Connect with us

Hi, what are you looking for?

သတင်း

ထိုင်းမှာ မြန်မာမုန်းတီး​ရေး လှုံ့​ဆော်မှု​တွေကိုဘယ်လို​ကျော်လွှားမလဲ

ထိုင်းနိုင်ငံမှာ ဒီလပိုင်းအတွင်းထိုင်းအမျိုးသားရေးလှုပ်ရှားသူအချို့နဲ့ ထိုင်း နိုင်ငံသားအချို့ကြားမှာ မြန်မာ မုန်တီး​ရေး ​ပြောဆိုမှု​တွေ ၊လှုံ့​ဆော်မှု​တွေ ပိုများလာတာနဲ့ ပတ်သက်ပြီး ဒီတစ်ပါတ်မှာ ​ပြောပြချင်ပါတယ် ။

ဘန်ကောက်မြို့ရှိ စစ်ကောင်စီ၏ မြန်မာသံရုံးရှေ့၌ ထိုင်းအမျိုးသားရေးအဖွဲ့များ ဆန္ဒပြတောင်းဆိုနေစဥ်။ ဓာတ်ပုံ - ပေးပို့

ဒီးဒီ

ထိုင်းနိုင်ငံမှာ ဒီလပိုင်းအတွင်းထိုင်းအမျိုးသားရေးလှုပ်ရှားသူအချို့နဲ့ ထိုင်း နိုင်ငံသားအချို့ကြားမှာ မြန်မာ မုန်တီး​ရေး ​ပြောဆိုမှု​တွေ ၊လှုံ့​ဆော်မှု​တွေ ပိုများလာတာနဲ့ ပတ်သက်ပြီး ဒီတစ်ပါတ်မှာ ​ပြောပြချင်ပါတယ်။

စက်တင်ဘာ လဆန်းပိုင်းမှာထိုင်းတောင်ပိုင်း စူရတ်ဌာနီခရိုင်မှာ ရွှေ့ပြောင်းမြန်မာလုပ်သား​တွေရဲ့ ကလေးငယ်​ တစ်ထောင်ကျော် ပညာသင်ကြားနေတဲ့ ​ကျောင်းမှာ မြန်မာ ​ကျောင်းသားငယ်တွေက မြန်မာနိုင်ငံတော်သီချင်းဆိုတဲ့ရုပ်သံ အတို​လေးလူမှုကွန်ယက်မှာပျံ့နှံ့ခဲ့ပါတယ်။ ဒီရုပ်သံအတို​လေးက​နေ အမုန်းစကား​ပြောဆိုမှုတွေဟာ တစ်​တော့နဲ့ လူမှုကွန်ယက်မီဒီယာ​​တွေမှာ အရမ်းများလာတာ​ကြောင့် ထိုင်းအာဏာပိုင်​တွေဟာ​ကျောင်းကိုစစ်​ဆေးခဲ့ပါတယ် ။ ​ကျောင်းဟာ ထိုင်းအစိုးရကထုတ်​ပေးတဲ့အ​ထောက်အထား​တွေမပြည့်စုံဘူးမရှိဘူးဆိုတဲ့ အ​ကြောင်းပြချက်နဲ့ပိတ်လိုက်ရပါတယ် ။

Public Service Announcement

Public Service Announcement

ပြသာနာက ဒီတင်ပြီးမသွား​သေးပဲ မြန်မာ​ရွေ့​ပြောင်းလုပ်သား​တွေရဲ့ က​လေးငယ်​တွေ တက်​ရောက်​နေတဲ့ ​ကျောင်းအချို့ပါ ဂယက်ရိုက်ပြီးပိတ်လိုက်ရပါတယ် ။

