Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ ယနေ့ လေကြောင်းတိုက်ခိုက်မှု လူထိခိုက်မှုမရှိဟု MNDAA ထုတ်ပြန်

လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူများ၏ နေထိုင်မှုဘ၀များထိခိုက်ပြီး ပြန်လည် ထူထောင်ရေး အတားအဆီးဖြစ်စေဟု ဖော်ပြ

လားရှိုးမြို့ ယနေ့ လေကြောင်းတိုက်ခိုက်မှုအပြီး တွေ့ရသော အပျက်အစီးများ။ ဓာတ်ပုံ - MNDAA

ဟန်နွေ/People’s Spring

စစ်ကောင်စီက လားရှိုးမြို့ကို ယနေ့ (စက်တင်ဘာ ၂၅ရက်) နံနက်တွင် ဖျက်အားပြင်း ဗုံးများဖြင့် လေကြောင်း တိုက်ခိုက်ခဲ့သော်လည်း လူထိခိုက်သေဆုံးမရှိခဲ့ကြောင်း ကိုးကန့်တပ်မတော် (MNDAA)က သတင်းထုတ်ပြန်သည်။

MNDAAက လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက စက်တင်ဘာ နောက်ဆုံးပတ်တွင် မြို့ကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်လာရာ ယနေ့ နံနက်စော ၂နာရီ ၁၅မိနစ်တွင် လားရှိုးမြို့ ရပ်ကွက် (၁၂)နှင့် လားရှိုးနည်းပညာတက္ကသိုလ်နှင့် ဆက်စပ်လျက်ရှိသည့် နည်းပညာ အထက်တန်းကျောင်းအနီးကို လေကြောင်းမှ ဗုံးကြဲခဲ့ခြင်းဖြစ်သည်။

ပေါင်ချိန်များသော ဗုံးလေးလုံးကို ဆက်တိုက်ကြဲချခဲ့၍ အထက်တန်းကျောင်းအပြင် အနီးနားရှိဘုန်းတော်ကြီးကျောင်းနှင့် အများပြည်သူပိုင် အဆောက်အဦးများ ဆိုးရွားစွာပျက်စီးခဲ့သော်လည်း ကံကောင်းထောက်မ စွာဖြင့် လူအသေအပျောက်မရှိခဲ့ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုအပြီးတွင် လားရှိုးဧရိယာ စစ်ရေးအုပ်ချုပ်မှုကော်မတီနှင့် ရဲတပ်ဖွဲ့တို့မှ တပ်ဖွဲ့ဝင်များအား ဗုံးပေါက်ကွဲသည့်နေရာသို့ အမြန်သွားရောက်ရန်စီစဉ်ကာ ပြည်သူများ ထိခိုက်ဒဏ်ရာရခြင်း သို့မဟုတ် ပိတ်မိခြင်းမှ ကာကွယ်ကယ်ဆယ်ရန် စုံစမ်း စစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီက စက်တင်ဘာ ၂၄ရက် နံနက်ကလည်း ယခုကဲ့သို့ လားရှိုးမြို့ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သား တစ်ဦးသေဆုံးကာ ၁၆ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး နေအိမ်အဆောက်အဦးများ ပျက်စီးမီးလောင်ခဲ့သည်။

မင်းအောင်လှိုင်၏ အာဏာသိမ်းတပ်သည် အေးချမ်းတည်ငြိမ်နေသည့် လားရှိုးမြို့ကိုလေကြောင်းမှ မကြာခဏ ထိုးစစ်မှုများပြုလုပ်ခဲ့ရာအရပ်သားအများ‌အပြား‌သေဆုံးခဲ့ပြီး စာသင်ကျောင်းနှင့် လူနေအိမ်ကဲ့သို့သော အများပြည်သူပိုင် နေရာများနှင့် အဆောက်အဦးများစွာ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊ လားရှိုးမြို့သူ၊ မြို့သားများ အထိတ်တလန့် ဖြစ်ခဲ့ကြရပြီး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုများကြောင့် ပြည်သူများ၏နေထိုင်မှုဘဝများ ထိခိုက်ခဲ့ရကြောင်း MNDAAက ထုတ်ပြန်သည်။

ထို့ပြင် တိုက်ပွဲဖြစ်ပွားပြီးနောက် လားရှိုးမြို့ပြန်လည်ထူထောင်ရေးလုပ်ငန်းများ၌လည်း အတားအဆီးဖြစ်စေခဲ့ကြောင်းလည်း ဖော်ပြခဲ့သည်။

စစ်ကောင်စီတပ်သည် စစ်ရေးအရအထိနာသည့် အနေခြအနေတွင် ၎င်းတို့ လက်လွှတ်ဆုံးရှုံးခဲ့ရသည့် နေရာအများအပြားကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။ ယခု စက်တင်ဘာတွင် ရှမ်းမြောက်၊ ကရင်နီ၊ မကွေး၊ စစ်ကိုင်း၊ မန္တလေး၊ ကချင်၊ ရက္ခိုင်စသည့် နေရာများအပြားကို လေကြောင်းတိုက်ခိုက်မှုများ တိုး၍ပြုလုပ်လာခဲ့ရာ အရပ်သား ပြည်သူ ရာချီသေဆုံးထိခိုက်ခဲ့ရသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းတုန်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးငယ်တွေအပါအ၀င် ‌‌ပြည်သူ ၆ဦးသေဆုံးပြီး ၅ဦး ဒဏ်ရာရရှိတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်း တာ၀န်ရှိသူက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ စက်တင်ဘာ ၁၃ရက်ညနေကနေ ညပိုင်းအထိ စစ်တပ်က ကင်းထောက်လေယာဉ် အနိမ့်ပျံသန်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။