Connect with us

Hi, what are you looking for?

သတင်း

ပြည်သူများဘေးမဖြစ်စေရန် ဆည်တော်ကြီးရေလှောင်တမံအား စနစ်တကျစောင့်ကြည့်နေဟု မန္တလေး PDF အသိပေး

မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်ရန်နှင့် ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန် စနစ်တကျစောင့်ကြည့်လည်ပတ်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ည အသိပေးထုတ်ပြန်သည်။

ဆည်တော်ကြီးရေလှောင်တမံ​၏ ရေပြင်အနေအထားအား တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF

မတ္တရာမြို့နယ်ရှိ ဆည်တော်ကြီးရေလှောင်တမံနှင့်ပတ်သက်၍ စိုးရိမ်ပူပန်မှုများ မဖြစ်ပေါ်ရန်နှင့် ပြည်သူများ ဘေးအန္တရာယ်မဖြစ်စေရန် စနစ်တကျစောင့်ကြည့်လည်ပတ်လျက်ရှိကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)က ယနေ့ည အသိပေးထုတ်ပြန်သည်။

ရေလှောင်တမံ၏ ကန်ရေပြည့်အမှတ်မှာ (၄၂၀) ပေ ဖြစ်ပြီး ပုံမှန်ရေထိန်းအမှတ်ကို (၄၁၅)ပေ ဖြင့် ထိန်းသိမ်းလည်ပတ်လျက်ရှိသည်ဟု မန္တလေး PDFက အသိပေးသည်။

ထို့အပြင် စက်တင်ဘာ ၁၅ရက် တိုင်းထွာချက်အရ ဆည်တော်ကြီးရေလှောင်တမံ၏ လက်ရှိကန်ရေပြင်အမှတ်မှာ (၃၈၅)ပေ ဖြစ်သည်ဟု မန္တလေးက ထပ်မံအသိပေးထားသည်။

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆည်တော်ကြီးရေလှောင်တမံအတွင်း ရေပြည့်လျှံပြီး ဆည်းကျိူးပေါက်မည်ဟုဆိုကာ ဒေသခံများအကြား စိုးရိမ်မှုမြင့်တက်နေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)-MDY-PDFအထူးလှုပ်ရှားတပ်မက တော်လှန်ရေးကာလအတွင်းကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ရတဲ့ ရဲဘော်၁၂၄ ဦးကို ဂုဏ်ပြုတဲ့ အခမ်းအနား ကျင်းပခဲ့ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး) MDY-PDFရဲ့ စိုးမိုးနယ်မြေတွေဖြစ်တဲ့ မတ္တရာ၊ စဥ့်ကူးနဲ့ သပိတ်ကျင်းမြို့နယ်တွေမှာ တိုက်ပွဲတွေ ပိုမို ပြင်းထန်လာနိုင်လို့ ပြည်သူတွေ ကြိုတင် ပြင်ဆင်ထားကြဖို့ ဒီကနေ့ (နိုဝင်ဘာ ၁၀ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)ရဲ့ အခြေခံစစ်ပညာသင်တန်း အပတ်စဉ်(၁၇) သင်တန်းဆင်းပွဲ အခမ်းအနားကို လွတ်မြောက်နယ်မြေတနေရာမှာ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ကြောင်း မန္တလေး PDFက ဒီကနေ့ စက်တင်ဘာ ၁၉ရက်မှာ သတင်းထုတ်ပြန်ပါတယ်။