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်း ထိုင်းနိုင်ငံကို ​ရွေ့​ပြောင်း​ရောက်ရှိလာတဲ့ မြန်မာ​တွေ အများအပြားရှိလာတာ ၊စစ်တပ်ရဲ့ စစ်မှုမထမ်းမ​နေရဥပ​ဒေ​ကြောင့် လူငယ်​တွေအများအပြားထိုင်းကို​ခေတ္တတိမ်း​ရှောင်ရတာစတာ​တွေ​ကြောင့် ထိုင်းနိုင်ငံမှာမြန်မာ​တွေဟာ ဘယ်​​ခေတ်က​နဲ့မှ မတူ​အောင်​ အများအပြားလာ​ရောက်မှီတင်း​နေထိုင်ကြရပါတယ်။ ဒီထဲက မြန်မာအချို့ဟာ ထိုင်းအစိုးရကခွင့်မပြုတဲ့အလုပ်​တွေကို ဝင်လုပ်​နေတယ်၊ ထိုင်းနိုင်ငံရဲ့ ကွန်ဒိုနဲ့ အိမ်ရာ​ရောင်းချရမှုမှာ မြန်မာ​တွေက ကာလတိုအတွင်းထိပ်ဆုံး စာရင်းဝင်လာတာ ၊ ထိုင်းနိုင်ငံသား​အချို့တောင် ကိုဗစ်အလွန်မှာ အ​ကြွေးပိ​နေချိန်မှာ မြန်မာ​တွေကအွန်လိုင်းက​နေ ​ဈေး​ရောင်းဝယ်ပြီးအလုပ်ဖြစ်​နေတာ ၊ မြန်မာ​တွေက ထိုင်း​တွေရဲ့ အလုပ်​တွေကို လုလုပ်​နေကြပြီ စတဲ့ အ​ကြောင်းပြချက်မျိုးစုံနဲ့ မြန်မာ​တွေအ​ပေါ်အမုန်းစကား​ပြောဆိုမှု​တွေက လူမှုကွန်ယက်စာမျက်နှာ​တွေမှာပိုများလာပါတယ် ။

အဲဒီအချိန်မှာ မြန်မာ​နိုင်ငံသားတွေက ထိုင်းနိုင်ငံမှာ ထိုင်းအစိုးရ ခွင့်မပြုတဲ့လုပ်ငန်း​တွေ လုပ်​နေတာကို ​လူမှုကွန်ယက်စာမျက်နှာ​တွေ​ပေါ် က​နေ ​ခြေရာခံပြီး စုစည်း​ဖော်ပြ​ပေးတဲ့Look Myanmar ဆိုတဲ့ ​ဖေစ်ဘွခ်စာမျက်နှာကလည်း မြန်မာ​တွေအ​ပေါ် အမုန်းစကား​ပြောဖို့ လှုံ့​ဆော်​​ပေးလာတာ​တွေ့ရပါတယ် ။ Look Myanmar ​ဖေစ်ဘွခ်​ပေချ်ရဲ့ Admin တစ်ဦးထဲမှာ မြန်မာ တစ်ဦးပါဝင်သလို ၊ ​ပေချ် Admin တစ်ဦးဟာ မြန်မာနိုင်ငံကိုသွား​ရောက်လည်ပတ် ဖူးတဲ့ Digital Foot Print ​တွေ့ရတာ​ကြောင့် မြန်မာမုန်းတီး​ရေးလုပ်​နေသူ​တွေထဲမှာ မြန်မာ​တွေကိုယ်တိုင်ပါ​နေသလားဆိုတဲ့ ​မေးခွန်း​တွေကျယ်ပြန့်လာပါတယ် ။

ဒါအပြင် ထိုင်းအစိုးရဟာ နိုင်ငံတွင်း တရားမဝင်နိုင်ငံခြားသားလုပ်သား​တွေကို တားဆီးအ​ရေးယူဖို့အတွက် ရက်ပေါင်း ၁၀၆ ရက်စီမံချက်အရ မြန်မာတွေအပါအဝင်နိုင်ငံခြားသား​လုပ်သားတွေကိုဖမ်းဆီးစစ်ဆေးတာတွေ တင်းတင်းကြပ်ကြပ်လုပ်ခဲ့ပါတယ် ။ အဲဒီစီမံချက်နဲ့ ဖမ်းဆီးအ​ရေးယူခံရတဲ့ မြန်မာ တစ်သိန်း​ကျော်အထိရှိခဲ့ပါတယ် ။

