Connect with us

Hi, what are you looking for?

သတင်း

ဗုဒ္ဓရုပ်ပွားတော် ၉ဆူ၏ ဦးခေါင်တော်ဖြတ်ထားသည့်ဖြစ်စဥ်သည် လူမျိုးရေး၊ ဘာသာရေး အဓိကရုန်းဖြစ်စေရန် ဦးတည်သောလုပ်ရပ်ဟု မိုးဗြဲ PDF ပြော

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတောင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော် ၉ဆူ၏ ဦးခေါင်တော်ဖြတ်ထားသည့်ဖြစ်စဥ်သည် လူမျိုးရေး ၊ ဘာသာရေး အဓိကရုန်းဖြစ်ပွားစေရန် ဦးတည် သောလုပ်ရပ်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂)က ယနေ့ ထုတ်ပြန်သည်။

ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတောင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော် ၉ဆူ၏ ဦးခေါင်တော်ဖြတ်ထားသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - CJ

ရဲခေါင်/People’s Spring

ကရင်နီပြည်၊ ဖယ်ခုံမြို့နယ်၊ လအိကျေးရွာတောင်ပေါ်ရှိ ဗုဒ္ဓရုပ်ပွားတော် ၉ဆူ၏ ဦးခေါင်တော်ဖြတ်ထားသည့်ဖြစ်စဥ်သည် လူမျိုးရေး ၊ ဘာသာရေး အဓိကရုန်းဖြစ်ပွားစေရန် ဦးတည် သောလုပ်ရပ်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ရင်း(၂)က ယနေ့ ထုတ်ပြန်သည်။

အောက်တိုဘာ ၁ရက်က လအိကျေးရွာ၏ အရှေ့မြောက်ဘက်ရှိ တောင်ပေါ်စေတီတွင် တည်ထားသော စေတီ​၏ ဗုဒ္ဓရုပ်ပွားတော် ၉ ဆူကို ဦးခေါင်းတော် ဖျက်စီးခံရမှုအတွက် များစွာစိတ်မကောင်းဖြစ်ရပြီး စိုးရိမ်မကင်းဖြစ်ရသည်ဟု မိုးဗြဲ PDFက ဆိုသည်။

Public Service Announcement

Public Service Announcement

အဆိုပါတောင်ပေါ်စေတီသည် ၂၀၁၉က လေးလ အတွင်းအပြီးတည်ခဲ့ပြီး ရုပ်ပွားတော် ၁၆ ဆူရှိကာ တစ်ဆူလျှင် ကျပ်ရှစ်သိန်းနှုန်းဖြင့် မန္တလေးမြို့မှ ပင့်ဆောင်လာခြင်းဖြစ်ကြောင်း စေတီတည် သည့် ကျောင်းဒကာများက အသိပေးသည်။

အိမ်ခြေ ၅၀၀ကျော်ရှိ သော လအိကျေးရွာသည်ဗုဒ္ဓဘာသာ၊ကတ်သလစ်ခရစ်ယာန်ဘာသာနှင့် နတ်ကိုးကွယ်သော ဘာသာပေါင်းစုံများဖြင့် နှစ်ပေါင်းများစွာ အတူယှဥ်တွဲ နေထိုင်လာခဲ့သောကျေးရွာဖြစ်ပြီး ပြဿနာဖြစ်ပွားခဲ့ ခြင်းမရှိဘဲ ဘုရားကျောင်းစေတီများဖြစ်ပွားချိန်တွင် ဘာသာခွဲခြားခြင်းမရှိဘဲ ရိုင်းပင်ကူညီခဲ့ကြသည့် အစဥ်အလာရှိခဲ့ကြောင်း သိရသည်။

