုင်ယူ

ဒုတိယအချီတွင် ဖန်ယောင်းက အောင်လအား လှဲချပြီးချုပ်ကွက်ဖြင့် အနိုင်ယူရန် ကြိုးစားစဥ် အောင်လက လဲကျ​နေသည့်အ​နေအထားမှ ​ဖန်​ယေညင်း၏ လည်ပင်းအားချုပ်၍ အနိုင်ယူလိုက်ခြင်းဖြစ်သည်။

(တရုတ်ဖိုက်တာဖန်​​ယောင်းကို ​အောင်လအနိုင်ယူခဲ့​သော ချုပ်ကွက်နှင့် ယှဥ်ပြိုင်ထိုးသတ်​အောင်ပွဲခံ​နေစဥ်။ ဓါတ်ပုံ-ONE)
(တရုတ်ဖိုက်တာဖန်​​ယောင်းကို ​အောင်လအနိုင်ယူခဲ့​သော ချုပ်ကွက်နှင့် ယှဥ်ပြိုင်ထိုးသတ်​အောင်ပွဲခံ​နေစဥ်။ ဓါတ်ပုံ-ONE)

▪︎MMA ပြိုင်ပွဲ ၄၃ ပွဲ ထိုးသတ်ခဲ့ပြီး ပွဲ ၃၀ ​မြောက်နိုင်ပွဲဖြစ်

အမေရိကန်နိုင်ငံတွင် ယနေ့ (မေလ ၆) နံနက်ပိုင်း၌ ကျင်းပခဲ့သည့် One Championship MMA ပြိုင်ပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်က တရုတ်ဖိုက်တာ ဖန်ယောင်းကို ဒုတိယအချီအတွင်း ချုပ်ကွက်ဖြင့် အနိုင်ရခဲ့သည်။

ယင်းပွဲစဥ် ပထမအချီ၌ အောင်လနှင့် ဖန်ယောင်းတို့သည် လက်သီးချက်၊ ခြေကန်ချက်များကိုသာ အားပြု၍ တိုက်ခိုက်ခဲ့ပြီး ပွဲအစ ၂ မိနစ်ကျော်တွင် အောင်လ၏ ညာဝိုက်လက်သီးချက်ကြောင့် ဖန်ယောင်း မျက်ခုံးကွဲ ဒဏ်ရာရခဲ့သည်။

(တရုတ်ဖိုက်တာဖန်​​ယောင်းကို ​အောင်လအနိုင်ယူခဲ့​သော ချုပ်ကွက်နှင့် ယှဥ်ပြိုင်ထိုးသတ်​အောင်ပွဲခံ​နေစဥ်။ ဓါတ်ပုံ-ONE)
(တရုတ်ဖိုက်တာဖန်​​ယောင်းကို ​အောင်လအနိုင်ယူခဲ့​သော ချုပ်ကွက်နှင့် ယှဥ်ပြိုင်ထိုးသတ်​အောင်ပွဲခံ​နေစဥ်။ ဓါတ်ပုံ-ONE)

ဒုတိယအချီတွင် ဖန်ယောင်းက အောင်လအား လှဲချပြီးချုပ်ကွက်ဖြင့် အနိုင်ယူရန် ကြိုးစားစဥ် အောင်လက လဲကျ​နေသည့်အ​နေအထားမှ ​ဖန်​ယေညင်း၏ လည်ပင်းအားချုပ်၍ အနိုင်ယူလိုက်ခြင်းဖြစ်သည်။

အောင်လအန်ဆန်သည် ရှေ့ပွဲစဥ်များတွင် ပြိုင်ဘက်များကို လက်သီးချက်၊ ခြေကန်ချက်များဖြင့်သာ အလဲထိုး အနိုင်ယူခဲ့သော်လည်း ယခုပွဲစဥ်၌ စပါးကြီးမြွေ အောင်လအဖြစ် နာမည်ကျော်ခဲ့သည့် ၎င်း၏ ချုပ်ကွက်ကို အသုံးပြု၍ အနိုင်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

(တရုတ်ဖိုက်တာဖန်​​ယောင်းကို ​အောင်လအနိုင်ယူခဲ့​သော ချုပ်ကွက်နှင့် ယှဥ်ပြိုင်ထိုးသတ်​အောင်ပွဲခံ​နေစဥ်။ ဓါတ်ပုံ-ONE)
(တရုတ်ဖိုက်တာဖန်​​ယောင်းကို ​အောင်လအနိုင်ယူခဲ့​သော ချုပ်ကွက်နှင့် ယှဥ်ပြိုင်ထိုးသတ်​အောင်ပွဲခံ​နေစဥ်။ ဓါတ်ပုံ-ONE)

အသက် ၃၇ နှစ်အရွယ် အောင်လအန်ဆန်သည် One Championship MMA ပြိုင်ပွဲတလျောက် ပွဲစဥ် ၄၃ ပွဲ ထိုးသတ်ခဲ့ပြီး ၃၀ ပွဲနိုင် ၁၃ ပွဲ ရှုံးနိမ့်ထားသည်။ ​One Championship ကစီစဥ်​ပေး​သော လာမည့်ပွဲများတွင် မည်ကဲ့သို့​သောပြိုင်ဘက်ကိုမဆို ယှဥ်ပြုင်ထိုးသတ်ရန်အသင့်ရှိ​ကြောင့်လည်းအသိ​ပေးသွားသည်။

တရုတ်နိုင်ငံသားဖိုက်တာကိုအနိုင်ယူပြီး​နောက် ​အောင်လ ကမြန်မာနိုင်ငံအတွက် ဆု​တောင်း​​ပေးကြရန်လည်း ​ပြောကြားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာ့စပါးအုံးဟုနာမည်ကျော်သည့်အောင်လအန်ဆန်နှင့်ဆွီဒင်ဖိုက်တာ ကာဒက်စတန်တို့လာမည့်အောက်တိုဘာ၃ရက်တွင်ထိုင်းနိုင်ငံ၊ဘန်ကောက်မြို့၌ ယှဥ်ပြိုင်ထိုးသတ်မည်ဖြစ်ကြောင်း One Championship က ယနေ့ (စက်တင်ဘာ ၂ရက်) ထုတ်ပြန်သည်။

သတင်း

ကာတာနိုင်ငံတွင် ဖေဖော်ဝါရီ ၂၀ ရက်ညပိုင်း၌ကျင်းပသည့် One Championship MMA ပွဲစဥ်တွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် စက္ကန့် ၃၀ အတွင်း ပြိုင်ဘက် အာဒိုဂန်၏ အမြင့်ကန်ချက်ကြောင့် အလဲထိုးဖြင့် ရှုံးနိမ့်ခဲ့သည်။

သတင်း

အမေရိကန်နိုင်ငံတွင် ယနေ့ (စက်တင်ဘာ ၇) နံနက်က ကျင်းပသည့် One Championship MMA ပြိုင်ပွဲတွင် ကချင်တိုင်းရင်းသား အောင်လအန်ဆန်သည် တူရကီဖိုက်တာ အာဒိုဂန်ကို ရှုံးနိမ့်ခဲ့သည်။

သတင်း

မနက်ဖြန်တွင် ထိုးသတ်မည့် MMA One Championship ပြိုင်ပွဲတွင် ပြိုင်ဘက် ကစားသမား အာဒိုဂန်ကို တတိယအချီတွင် အလဲထိုးအနိုင်ယူမည်ဟု MMA ဖိုက်တာ အောင်လအန်ဆန်က ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ကြုံးဝါးခဲ့သည်။