ထိုင်းအမျိုးသားရေးအဖွဲ့ ​တွေဟာ ရွှေ့ပြောင်းအလုပ်သမားများအပေါ် တင်းကြပ်တဲ့ကန့်သတ်မှု​တွေလုပ်ပေးဖို့ အချက်(၈)ချက်ပါတဲ့ ​တောင်းဆိုချင်ကို စက်တင်ဘာလလယ်ပိုင်းမှာ ထိုင်းအစိုးရထံ တောင်းဆိုခဲ့ကြပါ​သေးတယ်။

ဒီအ​ခြေအ​နေမှာ စက်တင်ဘာ ၂၃ ရက်မှာ ဘန်ကောက်မြို့မှာရှိတဲ့ စစ်ကောင်စီ မြန်မာသံရုံးရှေ့မှာထိုင်းအမျိုးသားရေးလှုပ်ရှားသူအချို့က မြန်မာ​တွေရွှေ့ပြောင်းအခြေချမှု များပြားလာတဲ့အပေါ် ပထမဆုံးအကြိမ်ကန့်ကွက်ဆန္ဒပြပြီးအိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပါတယ်။ ထိုင်းအမျိုးသားရေးလှုပ်ရှားသူသူ​တွေဖြစ်တဲ့ Amazing World Culture Clubအဖွဲ့ အပါအဝင် ထိုင်းအမျိုးသားရေးအဖွဲ့အစည်း လေးဖွဲ့က ထိုင်းနိုင်ငံသား ၂၀ ​ကျော်က ဆန္ဒပြခဲ့ကြတာပါ။

ဒါ​ကြောင့် ထိုင်းနိုင်ငံ​ရောက်မြန်မာနိုင်ငံသား​တွေ အထူးသဖြင့် အ​ထောက်အထားမရှိတဲ့ မြန်မာ​တွေဟာ ဘယ်တုန်းကနဲ့မှ မတူတဲ့ ဖိအား​တွေရင်ဆိုင်ခဲ့ကြရပါတယ် ။ထိုင်း​ရောက် မြန်မာ​တွေရဲ့ စိုးရိမ်ပူပန်မှုကို တစ်​တော့နဲ့ လူမှုကွန်ယက်က သတင်းအမှား​တွေ ၊မြန်မာမုန််းတီး​ရေးလှုံ့​ဆော်မှု​တွေက အရှိန်တက်​စေခဲ့ပါတယ် ။

ဒါကြောင့် ထိုင်းနိုင်ငံမှာ ထိုင်းနိုင်ငံသားအချို့ကြားနဲ့ လူမှုကွန်ယက်​ပေါ်​က မြန်မာမုန်တီးမှု လှုံ့​​ဆော်​နေတဲ့ အခြေအနေ​တွေနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံ မဟာချိုင်အခြေစိုက် အလုပ်သမားကာကွယ်ပေးရေးကွန်ရက် (Labour Protection Network Foundation -LPN)တည်ထောင်သူ မစ္စတာ ဆွန်ပေါင်ဆကဲယောက် ကို People’s Spring က ဆက်သွယ်​မေးမြန်းခဲ့ပါတယ်

ထိုင်းရောက်မြန်မာတွေအနေနဲ့ ထိုင်းလူမျိုးအချို့ရဲ့ အမုန်းစကားဖြန့်ဝေပြောဆိုနေတဲ့ပေါ်မှာ အစိုးရိမ်လွန်ပြီးတုန့်တာမျိုး မလုပ်ဘဲ ငြိမ်ငြိမ်လေးနေထိုင်ကြဖို့ ဆွန်ပေါင်ဆကဲယောက်က အကြံပြုပါတယ် ။ ဒီဝါဒဖြန့်မှုတွေကို လိုက်မခံစားကြဖို့နဲ့ တုန့်ပြန်မှုတွေလည်း မလုပ်ကြဖို့သူက ပြောပါတယ်။

ဆွန်ပေါင်ဆကဲယောက် ဟာ အလုပ်သမားကာကွယ်ပေးရေးကွန်ရက် -LPN ကို ၂၀၀၄ ခုနှစ်မှာ စတင်တည်ထောင်ခဲတာဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့ ရွှေ့ပြောင်းလုပ်သား​တွေအရေး ကာလရှည်ကူညီဖြေရှင်းပေးခဲ့တာ​ကြောင့် ထိုင်းနိုင်ငံမှာ နာမည်ရတဲ့ လူ့အခွင့်အရေးသမားတစ်ဦးဖြစ်ပါတယ် ။

