Connect with us

Hi, what are you looking for?

သတင်း

မြန်မာများရွှေ့ပြောင်းအခြေချများပြားလာမှုအပေါ် ထိုင်းအမျိုးသားရေးလှုပ်ရှားသူအချို့ ကန့်ကွက်ဆန္ဒပြ

ထိုင်းနိုင်ငံအတွင်း မြန်မာများ ရွှေ့ပြောင်းအခြေချနေထိုင်လာမှု များပြားနေသည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူအချို့က ယနေ့ ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ပြီး အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးရှေ့၌ ထိုင်းအမျိုးသားရေးအဖွဲ့များ ဆန္ဒပြတောင်းဆိုနေစဥ်။ ဓာတ်ပုံ - ပေးပို့

ထိုင်းနိုင်ငံအတွင်း မြန်မာများ ရွှေ့ပြောင်းအခြေချနေထိုင်လာမှု များပြားနေသည့်အပေါ် ကန့်ကွက်သည့်အနေဖြင့် ထိုင်းအမျိုးသားရေးလှုပ်ရှားသူအချို့က ယနေ့ ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးရှေ့၌ ဆန္ဒပြတောင်းဆိုခဲ့ပြီး အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့သည်။

Amazing World Culture Clubအဖွဲ့အစည်းအပါအဝင် ထိုင်းအမျိုးသားရေးအဖွဲ့အစည်း လေးဖွဲ့သည် ယနေ့(စက်တင်ဘာ ၂၃ရက်) နေ့လည် ၁နာရီတွင် ဆန္ဒပြတောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“သံရုံးကိုလည်း နင်တို့တာဝန်ယူထိန်းပေးပေါ့ အဲလိုတောင်းဆိုတယ်”ဟု မြန်မာသံရုံးရှေ့၌ အော်ဟစ်ခဲ့သည်ဟု အဆိုပါသံရုံးရှေ့ရောက်ရှိနေသူ မြန်မာတစ်ဦးက ပြောသည်။

ထို့အပြင် အိတ်ဖွင့်ပေးစာပေးမှုအပေါ် သံရုံးကတာဝန်ရှိသူများက ထွက်မယူ၍ ဆဲဆိုခဲ့ကြသည်ဟုလည်း ၎င်းက ပြောသည်။ ထို့နောက် သံရုံး၏ လုံခြုံရေးထိုင်းရဲတပ်ဖွဲ့က စာယူ၍သံရုံးထံပေးပို့ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဆန္ဒပြတောင်းဆိုသည့် ထိုင်းအမျိုးသားရေးအဖွဲ့များသည် ရွှေ့ပြောင်းအလုပ်သမားများအပေါ် ကန့်သတ်မှုများလုပ်ဆောင်ပေးရန် အချက်(၈)ချက်ကို ပြီးခဲ့သည့်ရက်ပိုင်းက ထိုင်းအစိုးရထံ စတင်တောင်းဆိုခဲ့သည်။

တောင်းဆိုချက် (၈)ချက်တွင် ရွှေ့ပြောင်းအလုပ်သမားများအား အလုပ်လုပ်ခွင့် ပါမစ်ကန့်သတ်ပေးရန်၊ နိုင်ငံရေးမတည်မငြိမ်မှုကြောင့် ရွှေပြောင်းလာသူများအား သတ်မှတ် စခန်းများ၌သာထားရှိရန်စသည့်အချက်မျာ’ပါဝင်းသည်။

ထို့အပြင် အလုပ်လုပ်ခွင့်ပါမစ်ကိုလည်း ရက် (၉၀)သာ ခွင့်ပြုပေးပြီး ရက်(၉၀)ပြည့်ပါက မိခင်နိုင်ငံသို့ ပြန်လည်ပို့ဆောင်ပြီး ထိုင်းနိုင်ငံအတွင်း ပြန်လည်ဝင်ရောက် အလုပ်လုပ်ကိုင်လိုပါက ရက် (၃၀)စောင့်ဆိုင်းစေပြီးမှ အလုပ်လုပ်ခွင့်ပါမစ် ပြန်လည်ထုတ်ပေးရန် အချက်လည်း ပါဝင်သည်။

နိုင်ငံ‌ရေးမတည်မငြိမ်မှုကြောင့် ထွက်ပြေးတိမ်းရှောင်လာသည့် ရွှေ့ပြောင်းအလုပ်သမား အမျိုးသမီးများကိုလည်း ကိုယ်ဝန်ဆောင်ခွင့်မပြုရန်နှင့် ကိုယ်ဝန်ရရှိခဲ့ပါက မိခင်နိုင်ငံသို့ ပြန်လည်ပို့‌ဆောင်ရန်နှင့် ထိုင်းနိုင်ငံသားခံယူခွင့်အစီစဉ် ပြန်လည်သုံးသပ်ပေးရန် စသည့်အချက်များအား တောင်းဆိုထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အုပ်စုဖွင့်ထားတဲ့ CI စခန်းလာလုပ်သူမရှိဟုဆို

သတင်း

ထိုင်းရောက် မြန်မာနိုင်ငံသားတွေရဲ့ ဆေးကုသမှု ကုန်ကျစရိတ် စုစုပေါင်းဟာ ၂၀၂၆ခုနှစ်အတွင်းမှာပဲ ဘတ် သန်း ၉၆၀ ကျော်ထိ ရှိလာတယ်လို့ သိရပါတယ်။

သတင်း

ထိုင်းနိုင်ငံ၊ချွန်ဘူရီခရိုင်မှာစက်ရုံကပြန်လာတဲ့ မြန်မာလုပ်သားတွေရဲ့ဖယ်ရီကား တိမ်းမှောက်မှုဖြစ်ပွားခဲ့ရာ မြန်မာလုပ်သား ၆၀ နီးပါး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ထိုင်းသတင်းတွေက ဖော်ပြပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)နဲ့ ကမ္ဘာ့ဘဏ်တို့ အစည်းအဝေး ကျင်းပတဲ့ နေရာနားမှာ လူပေါင်း ရာနဲ့ချီ ဆန္ဒပြခဲ့ကြပါတယ်။