Connect with us

Hi, what are you looking for?

သတင်း

လားရှိုး၊နမ္မကျောက်မီးသွေးတွင်း စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု လူသေဆုံးထိခိုက်မရှိ၊ မကွဲသေးသည့် ဗုံး ၁လုံးရှာတွေ့ဟု MNDAA အသိပေး

ရှမ်းမြောက် လားရှိုးမြို့နယ်နမ့်ပေါင်ရွာအနီး နမ္မ ကျောက်မီးသွေးတွင်းကို စစ်ကောင်စီက ယမန်နေ့ တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ အဆောက်အဦး အချို့ ပျက်စီးခဲ့သော်လည်း ပြည်သူ ထိခိုက်မှုမရှိကြောင်းကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

ဟန်နွေ/People’s Spring

ရှမ်းမြောက် လားရှိုးမြို့နယ်နမ့်ပေါင်ရွာအနီး နမ္မ ကျောက်မီးသွေးတွင်းကို စစ်ကောင်စီက ယမန်နေ့ တွင် လေကြောင်း တိုက်ခိုက်ခဲ့ရာ အဆောက်အဦး အချို့ ပျက်စီးခဲ့သော်လည်း ပြည်သူ ထိခိုက်မှုမရှိကြောင်းကိုးကန့်တပ်မတော်(MNDAA)က ထုတ်ပြန်သည်။

စက်တင်ဘာ၈ရက်နှင့် ၉ရက်တွင်လားရှိုးမြို့အားလေကြောင်းတိုက်ခိုက်ခဲ့ပြီးနောက် စက်တင်ဘာ ၁၀ရက်တွင် ထပ်မံ၍ ကျောက်မီးသွေးတွင်းကို တိုက်ခိုက်ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။နမ္မကျောက်မီး​သွေးတွင်းတိုက်ခိုက်ခံရမှုသည် MNDAA ထိန်းချုပ်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက ၃ရက်ဆက်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“စစ်ကောင်စီဘက်မှ စစ်ရေးပစ်မှတ်မဟုတ်သည့်‌ နေရာများကိုလူသားချင်းစာနာမှုမရှိစွာဖြင့်ရက်ရက်စက်စက် လေကြောင်းတိုက်ခိုက်မှု ပြုလုပ်နေမှုများကြောင့် ပျက်စီးဆုံးရှုံးမှုများပြားခဲ့ရသည့်အပြင် အသက် အိုးအိမ် စည်းစိမ်များထိခိုက်ဆုံးရှုံးနေခြင်းကြောင့် ပြည်သူအများ ထိတ်လန့်တုန်လှုပ်နေကြကြောင်း မြေပြင်သတင်းများအရသိရှိရပါတယ်” ဟု လားရှိုးမြို့ ပြန်လည်ထူထောင်ရေး Facebook စာမျက်နှာက ဖော်ပြသည်။

အာဏာသိမ်းတပ်သည် လားရှိုးမြို့၌ စစ်နယ်မြေမဟုတ်သော ဒေသများတွင် လေကြောင်း ဗုံးကျဲတိုက်ခိုက်မှုများ မကြာခဏ ပြုလုပ်ခဲ့ပြီး အရပ်သားအများအပြား ထိခိုက်ဒဏ်ရာရရှိကာ အိမ်ခြေအမြောက်အမြား ပျက်စီးခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

အာဏာသိမ်းတပ်ဖွဲ့၏ လူမဆန်စွာ ခွဲခြားဆက်ဆံသော ဗုံးကျဲတိုက်ခိုက်မှု သည် စစ်ပြီးခေတ် ပြည်သူများ၏ စားဝတ်နေရေး ပြန်လည် တည်ဆောက်ရေး ကို အဟန့်အတား ဖြစ်စေခဲ့ပြီး ပြည်သူများကို ထိတ်လန့်မှု ဖြစ်စေခဲ့သည်ဟု MNDAAက ဆိုသည်။

ကျောက်မီးသွေးတွင်း လေကြောင်း တိုက်ခိုက်ခံရအပြီး တာဝန်ရှိသူများအခင်းဖြစ်ရာသို့သွားရောက်ကာ ဒေသခံများကို နှစ်သိမ့်ပေးခဲ့ကြောင်း၊ပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကိုလည်း ရှာတွေ့ခဲ့ကြောင်း MNDAAက ထုတ်ပြန်သည်။

စစ်ကောင်စီသည် လားရှိုးအပြင် တအာင်း၊ ရက္ခိုင်၊ ချင်း၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ မန္တလေး၊ ကရင် စသည့် ဒေသအသီးသီးတွင် လေကြောင်း တိုက်ခိုက်မှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ ကလေးငယ်၊ အမျိုးသမီး အပါအဝင် အရပ်သားများစွာ သေဆုံးထိခိုက်ခဲ့ရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။