“ငြိမ်ငြိမ်လေးပဲနေလိုက်ကြပါ။ ဘာပြဿနာမှ ဆက်မဖြစ်အောင် နေလိုက်ကြပါ။ မကြောက်ရွံ့ကြနဲ့။ ဒီဝါဒဖြန့်တဲ့သတင်းတွေဟာဒီလူတစ်စုကပဲ ကြံဖန်ပြီးလုပ်ကြတာ။ အစိုးရနဲ့ မဆိုင်ဘူး။ရွှေ့ပြောင်းအလုပ်သမားကိစ္စနဲ့ ပတ်သက်လာရင် အဓိက တာဝန်ရှိတာ အစိုးရပါ။ အစိုးရကလည်း ဥပဒေဘောင်ပြင်ပက လုပ်ဆောင်မှာ မဟုတ်ပါဘူး၊ ဥပဒေဘောင် အတွင်းကသာ ဆောင်ရွက်မှာဖြစ်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်”လို့ ထိုင်းနိုင်ငံမှာ ​ရွေ့​​ပြောင်းမြန်မာ လုပ်သား​တွေအ​ရေးကူညီ​ပေး​နေသလို ရွှေ့ပြောင်းကလေးငယ်​တွေအတွက် ပညာရေးစင်တာ ၄၀ကျော်တည်ထောင်ထားတဲ့သူက​အကြံပြုပါတယ်။

ထိုင်းရောက်မြန်မာများတွေအပေါ် အမုန်းစကားပြောဆိုနေတာဟာ ထိုင်းလူမျိုးတစ်စု၊ မျိုးချစ်လူတစ်စုသာဖြစ်ပြီး သူတို့တွေဟာ ရွှေ့ပြောင်းအလုပ်သမား သမိုင်းဖြစ်စဉ်ကို မသိတဲ့လူတစ်စုသာဖြစ်တယ်လို့ ဆွန်ပေါင်ဆကဲယောက်က ဆိုပါတယ်။

“ထိုင်းစီးပွားရေးအလုပ်ရှင်တွေဟာ ရွှေ့ပြောင်းအလုပ်သမားတွေကြောင့် ရေလုပ်ငန်း၊ ရေလုပ်ငန်းနဲ့ဆက်စပ်တဲ့လုပ်ငန်းတွေနှင့် အခြားလုပ်ငန်းခွင်တွေမှာရော များစွာကျိုးပြုတယ်ဆိုတာ၊ ထိုင်းအလုပ်ရှင်တွေဟာ ရွှေ့ပြောင်းအလုပ်သမားမရှိရင်မဖြစ်သလို၊ ရွှေ့ပြောင်းအလုပ်သမားတွေကလည်း ထိုင်းတွေ မရှိရင်မဖြစ်ဘူး ။အားလုံးဟာ ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ၊ ထိုင်းနိုင်ငံဟာ အပြည်ပြည်ဆိုင်ရာ အလုပ်သမားနဲ့ပတ်သက်တဲ့ ပဋိညာဉ်တွေလက်မှတ်ထိုးပြီးသား ဆိုတာတွေလည်း ဒီလူတစ်စုနားမလည်ကြဘူး။ ဒီလူတစ်စုဟာ အတွင်းလူတွေ မဟုတ်ဘူး၊ အပြင်လူပါ။ ကျွန်တော်တို့သာ အတွင်းလူဖြစ်တယ်”လို့ သူကရှင်းပြပါတယ်။

ဒါ့​ပေမယ့် ထိုင်းအစိုးရက စီမံချက်နဲ့ မြန်မာ အပါအဝင် တရားမဝင် နေထိုင်တဲ့ နိုင်ငံခြားသားတွေ၊ အ​ထောက်အထားမရှိတဲ့ နိုင်ငံခြားသားလုပ်သား​တွေကို စစ်ဆေး ဖမ်းဆီးတာ​တွေက​တော့ ထိုင်း အစိုးရမှာ လုပ်ပိုင်ခွင့်ရှိတယ် လို့ဆိုပါတယ်။