“လကွယ်ရက်နီးလာလို့ အောက်တိုဘာ ၁ ရက်နေ့က ဒေသခံ သက်ကြီရွယ်အိုနှစ်ယောက်က ဘုရားပန်းလဲဖို့ တောင်ပေါ်တက်ရင်း ဒီဖြစ်စဥ်ကိုတွေ့တာ။ ရုပ်ပွားတော် ၁၆ဆူမှာ ၉ဆူက ခေါင်းဖြတ်ခံရပြီး ကျန်အဆူတွေက လက်တွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်စီးခဲ့တယ်”ဟု မိုးဗြဲ PDFတပ်ရင်း (၂)တာဝန်ရှိသူက ပြောသည်။

ဘုရားဆင်းတုတော်များ ခေါင်းဖြတ်ထားသည့်ဖြစ်ရပ် ကျူးလွန်သူများအားရှာဖွေပြီး ပြင်းထန်သောပြစ်ဒဏ်ပေးမည်ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ယမန်နေ့တွင် ထုတ်ပြန်ထားသည်။

“အနှစ်နှစ်အလလ ဒီဖြစ်စဥ်မျိုးက လအိရွာမှာတင်မဟုတ်ဘူး။ ကရင်နီပြည်နယ်ထဲ မှာ မရှိခဲ့တာ။ဘုရားကျောင်းက ဒီဖက်လမ်းဆို ဘုန်းကြီးကျောင်းက မျက်နှာချင်းဆိုင်မျိုးမှာရှိနေတဲ့ ဒေသပါ။အခုက ဖယ်ခုံဘက်ကို စကစ စစ်ကြောင်းထိုးနေတာနဲ့ တိုက်ဆိုင်တယ်။ပြီတော့ ဗုဒ္ဓဘါသာ ကိုးကွယ်သူတွေ ပအိုဝ်းလူငယ်တွေပါတယ်။ဒါကို ကရင်နီတွေက ဗုဒ္ဓဘာသာကို ဖျက်ဆီးနေတယ်ဆိုပြီး စကစက ပုံဖျက်တာ”ဟု ကရင်နီဒေသခံတစ်ဦးက လူထုနွေဦးက ပြောသည်။

လအိရွာတောင်ပေါ်ရှိ ဘုရားဆင်းတုတော်များကို ကရင်နီအကြမ်းဖက်များ​က ဖျက်ဆီးသည်ဟုဆိုကာ စစ်ကောင်စီဝါဒဖြန့်သူများက ယမန်နေ့ကစ၍ လူမှုကွန်ယက်မှတဆင့် စတင်လှုံ့ဆော် နေသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးဗြဲမြို့​တွင် စစ်ကောင်စီ​၏ ထိုးစစ်ခုခံရာတွင် အောင်မြင်မှုများစွာရှိနေပြီး မကြာမီ တန်ပြန်ထိုးစစ်ဆင်မည်ဟု မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်(၁၀၀၁)တပ်ရင်းမှ တာဝန်ရှိသူက ပြောသည်။

သတင်း

ဖျက်ဆီးခံရသည့်အဆောက်အအုံများတွင် ကျောက်တော်မြို့ရှိ လျှပ်စစ်တာပေးစက်ရုံ၊ မြောက်ဦးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်အဆောက်အအုံ၊ မောင်တောမြို့ရှိ ကုလအဆောက်အအုံများဖြစ်သော WFPရုံး၊ UNHCR ရုံး၊ICRCရုံးနှင့် နယ်စည်းမခြားဆရာဝန်များရုံးတို့လည်း ပါဝင်ခဲ့သည်။

Fact-Check

ရှမ်းပြည်တောင်ပိုင်းဖယ်ခုံမြို့မှာ ဗုဒ္ဓရုပ်ပွားတော်တွေခေါင်းဖြတ်ဖျက်ဆီးခံရတာ ကရင်နီတပ်ဖွဲ့နဲ့ PDF တွေ လက်ချက်လို့ စွပ်စွဲပြီး စစ်တပ်ဝါဒဖြန့်ချန်နယ်တွေက အောက်တိုဘာလ ၂ ရက်ကစတင်ပြီး ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ဝါဒဖြန့်နေပါတယ်။