Connect with us

Hi, what are you looking for?

သတင်း

ထီးချိုင့်မှ ဆုတ်ခွာလာသည့် ဗိုလ်မှူးစန်းယု ဦးစီးသည့် စစ်​ကောင်စီတပ်စစ်ကြောင်းကို PDFနှင့် ပူးပေါင်းတပ် တိုက်ခိုက်၊ စစ်ကောင်စီတပ် ၂၀ဦး သေဆုံး

လက်နက် မျိုးစုံ ၂၁လက်သိမ်းဆည်းရရှိပြီး PDF တစ်ဦး ကျဆုံး

စစ်​ကောင်စီတပ်မှ သိမ်းဆည်းရရှိ​သောလက်နက်ခဲယမ်းများ။ဓါတ်ပုံ-အမှတ်(၁)စစ်​ဒေသ

ဟန်နွေ/People’s Spring

ထီးချိုင်မြို့နယ်မှ ဆုတ်ခွာလာသည့် စစ်ကောင်စီတပ် ၏ အင်အား ၆၀ ခန့်ရှိ စစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သေဆုံးထိခိုက်များပြားခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်သည်။

ဗိုလ်မှူး စန်းယု ဦးစီးပြီး အင်အား ၅၈ ဦးပါ စစ်ကြေငာ်းကို ယနေ့ စက်တင်ဘာ ၁၇ရက်တွင် မန္တလေးတိုင်း၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်တိုက်နယ်၊ နန်းစိန်တောင်နှင့် နန်းစိန်ချောင်းကြား၌ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

အဆိုပါ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ (၂၀) ဦး သေဆုံးပြီး (၅) ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် လက်နက် (၂၁) လက် ရရှိခဲ့သည်ဟု အသိပေးပြီး လက်နက်အမျိုးအစား နှင့် အရေအတွက်ကို ဖော်ပြထားသည်။ ယင်းတို့မှာ ငါးကြင်းမြီး (MA-15) (၁) လက်၊ ၆၀ မမ ပြောင်းတို (MA-9) (၂) လက်၊ MA-1 (၆) လက်၊ MA-3 (၅) လက်၊ MA-11 (၄) လက်၊ G-3 (၃) လက် နှင့် ကျည် ၊ ခဲများများစွာတို့ ဖြစ်သည်ဟုသိရသည်။

အဆိုပါတိုက်ပွဲအတွင်းတော်လှန်ရေးရဲဘော်၁ ဦး ကျဆုံးခဲ့သည်ဟုလည်း အသိပေးသည်။

စစ်ကောင်စီတပ်ကို မန္တလေးတိုင်း PDF တာဝန်ခံရုံး ကွပ်ကဲမှုအောက်ရှိ တပ်ရင်း/တပ်ဖွဲ့များမှ အထူးလှုပ်ရှား တပ်ရင်း-၃၊ အမှတ် (၅၁၁) တပ်ရင်း၊ မန္တလေးခရိုင် တပ်ရင်း (၃၊ ၄၊ ၅)၊ မန္တလေးတိုင်း ဒရုန်းတပ်ဖွဲ့၊ ABSDF၊ ပြင်ဦးလွင်ခရိုင် ကွန်မန်ဒိုတပ်စိတ်နှင့် သပိတ်ကျင်းမြို့နယ် ပကဖ စသည့် ပူးပေါင်းတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ကြောင်း အမှတ်(၁) စစ်ဒေသက ထုတ်ပြန်သည်။အမှတ်(၁)စစ်ဒေသကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)စစ်ဦးစီးချုပ်က စစ်ဒေသမှူးအဖြစ် တာဝန်ယူကာ စစ်ရေးဖော်ဆောင်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ထီးချိုင့် - ကသာလမ်းပိုင်းမှာ အမျိုးသမီးနဲ့ ကုန်ကားမောင်းသူတွေ အပါအဝင် ၆ ဦး ပျောက်ဆုံးနေပြီး ဒီကနေ့ ဇွန်လ ၁၅ရက်အထိ သတင်းမရသေးဘူးလို့ ကုန်ကားမောင်းသူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

မေ -၁၆၊၂၀၂၆။မိုမို/People’s Spring တကောင်း၊ ထီးချိုင့်၊ အင်းတော်နဲ့ ကသာ စစ်ဆင်ရေးနယ်မြေတွေအတွင်း ဝင်ရောက်လာတဲ့ စစ်တပ်ကို FPV ဒရုန်းတွေနဲ့ တိုက်ခိုက်ချေမှုန်းခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)က ဒီကနေ့ မေလ ၁၆ရက်မှာ ထုတ်ပြန်ပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ၊ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေနဲ့...

သတင်း

စစ်ကိုင်းတိုင်းအထက်ပိုင်း၊ ထီးချိုင့် - ကသာလမ်းပိုင်းမှာ စစ်တပ်ရိက္ခာပို့ယာဉ်တန်း နှစ်ကြိမ်တိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၆ဦးသေဆုံးကာ လက်နက် ၆လက်နဲ့ ပစ္စည်းအချို့သိမ်းရခဲ့တယ်လို့ စစ်ရေးသတင်းအရင်းမြစ် တွေက ပြောပါတယ်။