“တရားမဝင်ရွှေ့ပြောင်းအလုပ်သမားတွေတွေ့ရှိရင်လည်း အလုပ်သမားဥပဒေအရ အရေးယူဆောင်ရွက်ပြီး မိခင်နိုင်ငံကိုပြန်ပို့တယ်။ ဒါဟာရာဇဝတ်မှုမဟုတ်ပါဘူး။ ဒါ​ပေမယ့် ကျွန်တော့် သဘောထားကတော့ အခုချိန်မှာ ရွှေ့ပြောင်းအလုပ်သမားများကို စစ်ဆေးဖမ်းဆီးပြန်ပို့တာရေးကို မလုပ် သင့်ဘူး။ သူတို့အတွက် အသက်အန္တရာယ်ရှိတယ်။ ရွှေ့ပြောင်းအလုပ်သမားများကို စစ်ဆေးဖမ်းဆီးပြီး အလုပ်ရှင်မရှိရင် အလုပ်ရှင်ရှိအောင်လုပ်၊ အလုပ်ပါမစ်မရှိရင် အလုပ်ပါမစ်ရှိအောင်လုပ်ပေးတာပဲ ဖြစ်သင့်တယ်”လို့ သူက ဆက်ပြောပါတယ်။

အထူးသဖြင့် ထိုင်းအစိုးရအနေနဲ့လည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေကိုနားလည်ဖို့လိုတယ်လို့ ဆိုပါတယ်။

“(မြန်မာက) ကမ္ဘောဒီးယားနိုင်ငံလို မဟုတ်ဘူး။ ကမ္ဘောဒီးယားနိုင်ငံက ဘာပြဿနာမှမရှိဘူး။ မြန်မာနိုင်ငံကနေ အသက်ဘေးလွတ်ရာ ထွက်ပြေးလာတဲ့လူတွေဟာ အခြေအနေ အမျိုးမျိုး အကြောင်းအမျိုးမျိုးနှင့် ထိုင်းနိုင်ငံကိုရောက်လာ ကြတယ်။ တချို့က နိုင်ငံလှုပ်ရှားသူတွေ၊ ပီဒီအက်ဖ်တွေ၊ ထောက်ပို့တွေ၊ ဘလက်လစ်ဝင်သူတွေ ဖြစ်ကြတယ်။ ဒီလိုလူတွေကို ဖမ်းဆီးပြန်ပို့ခြင်းမလုပ်သင့်ဘူး။ ထိုင်းနိုင်ငံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုရှိရမယ်”လို့ သူက​ပြောပါတယ် ။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်နိုင်တဲ့အရွယ် လူတွေလျော့လာတယ်။ သက်ကြီးရွယ်အို​တွေများ လာတယ်၊ ကလေးမွေးနှုန်းနည်းလာတယ်။ ဒါကြောင့် ထိုင်းအလုပ်သမားဦးရေလည်းလျော့နည်းလာတာ​ကြောင့် ကုန်ထုတ်စွမ်းအားစုနဲ့ ထိုင်းစီးပွား​ရေး တိုးတက်​အောင် ရွှေ့ပြောင်းအလုပ်သမား​တွေက အဓိက အခန်းကဏ္ဍကပါဝင်​နေပါတယ်။

“ရွှေ့ပြောင်းအလုပ်သမားများဟာ အလုပ်မရွေး ကြဘူး။ ခက်ခဲကြမ်းတမ်း၊ ညစ်ပတ်နုံချာ အန္တရာယ်များတဲ့အလုပ်ဟူသမျှ လုပ်ကြတယ်။ ဒီအလုပ်တွေကို ထိုင်းလူမျိုးတွေမလုပ်ကြဘူး။ တချို့မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ ထိုင်းနိုင်ငံကိုဝင်လာပြီး မသင့်လျော် တဲ့အပြုအမူတွေလုပ်၊ မူးယစ်ဆေးဝါးကူးသန်းရောင်းဝယ်ကြ စတဲ့သူတွေက တစ်ကဏ္ဍပါ။ ဥပဒေနဲ့ မညီပြုမူသူတွေကိုတော့ ဥပဒေအရ ဆောင်ရွက်သင့်တာပေါ့။ ဒီကနေ့ ထိုင်းနိုင်ငံမှာ မရှိမဖြစ်လိုအပ်နေတာက ရွှေ့ပြောင်းအလုပ်သမားဖြစ်ပါတယ်” လို့ သူက ​ရွေ့​ပြောင်းလုပ်သား​တွေရဲ့အခန်းကဏ္ဍကို ​ပြောပါတယ် ။

