Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများဘေးမဖြစ်စေရန် ဆည်တော်ကြီးရေလှောင်တမံအား စနစ်တကျစောင့်ကြည့်နေဟု မန္တလေး PDF အသိပေး

မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်ရန်နှင့် ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန် စနစ်တကျစောင့်ကြည့်လည်ပတ်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ည အသိပေးထုတ်ပြန်သည်။

ဆည်တော်ကြီးရေလှောင်တမံ​၏ ရေပြင်အနေအထားအား တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF

မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်ရန်နှင့် ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန် စနစ်တကျစောင့်ကြည့်လည်ပတ်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ည အသိပေးထုတ်ပြန်သည်။

ရေလှောင်တမံ၏ ကန်ရေပြည့်အမှတ်မှာ (၄၂၀) ပေ ဖြစ်ပြီး ပုံမှန်ရေထိန်းအမှတ်ကို (၄၁၅)ပေ ဖြင့် ထိန်းသိမ်းလည်ပတ်လျက်ရှိသည်ဟု မန္တလေး PDFက အသိပေးသည်။

ထို့အပြင် စက်တင်ဘာ ၁၅ရက် တိုင်းထွာချက်အရ ဆည်တော်ကြီးရေလှောင်တမံ၏ လက်ရှိကန်ရေပြင်အမှတ်မှာ (၃၈၅)ပေ ဖြစ်သည်ဟု မန္တလေးက ထပ်မံအသိပေးထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေပြည့်လျှံပြီး ဆည်းကျိူးပေါက်မည်ဟုဆိုကာ ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မိုးမိတ်မြို့အနီး ညောင်နီကျေးရွာမှာ ဒီနေ့ အောက်တိုဘာ ၁၆ရက် မနက်အစောပိုင်းကစပြီး တကျော့ပြန်တိုက်ပွဲပြင်းထန်နေပါတယ်။

အတွေးအမြင်

ကျုံးအတွင်းဘက် နန်းမြို့ရိုးဘေးက ​ဆောင်း​ဘောက်စ်တွေကထွက်လာတဲ့ကျယ်​လောင်တဲ့​သီချင်းသံ​တွေက ကျုံးပတ်ဝန်ကျင်ကိုဖုံးလွှမ်းနေပါတယ်။လူငယ်အများစုနဲ့ လူကြီးအချို့ပါဝင်တဲ့ အပြေးပြိုင်ပွဲအပြီးစည်ဘီယာတွေအပိုင်းလိုက်ထောင်ကာ အောင်ပွဲခံ အော်ဟစ် နေကြတာပါ။

သတင်း

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ် တကောင်းမြို့အနီးမှာ စစ်တပ်ယာဉ်တန်းကို မန္တလေးပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF)က ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