Connect with us

Hi, what are you looking for?

သတင်း

မိုးဗြဲမြို့အတွင်း ထိုးစစ်ဆင်လာသည့်စစ်ကောင်စီတပ် အထိနာ၍ ပြန်ဆုတ်သွား၊ တိုက်ပွဲပြင်းထန်ပြီး ရဲဘော်လေးဦး ကျဆုံး

တိုက်ပွဲပြင်းထန်ပြီး ရဲဘော်လေးဦး ကျဆုံး

မိုးဗြဲ PDF တပ်ဖွဲ့ဝင်အချို့။ ဓါတ်ပုံ-မိုးဗြဲ PDF

ရဲခေါင်/People’s Spring

ကရင်နီ – ရှမ်းပြည်အစပ် မိုးဗြဲမြို့အတွင်းသို့ စစ်ကောင်စီတပ်က ယမန်နေ့(ဖေဖော်ဝါရီ ၂၇ ရက်)တွင် အင်အားအလုံးအရင်းဖြင့် ထိုးစစ် ဆင်လာသော်လည်း အထိနာ၍ ပြန်ဆုတ်ခွာသွားကြောင်း MOBYE PDF ကယ်ဆယ်ရေးဆေးအဖွဲ့(MPRT)က ထုတ်ပြန်သည်။

ထိုးစစ်ကိုခုခံသည့်တိုက်ပွဲအတွင်း ကရင်နီပူးပေါင်းတပ်မှ ရဲဘော်လေးဦးကျဆုံးခဲ့ရကြောင်း ဖော်ပြသည်။

“မနေ့က စကစဘက်က လေကြောင်းရော၊ဒရုန်းရော၊လက်နက်ကြီးရော အကုန်သုံးတာ။အခု ဒီမနက်လည်း လက်နက်ကြီး မနက်မိုးမလင်းခင် ကတည်းက ပစ်နေတာ”ဟု ကရင်နီစစ်ဘက် သတင်းရင်းမြစ်က လူထုနွေဦးသို့ ပြောသည်။

Public Service Announcement

Public Service Announcement

https://www.facebook.com/LuduNwayOo/videos/1146266693906112

၂၀၂၄ နိုဝင်ဘာကစ၍ ခမရ(၄၂၂)တပ်ရင်းတွင် အင်အားဖြည့်တင်းပြီးနောက် မိုးဗြဲမြို့တွင်း၌ မကြာခဏ စစ်ကြောင်းထိုးလေ့ရှိကာ ယမန်နေ့က တိုက်ပွဲအတွင်း PDF ၊ KNDF ၊ တပ်ပေါင်းစုများနှင့် တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း အသိပေးသည်။

ခြေမြန်တပ်ရင်းအမှတ် (၄၂၂)တပ်သည် မိုးဗြဲ မြို့၏ အနောက်မြောက်ဘက်ခြမ်း တွင်ရှိပြီး မြို့နှင့် နှစ်မိုင်ကျော်သာကွာဝေးသည်။

တိုက်ပွဲတွင် ကျဆုံးခဲ့သည့် ရဲဘော်များနှင့် ပတ်သက်၍ သက်ဆိုင်ရာ တပ်ရင်း၊တပ်ဖွဲ့များက ထုတ်ပြန် အသိပေးခြင်းမရှိသေးပေ။

ထို့အပြင် မိုးဗြဲမြို့တိုက်ပွဲဖြစ်စဥ်ကို ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တာဝန်ရှိသူနှင့် တပ်ပေါင်းစုဘက်က မပြောသေးပေ။

ရှမ်းပြည်နယ်နှင့် ကရင်နီပြည်နယ်၏ ဝင်ပေါက်၊ ထွက်ပေါက်ဖြစ်သည့်အပြင် စစ်ရေးအရအရေးပါသည့် မိုးဗြဲမြို့ကို ပြန်ရရန်ထိုးစစ်ဆင်နေသော စစ်ကောင်စီတပ်မှ သေဆုံးမှုများနေကြောင်းဖေဖော်ဝါရီ တတိယပတ်တွင် KNDFက ထုတ်ပြန်ထားသည်။

သေဆုံးမှုများနေသည့် စစ်ကောင်စီက မိုးဗြဲမြို့ကို မီးလောင်ဗုံးနှင့် အဆိပ်ငွေ့လက်နက်များဖြင့် တိုက်ခိုက်နေကြောင်းလည်း KNDF မိုးဗြဲဇုန်တပ် ရင်းမှူး သိန်းထွန်းက လူထုနွေဦးသို့ အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။