Connect with us

Hi, what are you looking for?

သတင်း

ဒေါနတောင်လမ်းဟောင်း၌ ကုန်တင်ကားချောက်ထဲပြုတ်ကျပြီး ယာဥ်မောင်းသေဆုံး

မြဝတီ – ကော့ကရိတ်မြို့ ဒေါနတောင်လမ်းဟောင်းတွင် ကုန်တင်ကားတစ်စီး ချောက်ထဲပြုတ်ကျပြီး ယာဥ်မောင်းသေဆုံးမှု ယနေ့(အောက်တိုဘာ ၃ရက်) နံနက်က ဖြစ်ပွားခဲ့သည်။

ဒေါနတောင်လမ်းဟောင်း၌ ကုန်တင်ကားချောက်ထဲပြုတ်ကျနေသည်ကို တွေ့ရစဥ်။ ဓာတ်ပုံ - CJ

မိထက်/People’s Spring

မြဝတီ – ကော့ကရိတ်မြို့ ဒေါနတောင်လမ်းဟောင်းတွင် ကုန်တင်ကားတစ်စီး ချောက်ထဲပြုတ်ကျပြီး ယာဥ်မောင်းသေဆုံးမှု ယနေ့(အောက်တိုဘာ ၃ရက်) နံနက်က ဖြစ်ပွားခဲ့သည်။

ဒေါနတောင်လမ်းဟောင်း ချောက်ကမ်းပါးနှင့် အလည်ဗိုလ်တဲကြားတွင် ပေ ၁,၀၀ခန့်နက်သည့် ချောက်အတွင်းသို့ ၁၀ဘီးကုန်တင်ကားတစ်စီး ထိုးကျသွားခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

” ယဉ်နောက်လိုက်မပါဘူး။ ယာဉ်မောင်းတစ်ယောက်တည်းပဲပါတာ။ ကားကို တင်ဖို့လုပ်နေကြတယ်”ဟု ဒေသခံတစ်ဦးက ပြောသည်။

မြဝတီ – ကော့ကရိတ်အာရှလမ်းသည် တိုက်ပွဲများကြောင့် ဖြတ်သန်း၍ မရသောကြောင့် ခရီးသည်နှင့် ကုန်တင်ကားများသည် ဒေါနတောင်လမ်းဟောင်းကိုသာ အသုံးပြုနေကြရခြင်းဖြစ်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် ပူပေါင်းတပ်များ ပြီးခဲ့သည့် ဧပြီကတည်းက ထိန်းချုပ်ထားသည့် သင်္ကန်းညီနောင်မြို့နှင့် စစ်ကောင်စီစခန်းများကို ပြန်တိုက်ခိုက်ရန် ကြိုးစားနေသည့် စစ်ကောင်စီ၏ အောင်ဇေယျစစ်ကြောင်းသည် မြဝတီ – ကော့ကရိတ်ကြား အာရှလမ်းပိုင်း၌ ရှိနေသည်။အဆိုပါစစ်ကြောင်းအား ကာကွယ်ရေးပူးပေါင်းတပ်များက တိုက်ခိုက်နေပြီး လုံခြုံရေးအခြေအနေ‌အရ လမ်းအသုံးပြုခွင့်မရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်များ စစ်ကြောင်းထိုး ဝင်ရောက်လှုပ်ရှားမှုများရှိနေ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ရှောင်တိမ်းကြရန်လည်း ကသာပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ထုတ်ပြန်ထားသည်။

News

ကျွဲ၊နွားများ တင်ဆောင်လာသည် ကုန်တင်ကားတစ်စီး လမ်းဘေး မြောင်းထဲကျကာ တစ်ဦးသေဆုံးခဲ့ပြီး တစ်ဦးဒဏ်ရာရခဲ့သည်ဟု ကော့ကရိတ်မြို့ ပုလဲဖြူလူမှုကူညီရေးအသင်း ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

News

မြေပြင်တိုက်ပွဲတိုင်းတွင် အထိနာနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်က လေကြောင်းအသုံးပြုတိုက်ခိုက်နေပြီး ယမန်နေ့ကလည်း KNU တပ်မဟာ (၅) နယ်မြေသို့ လေကြောင်းမှ လာရောက်ထောက်လှမ်းသွားခဲ့သည်ဟု ဆိုသည်။

News

လက်ရှိ ကယား(ကရင်နီ)ပြည်နယ်အတွင်း စစ်ရေးအခြေအနေကြောင့် ယခုကဲ့သို့ ထုတ်ပြန်သတိပေးမှုပြုလုပ်ခြင်းဖြစ်သည်ဟု ကရင်နီ အမျိုးသားများကာ ကွယ်ရေးတပ်(KNDF)တာဝန်ရှိသူက လူထုနွေဦးသို့ ​ပြောသည်။