Connect with us

Hi, what are you looking for?

သတင်း

ရခိုင်ပြည်နယ်တိုက်ပွဲ (၁)နှစ်တာအတွင်း စစ်ကောင်စီက ဘာသာရေးဆိုင်ရာအဆောက်အအုံ ၇၀ ကျော် ဖျက်ဆီး

ဖျက်ဆီးခံရသည့်အဆောက်အအုံများတွင် ကျောက်တော်မြို့ရှိ လျှပ်စစ်တာပေးစက်ရုံ၊ မြောက်ဦးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်အဆောက်အအုံ၊ မောင်တောမြို့ရှိ ကုလအဆောက်အအုံများဖြစ်သော WFPရုံး၊ UNHCR ရုံး၊ICRCရုံးနှင့် နယ်စည်းမခြားဆရာဝန်များရုံးတို့လည်း ပါဝင်ခဲ့သည်။

(မြောက်ဦးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအေ)
(မြောက်ဦးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ပျက်စီးနေသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ - အေအေ)

◾️စာသင်ကျောင်း၊ဈေးနှင့် ဌာနဆိုင်ရာရုံး ၇၀ကျော်အပြင် တံတား ၂၉စင်းကိုလည်း စစ်ကောင်စီဖျက်ဆီး

အိမ်သွင်/People’s Spring

ရခိုင်ပြည်နယ်တိုက်ပွဲ (၁)နှစ်တာအတွင်း စစ်ကောင်စီက ဘာသာရေးဆိုင်ရာအဆောက်အအုံ(၇၀) ကျော်အပါအဝင် အဆောက်အအုံ ၁၅၀ကျော် ဖျက်ဆီးခဲ့ကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်သည်။

ရခိုင်ပြည်နယ်အတွင်း ၂၀၂၃ နိုဝင်ဘာ ၁၃ရက်ကစတင်ခဲ့သော စစ်ဆင်‌ရေးတိုက်ပွဲများအခြေအနေကို ပြီးခဲ့သည့် နိုဝင်ဘာ ၁၃ရက်က ထုတ်ပြန်စဥ် စစ်ကောင်စီ၏ ဖျက်ဆီးမှုအခြေအနေကိုပါ အာရက္ခတပ်တော်(AA)က ထုတ်ပြန်ထားခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်းရှိ ဘာသာရေးအဆောက်အအုံများဖြစ်သော ဘုန်းကြီးကျောင်း၊ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်၊ ဘုရားရှိခိုးကျောင်းနှင့် ဗလီ အပါအဝင် ဘာသာရေးအဆောက်အအုံ (၇)ကျော်ကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ ထို့အပြင် စာသင်ကျောင်းနှင့် ဆေးရုံများ၊ဈေး၊ဌာနဆိုင်ရာရုံးများနှင့် မောင်တောမြို့ရှိ ကုလလက်အောက်ခံရုံးအချို့အပါအဝင် စုစုပေါင်း အဆောက်အအုံ ၇၀ကျော်ကိုလည်း စစ်ကောင်စီက ဖျက်ဆီးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ရှမ်းမြောက်၌ ၁၀၂၇စစ်ဆင်ရေးအတွင်း ကိုးကန့်တပ်မတော်မှ ရဲဘော်က စေတီတစ်ဆူအား ဖျက်ဆီးသည့် ရုပ်သံထွက်ပေါ်လာမှုအပေါ် စစ်ကောင်စီက ဘာသာရေးဆိုင်ရာစေတီပုထိုးများ ဖျက်ဆီးမှုအပေါ်ကန့်ကွက်ရှုတ်ချပြီး ရန်ကုန်မြို့ စစ်ကောင်စီလက်ပါးစေများက ဆန္ဒပြကန့်ကွက်သည်အထိ ပြုလုပ်ခဲ့သည်။

သို့သော် စစ်မြေမြင်နေရာများတွင် စစ်ကောင်စီက ၎င်းင်းတို့ကိုယ်တိုင် ဘာသာရေးအဆောက်အအုံများအား လေကြောင်းမှ တိုက်ခိုက်ဖျက်ဆီးသည့်အပြင် မြေပြင်စစ်ကြောင်းများကလည်း မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။ ကရင်နီပြည်နှင့် ချင်းပြည်ရှိ ဘုရာရှိခိုးကျောင်းအများအပြားကိုလည်း စစ်ကောင်စီက ဖျက်ဆီးထားသည်။

တောင်ကုတ်မြို့တွင် တံတား ၅စင်း၊ စစ်တွေ၊မအီ၊ ဂွ၊ ကျောက်တော်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းကားလမ်းပိုင်းမှ တံတား ၁စင်းစီ၊ ဘူသီးတောင်မြို့တွင် တံတား၂စင်း၊ သံတွမြို့တွင် တံတား ၇စင်းနှင့် ကာလရှည်ကြာစွာတိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေသည့် မောင်တောမြို့တွင် တံတား ၉စင်းကို စုစုပေါင်း တံတား ၂၉စင်း စစ်ကောင်စီက ဖျက်ဆီးခဲ့သည်ဟု AAuက ဆိုသည်။

