Connect with us

Hi, what are you looking for?

သတင်း

တနင်္သာရီမြို့နယ် သိန္ဓောစခန်းမှစစ်သားများ စခန်းစွန့်ထွက်ပြေး

တော်လှန်​ရေးတပ်များ၏ပိတ်ဆို့တိုက်ခိုက်မှုကို မခံနိုင်၍ ထွက်ပြေးခြင်းဟုတနင်္သာရီတိုင်းစစ်ဌာနပြော

သိန္ဓောစခန်း ကို​တော်လှန်​ရေးတပ်များက သိမ်းယူပြီး​နောက်​တွေ့ရစဥ်။ ဓါတ်ပုံ- တနင်္သာရီတိုင်းစစ်​ဒေသ

ကျော်ဇော/People’s Spring

တနင်္သာရီမြို့နယ်၊ သိန္ဓောကျေးရွာအခြေစိုက် စစ်ကောင်စီ၏ သိန္ဓောစခန်းမှ စစ်ကောင်စီတပ်သားများသည် တော်လှန်ရေးတပ်ဖွဲ့များ ၏အကြိမ်ကြိမ်ပိတ်ဆို့တိုက်ခိုက်မှု​ကိုမခုခံနိုင်ဘဲ စခန်းစွန့်ထွက်ပြေးသွားကြောင်း တိုင်းစစ်ဌာန(တနင်္သာရီ)က ယနေ့(စက်တင်ဘာ၂၈) ထုတ်ပြန်သည်။

အဆိုပါစခန်းကို အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန (MOD)၊ တိုင်းစစ်ဌာန(တနင်္သာရီ)ကွပ်ကဲမှုအောက်ရှိ မြိတ်ခရိုင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)နှင့် စစ်ကြောင်း(၂) တို့မှ ၂၀၂၄ ခုနှစ်ဧပြီလကုန်ခန့်မှစ၍ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုသိရသည်။

“အကြမ်းဖက်စစ်ကောင်စီဖက်မှ လေကြောင်းတိုက်ခိုက်မှု အပြင်းထန်ဆုံး တိုက်ပွဲဖြစ်ခဲ့သည်”ဟု တိုင်းစစ်ဌာန(တနင်္သာရီ)က အသိ ပေးသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီ၏ သိန္ဓောစခန်းမှာ အင်အား ၁၅၀ ခန့်သည် စက်တင်ဘာ ၂၅ ရက်တွင် စခန်းစွန့်ထွက်ပြေးသွားပြီး ဘန်ကြုပ်ကျေး ရွာအနီးရောက်ရှိလာရာ တော်လှန်ရေးပူး ပေါင်းတပ်များနှင့်တိုက်ပွဲများ ထပ်မံဖြစ်ပွားနေသည်ဟု သိရသည်။

“ငါလိုချင်တဲ့ စခန်းရပြီ။ ကြိုးစားပေးတဲ့ ရဲ ဘော်အားလုံး ကျေးဇူးတင်ပါတယ်။ ဇီဝဇိုး ငှက်တွေရဲ့ အစွမ်းလေ”ဟု သိန္ဓောစခန်းတိုက် ခိုက်မှုတွင်ပါဝင်သည့် တော်လှန်ရေးပူးပေါင်းတပ်များဘက်မှ တပ်ဖွဲ့ဦးဆောင်သူတစ်ဦးကလူမှုကွန်ယက်တွင်​ရေးထားသည်။

အဆိုပါသိန္ဓောစစ်စခန်းမှာ ၁၉၈၀ ခုနှစ်ခန့်ကတည်းက နှစ်ပေါင်း(၄၀)ကျော် အခြေစိုက်တပ်စွဲခဲ့သည့် အထိုင်စခန်းတစ်ခုဖြစ်သည်။ထိုစခန်းမှ ထိုင်း- မြန်မာနယ်စပ်ရှိ ဝါးနွယ်စခန်း၊ လေကေစခန်း နှင့် ပွိုင့်(၃၀၀၀)စခန်းတို့ကိုအုပ်ချုပ်ထောက် ပံ့မှုပေးနေသော အဓိကကျသည့် ရှေ့တန်းစခန်းလည်းဖြစ် သည်ဟု တိုင်းစစ်ဌာန(တနင်္သာရီ)က အသိ ပေးသည်။

လက်ရှိတွင် တနင်္သာရီမြို့နယ်၊ သိန္ဓောစခန်းမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သည် ပြည်သူ့ကာကွယ်ရေးတပ်များကြား တိုက်ပွဲဖြစ်ပွာလျက်ရှိရာ မြိတ်ခရိုင်အတွင်း၌ ခရီး သွားလာကြမည့် ပြည်သူများအနေဖြင့် တိုင်းစစ်ဌာန(တနင်္သာရီ)မှ ထုတ်ပြန်ထားသည့် အသိပေးချက်များအတိုင်း အလေးထားပူးပေါင်းပေးကြပါရန် တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

ချင်းပြည်နယ်မြို့တော်ဟားခါးမှာအာဏာသိမ်းစစ်တပ်ရဲ့တပ်သားတစ်ဦး သေနတ်တစ်လက်နဲ့ ခဲယမ်းအချို့ယူလာပြီး ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး )ထံပြီးခဲ့တဲ့ရက်ပိုင်း(ဇူလိုင်လ ၂၇ ရက်)မှာခိုလှုံလာတယ်လို့ CDF ဟားခါးထောက်ပို့အဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ကျူးလွန်သူက ဝင်းနိမ္မိတာရုံဆရာတော်ကို ပစ်သတ်ခဲ့ပြီးနောက်ပိုင်း စိတ်ကစဉ့်ကလျားဖြစ်နေသူဟု သတင်းထွက်

သတင်း

အာဏာသိမ်းစစ်တပ်က တပ်သား ၁ဦး လက်နက်ယူလာပြီး အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်နြပ်ပါတယ်။