Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီတပ်သား သုံးဦးလက်နက်ဖြင့် ဂန့်ဂေါခရိုင်တပ်ရင်းထံ အလင်းဝင်

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း ၅ရင်းစုဖွဲ့ လေ့ကျင့်နေစဉ် ကာလအတွင်း စစ်ကောင်စီတပ်သား ၃ဦးအလင်းဝင်လာကြောင်း အဆိုပါ စုဖွဲ့မှုတွင်ပါဝင်သည့် တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဂန့်ဂေါခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၅ရင်းစုဖွဲ့ လေ့ကျင့်နေစဉ်။ ဓာတ်ပုံ - YRA

ဟန်နွေ/People’s Spring

မကွေးတိုင်း၊ ဂန့်ဂေါခရိုင်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တပ်ရင်း ၅ရင်းစုဖွဲ့ လေ့ကျင့်နေစဉ် ကာလအတွင်း စစ်ကောင်စီတပ်သား ၃ဦးအလင်းဝင်လာကြောင်း အဆိုပါ စုဖွဲ့မှုတွင်ပါဝင်သည့် တပ်ရင်းတစ်ခုမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သူတို့က ထီးလင်းကချည်းပဲ။ ကျနော်တို့ စုဖွဲ့မှု လုပ်တာက ၂၀၂၄ ဇူလိုင် ၂၄ရက်လောက်နေ့မှာ အဲဒီနေ့က စပြီးစုဖွဲ့မှု စလုပ်တာ။ စုဖွဲ့မှုလုပ်တဲ့ အတောအတွင်းမှာ ရှေ့မှာခရိုင်ကွပ်ကဲမှုနဲ့ စစ်ဆင်ရေး ဖော်ဆောင်နေတာရှိတယ်။ အဲဒီအတောအတွင်းမှာကျနော်တို့ စုဖွဲ့မှုမှာရှိတဲ့ တပ်ရင်းတွေကို ချိတ်ဆက်ပြီး CDMဝင်တဲ့ စစ်ကောင်စီတပ်သားက သုံးဦးရှိတယ်ပေါ့။ လက်နက်အပြည့်အစုံတွေနဲ့ပါပဲ။ ဝန်ကြီးဌာနကပဲ ဂုဏ်ပြုငွေထုတ်ပေးထားတာရှိပါတယ်။အဲဒီဟာတွေကိုပဲ သက်ဆိုင်ရာ တပ်ရင်းမှူးတွေက တဆင့်

Public Service Announcement

Public Service Announcement

ဆုချီးမြှင့်ထားတယ်။ ပြီးတော့ သက်ဆိုင်ရာ တပ်ရင်းတွေမှာကောင်းမွန်စွာ စောင့်ရှောက်ထားတာရှိပါတယ်”ဟု အဆိုပါ တာဝန်ရှိသူက ပြောသည်။

ဒေသတွင်းတော်လှန်ရေးအင်အားစုများ ပိုမိုကျစ်လစ်အားကောင်းလာစေရန် ဂန့်ဂေါခရိုင် ၊ ခရိုင်အမှတ် (၁၃၊၁၅၊၁၆၊၁၇၊၁၈)စသည့် တပ်ရင်း ၅ရင်းစုဖွဲ့ လေ့ကျင်းမှု လုပ်ဆောင်

နေသည်မှာ ယနေ့အထိ နှစ်လခန့် ကြာပြီဖြစ်သည်။ အဆိုပါ တပ်ရင်း ၅ရင်းသည် ဆောနှင့် ထီးလင်းအခြေစိုက်တပ်ရင်းများ ဖြစ်သည်။

အဆိုပါ တပ်ရင်း ၅ရင်း စုဖွဲ့လေ့ကျင့်မှုတွင် သပိတ်ခေါင်းဆောင် ဒေါက်တာတေဇာဆန်း၊ အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများ လာရောက်ကာ တပ်ဖွဲ့ဝင်များအား ဩဝါဒပေးခြင်း ၊ စိတ်ခွန်အားပေးခြင်းနှင့် ရှေ့ဆက်ဆောင်ရွက်ကြရမည့်လုပ်ငန်းများအား ချပြဆွေးနွှေးခြင်းများ လုပ်ဆောင်ခဲ့ကြောင်း ယောတော်လှန်ရေးတပ်-YRA(ထီးလင်း) ထုတ်ပြန်ထားသည်။

စစ်ကောင်စီ၏လက်အောက်တွင် မနေလိုကြသော စစ်သား ၊ ရဲများအနေဖြင့် CDM ဝင်လိုပါက တပ်ရင်းများထံဆက်သွယ်ပြီး ပြည့်သူ့ရင်ခွင်တွင် ခိုလှုံနိုင်ကြောင်းလည်း YRA ထီးလင်း

က ထုတ်ပြန်ခဲ့သည်။

“ကျနော်တို့ တပ်ရင်း ၅ရင်းမှာ CDM ဝင်တဲ့ စစ်ကောင်စီတပ်သားတွေများပြီ။ လက်ရှိတော့ ကျနော်တို့ တပ်ရင်းတွေမှာ တာဝန်ထမ်းဆောင်ကြတဲ့ စစ်ကောင်စီတပ်သား

တွေလည်းရှိပါတယ်။ အခုကတော့ ကျနော်တို့ စုဖွဲ့တဲ့အချိန် ဇူလိုင်လကတည်းကစပြီးယနေ့ အချိန်ထိ ၃ဦးအထိရှိလာတာပေါ့”ဟု စုဖွဲ့မှုတွင် ပါဝင်သည့် တပ်မှူးတစ်ဦးက ပြောသည်။

တပ်ရင်းများအနေဖြင့် စုဖွဲ့လေ့ကျင့်မှု ဆောင်ရွက်နေစဉ် အချိန်ကာလအတွင်းတွင်လည်း ခရိုင်ကွပ်ကဲမှုလမ်းညွှန်ချက်များနှင့်အညီ စစ်ကောင်စီတပ်အား ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိပြီး မပြီးဆုံးသေးသော တော်လှန်ရေးအား အောင်မြင်ပြီးဆုံးသည်အထိ လက်တွဲညီညီဖြင့် ဆက်လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့မြို့သစ်မြို့နယ်ထဲမှာ စစ်တပ်​လက်​အောက်ခံရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တဦးက လက်နက်ခဲယမ်း တွေယူဆောင်လာပြီးတမူးခရိုင်၊အမှတ်(၂)တပ်ရင်းထံအလင်းဝင်လာပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ မော်လိုက်ခရိုင် တပ်ရင်း(၃)က အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ကောင်းမွန်စွာ ကျွေးမွေးထားကြောင်း ရုပ်သံမှတ်တမ်းဖော်ပြပြီး အလင်းဝင်သူနဲ့ စစ်သုံ့ပန်းကို ခွဲခြားထားရှိတာဖြစ်လို့ စစ်ကောင်စီတပ်သားတွေ အလင်းဝင်မလား စစ်သုံ့ပန်းအဖြစ်ခံမလား စဉ်းစားစေလိုတယ်လို့ သတိပေးခဲ့ပါတယ်။