တံတားများနှင့်အဆောက်အအုံများကို လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် မိုင်းခွဲခြင်းတို့ဖြင့် ဖျက်ဆီးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ဖျက်ဆီးခံရသည့်အဆောက်အအုံများတွင် ကျောက်တော်မြို့ရှိ လျှပ်စစ်တာပေးစက်ရုံ၊ မြောက်ဦးမြို့ရှိ ရှေးဟောင်းယဉ်ကျေးမှုပြတိုက်အဆောက်အအုံ၊ မောင်တောမြို့ရှိ ကုလအဆောက်အအုံများဖြစ်သော WFPရုံး၊ UNHCR ရုံး၊ICRCရုံးနှင့် နယ်စည်းမခြားဆရာဝန်များရုံးတို့လည်း ပါဝင်ခဲ့သည်။

အဆိုပါ ကုလလက်အောက်ခံရုံးများတိုက်ခိုက်ခံရစဉ်ကပင် AAက ရုပ်သံမှတ်တမ်းများ၊ ဓာတ်ပုံမှတ်တမ်းများဖြင့်ထုတ်ပြန်ခဲ့ပြီး ကုလကလည်း အဆိုပါအခြေအနေများအတွက် စိုးရိမ်ကြောင်း ထုတ်ပြန်ခဲ့ဖူးသည်။

မြောက်ဦးမြို့ရှေးဟောင်းယဉ်ကျေးမှုဇုံကို ၂၀၂၃ ခရစ်စမတ်ကာလနှင့် ၂ဝ၂၄ ဇန်နဝါရီတွင် စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ မြောက်ဦးဒေသအား ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ်(World Heritage) စာရင်းဝင်ရန် အဆိုပြုထားသည်ကိုသိလျက် စစ်ကောင်စီက ရည်ရွယ်ချက်ရှိ ရှိ ပစ်ခတ်ဖျက်ဆီးခြင်းဖြစ်ပြီး ထိုလုပ်ရပ်သည် စစ်ရာဇဝတ်မှုကို ကျူးလွန်ခြင်းဟု AAက ထုတ်ပြန်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကြားကာလအမွေအနှစ် ထိန်းသိမ်းရေးကော်မရှင်ကလည်း ရခိုင်တိုင်းရင်းသားတို့၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များထားရှိရာ မြောက်ဦးမြို့ရှိ ရှေးဟောင်းပြတိုက်အား စစ်ကောင်စီက တိုက်ခိုက်မှုအပေါ် ပြင်းထန်စွာရှုတ်ချ ကြောင်းနှင့် အရေးယူနိုင်ရေးဆောင်ရွက်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့အပြင် AAက (၁)နှစ်တာ တိုက်ပွဲအတွင်း မြောက်ဦး၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ဘူးသီးတောင်၊ ရမ်းဗြဲ၊ မြေပုံ၊ ‌ပေါက်တော၊ ပုဏ္ဏားကျွန်း၊ သံတွဲ၊ကျိန္တလီနှင့် ချင်းပြည်နယ်၊ပလက်ဝမြို့ကို သိမ်းယူခဲ့ပြီး အမ်း၊ တောင်ဂုတ်၊ဂွနှင့်မောင်တောမြို့ကို သိမ်းယူနိုင်ရန် လက်တကမ်းအကွာသို့ ရောက်နေပြီဟု အသိပေးသည်။

သိမ်းပိုက်ထားသည့် မြို့များတွင် တော်လှန်ရေးလောကဓံကို ကြံ့ကြံ့ခံ ရင်ဆိုင်နေကြသည့် ပြည်သူများ၏ လူမှုစားဝတ်နေထိုင်ရေးဖူလုံရေးနှင့် ပြည်သူ့ဝန်ဆောင်ရေးလုပ်ငန်းများအတွက် မပြီးပြတ်သေးသော ထိုးစစ်များကို ဆက်လက်ဆင်နွှဲရင်း တပြိုင်နက်တည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိနေသောကြောင့် လိုအပ်ချက်များရှိနေဆဲဟု AAက ဆိုထားသည်။ သို့သော် လိုအပ်ချက်များကို အနှေးနှင့်အမြန် ဖြည့်ဆည်းပေးသွားမည်ဟုလည်း AAက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တိုက်ပွဲမှာ စစ်တပ်က ဆုတ်ခွာသွားပေမယ့် အချိန်မရွေး တိုက်ပွဲ ဖြစ်နိုင်တဲ့ အနေအထားဖြစ်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) သတင်းပြန်ကြားရေး တာဝန်ရှိသူက ပြောပါတယ်။

သတင်း

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်