Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့နယ်ရှိ ဇွပ်ရာစစ်ရှောင်စခန်းကို စစ်ကောင်စီတပ်​ ဗုံးကြဲ ၊ ပြည်သူထိခိုက်မှုရှိ

ကချင်ပြည်နယ် ရွှေကူမြို့နယ် အမတ်ကြီးကုန်းရွာအုပ်စု အတွင်းရှိ ဇွပ်ရာ စစ်​ရှောင်စခန်းကို စစ်ကောင်စီက ယ​နေ့နံနက် အ​စောပိုင်းတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ထိခိုက်မှုရှိခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးကပြောသည်။

ဒဏ်ရာရက​လေးငယ်ကို ​ဆေးကုသ​ပေး​နေစဥ်။ ဓါတ်ပုံ-CJ

ဟန်​နွေ/People’s Spring

ကချင်ပြည်နယ် ရွှေကူမြို့နယ် အမတ်ကြီးကုန်းရွာအုပ်စု အတွင်းရှိ ဇွပ်ရာ စစ်​ရှောင်စခန်းကို စစ်ကောင်စီက ယ​နေ့နံနက် အ​စောပိုင်းတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အရပ်သား ထိခိုက်မှုရှိခဲ့ကြောင်း သတင်းရင်းမြစ်တစ်ဦးကပြောသည်။

အမတ်ကြီးကုန်ကျေးရွာအုပ်စု၊ ပိန်ေခေါန်ယန်ကျေးရွာ၊ ဇွပ်ရာ စစ်ရှောင်စခန်းနေရာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စက်တင်ဘာ ၁၉ရက် မနက်အစောတွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။ ထိုစစ်​ရှောင်စခန်းသည် ၂၀၁၁ ခုနှစ်ကတည်က တည်​ဆောက်ထားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

“ဒီမနက်ပိုင်း သုံးနာရီမှာ ပိန်းခေါန်ယန်က စစ်ဘေးရှောင် နေရာပေါ့။ ဇွပ်ရာလို့ ခေါ်တယ်။ ဇွပ်ရာစစ်ဘေးရှောင်ရွာ ဘာမှ တိုက်ပွဲလည်းမရှိဘူး အဲဒီရွာကို ဗုံးကြဲတယ်။ ဗုံးကြဲတော့ အရပ်သားထိတဲ့ဟာတွေဖြစ်နေတယ်။အရပ်သား ကလေးတစ်ယောက်ထိခိုက်ဒဏ်ရာရတာဟုတ်တယ်။ အခု လိုင်ဇာဆေးရုံကိုဆေးကုဖို့အတွက်ဆင်းလာကြပြီ” ဟု သတင်းရင်းမြစ်က ပြောသည်။

ဒဏ်ရာရ​သောက​လေးသည် အသက် ၁၃ နှစ်အရွယ်အမျိုးသားငယ်ဖြစ်သည်။

အဆိုပါ စစ်ရှောင်နေရာ အပြင် စာသင်ကျောင်းလည်း လေကြောင်း တိုက်ခိုက်ခံရသည်ဟု သိရသည်။ အသေးစိတ် အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စစ်​ကောင်စီတပ်သည် စက်တင်ဘာ ၁၉ ရက်မနက်အ​စောပိုင်းတွင် ဇွပ်ရာ စစ်​ရှောင်စခန်းအပြင် ​နောင်ချို မြို့ ၊ မင်းတပ်မြို့နယ်တို့ကိုလည်း ဗုံးကြဲခဲ့​ကြောင်းကနဦးသတင်းရရှိသည်။

ရွှေကူမြို့နယ်တွင် ယခုရက်ပိုင်းများအတွင်း တိုက်ပွဲဖြစ်ပွားမှု မရှိ​ပေ။သို့​သော်လည်း ပြီးခဲ့သည့် ရက်က ဗန်းမော်သို့ စစ်ကူနှင့် ရိက္ခာခဲယမ်းဖြည့်တင်းရန် ရေကြောင်းမှ သွားရောက်ရန် ကြိုးပမ်းနေသည့် စစ်ကောင်စီ ရေယာဉ်များကို ရွှေကူနှင့် ဗန်းမော်ကြားတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ သင်္ဘောအချို့ ထိခိုက်ပျက်စီးခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပြသည်။

စစ်ကောင်စီတပ်သည် ၎င်းတို့ စစ်ကြောင်းများ ၊ တပ်စခန်းများ အထိနာတိုင်း အနီးဝန်းကျင်ရှိ အရပ်သား ပြည်သူ နေထိုင်ရာနေရာများကို ပစ်မှတ်ထားပြီး လေကြောင်း၊ လက်နက်ကြီးတိုက်ခိုက်မှုများ လုပ်ဆောင်လေ့ရှိသည်။ ထို့ပြင် ၎င်းတို့ လက်လွတ်ဆုံးရှုံးထားရသည့် မြို့ရွာများကိုလည်း လေကြောင်း တိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်လျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့ကရှေ့တန်းကာကင်းစခန်းကြီးတွေ တခုပြီးတခု လက်လွှတ်နေရတဲ့ အာဏာသိမ်းစစ်တပ်ဟာ ချင်းပြည်နယ်၊ ပလက်၀မြို့နယ်၊ချောင်းဆုံ​ဒေသကို ဒီက​နေ့မှာဂျက်ဖိုက်တာ၊ Y-12 ​လေယာဥ်​တွေနဲ့ ဗုံးကြဲခဲ့တာကြောင့်​ဒေသခံပြည်သူ အများအပြား​သေဆုံးဒဏ်ရာရခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အနောက်ခြမ်းက ကျေးရွာတွေကို စစ်တပ်က လေယာဉ်နဲ့ဗုံးကြဲသွားတာ ကြောင့် ဒေသခံ အမျိုးသမီး၂ဦး သေဆုံးပြီး ၇ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

ပန်းလှတောရကျောင်းတိုက်က သက်တော် ၃၀ နှစ်ကျော်အရွယ် ဦးဇင်းဇနက(ဘွဲ့အမည်လွှဲ)ဟာကျောင်းထဲကို ရွာထဲကဧည့်သည်တွေ ရောက်လာလို့ ရေနွေးနဲ့ ဧည့်ခံဖို့ ပြင်တယ်။ ဦးဇင်းက ပန်းလှတောရကျောင်းတိုက်မှာ သီတင်းသုံးနေတာပါ။ ဦးဇင်းတို့ကျောင်းက ချောင်းဦးမြို့ရဲ့ အရှေ့တောင်အရပ် ၆ မိုင်လောက်အကွာလောက်မှာ ရှိတယ်။ ကျောင်းပေါ်ပေါက်လာတာ သုံးလေးနှစ်လောက်ရှိပါသေးတယ်။ခေတ်ဆိုးခေတ်ပျက်ကြီးထဲမှာ ရွာသူရွာသားတွေရဲ့စေတနာသဒ္ဓါတရားတွေကြောင့်ကျောင်းထဲအဆောက်အအုံလေးတွေ ပေါ်လာခဲ့ရတာပါ။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်က ဘာသာရေး အဆောက်အအုံတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ဆက်လက် လုပ်နေတာကို Burma Research Institute (BRI) က အပြင်းအထန် ရှုတ်ချလိုက်သလို ဘာသာရေး လွတ်လပ်ခွင့်နဲ့ ဘာသာရေး အဆောက်အအုံတွေအပေါ် အကာအကွယ်ပေးမှုတွေ မြှင့်တင်နိုင်ရေး တောင်းဆိုလိုက်ပါတယ်။