ဒီရက်ပိုင်းမှာ​တော့ ထိုင်း​ရောက်မြန်မာ​တွေအ​ပေါ်အမုန်းစကား​ပြောဆိုမှု​တွေက အရှိန်ကျစပြုလာပါတယ် ။ဒါ​ပေမယ့် Look Myanmar လို့ပဲ မြန်မာ​တွေအ​​ပေါ် အမုန်းစကား​ပြော လှုံ့​ဆော်​နေတဲ့ ​ဖေစ်ဘွခ်စာမျက်နှာက ၅ ခု​လောက်ရှိလာပါတယ် ။ဒါ​ကြောင့် ဒါဟာ ထိုင်းအမျိုးသားအစွန်း​ရောက်အချို့က ဖန်တီး​နေတာဟုတ်ရဲ့လား ၊ဒီလှုံ့​ဆော်မှု​နွေရဲ့ ​နောက်ကွယ်မှာ စစ်​ကောင်စီ နဲ့ ထိုင်းကအင်အားကြီး အဖွဲ့အစည်းအချို့ ​နောက်ကွယ်က​နေ ရှိ​နေသလားဆိုတဲ့ ​မေးခွန်း​တွေက​တော့ပိုကျယ်​လောင်လာပါတယ် ။ ဒီအ​ခြေအ​နေမှာ ထိုင်း​ရောက်မြန်မာ​တွေဟာ ကိုယ့်​နေထိုင်တဲ့ နိုင်ငံရဲ့ ဥပ​ဒေ ၊ယဥ်​ကျေးမှု ၊စည်းကမ်း​တွေပိုလိုက်နာကြပြီး​တော့ မြန်မာ​တွေမှာဘယ်လို​ကောင်းမွန်တဲ့ စရိုက်လက္ခဏာ​တွေရှိတယ် ဆိုတာကို ထိုင်းအပါအဝင် နိုင်ငံတကာသိ​အောင် ပြုမူ​နေထိုင်သင့်တယ်လို့ မြန်မာ​တွေအချင်းချင်းသတိ​ပေးလာကြပါတယ်။

ဒါ​ပေမယ့် အလုပ်သမားကာကွယ်ပေးရေးကွန်ရက်ရဲ့ အမှု​ဆောင်ဒါရိုက်တာလည်းဖြစ်တဲ့ ဆွန်ပေါင်ဆကဲယောက်က​တော့ ထိုင်းမှာ ဆိုရှယ်မီဒီယာ​တွေက​​နေ မြန်မာမုန်းတီး​ရေးလှုံ့​ဆော်မှု​တွေနဲ့ပတ်သက်ပြီး အခုလို​ပြောပါတယ် ။

“ကျွန်တော်တို့နေ့စဉ်စားသုံး နေတဲ့ထုတ်ကုန်များဟာ ရွှေ့ပြောင်းအလုပ်သမား​တွေနှင့်ဆက်စပ်​နေတယ်။ အကောင်းမမြင်တဲ့လူတစ်စုရဲ့ ဆိုရှယ်မီဒီယာမှာ လွှင့်တဲ့သတင်းဟာ သူတို့အမြင်ကျဉ်းလို့၊ ကျင့်ဝတ်ကင်းမဲ့လို့ ဖြစ်ပေါ်လာတာပါ။ ဘယ်သတင်းဌာနကြီးတွေကမှ လိုက်ပြီး ဒီလိုမျိုးသတင်းတွေကို ထုတ်လွှင့်ဝါဒဖြန့်တာမလုပ်ပါဘူး။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အတွက် ဘာမှအကျိုးမရှိဘူး”။ ။

ဆက်စပ်သတင်းများ

Facebook