Connect with us

Hi, what are you looking for?

သတင်း

မြစ်သားမြို့၌ ငလျင်လှုပ်

မန္တလေးတိုင်းမြစ်သားမြို့၌ယနေ့(အောက်တိုဘာလ ၅ရက်) နံနက်ပိုင်း၌ ငလျင် လှုပ်သွားကြောင်း ​ဒေသခံများကပြောသည်။

Volcano discovery တွင် မြန်မာနိုင်ငံ၌ ​အောက်တိုဘာ ၅ ရက်က ငလျင်လှုပ်သွား​ကြောင်း ထုတ်ပြန်ချက်

လူအေး/People’s Spring

မန္တလေးတိုင်းမြစ်သားမြို့၌ယနေ့(အောက်တိုဘာလ ၅ရက်) နံနက်ပိုင်း၌ ငလျင် လှုပ်သွားကြောင်း ​ဒေသခံများကပြောသည်။

​အောက်တိုဘာလ ၅ ရက် နံနက် ၁ဝနာရီ ဝန်းကျင်တွင် ငလျင်လှုပ်သွားခြင်းဖြစ်သည်ဟု ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

“ပြင်းတာမှ တော်တော်ကိုပြင်းထန်တယ်။ ရေဘေးကိုကြောက်နေရချိန် ငလျင်ပါလှုပ်တော့ပိုကြောက်တာပေါ့”ဟု မြစ်သားမြို့ခံတဦးကပြောသည်။

ငလျင်သည် ထိုင်းစံတော်ချိန် နံနက် ၁၀နာရီခွဲ (ထိုင်းစံ​တော်ချိန်က မြန်မာစံ​တော်ချိန်ထက် မိနစ် ၃၀ ပို​စောသည်) တွင် မြစ်သားမြို့၏ အရှေ့

တောင်ဘက် ၁၂မိုင်ခန့်၊ကျောက်ဆည်မြို့၏ တောင်ဘက်(၂၂) မိုင်ခန့်ကို ဗဟိုပြု၍ အင်အား ရစ်ခ်တာစကေး ၃ဒဿမ၇၊ မြေအနက် ၂ ကီလို

မီတာ၌ လှုပ်ခတ်သွားခြင်းဟု ထိုင်းမိုးလေဝသက သတင်းထုတ်ပြန်ထားသည်။ သို့​သော် စစ်ကောင်စီလက်အောက်ခံ မိုးဇလဌာနက သတင်းထုတ်ပြန်ခြင်းမရှိပေ။

မြို့နယ်အတွင်း၌ ငလျင်လှုပ်သွားကြောင်း မြစ်သားမြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပြီး အသေးစိတ်ဖော်ပြထားခြင်းမရှိပေ။ငလျင်ကြောင့် ထိခိုက်ပျက်စီးမှုသတင်းမကြားရကြောင်း ဒေသခံအချို့ကပြောသည်။

​မြေအနက် ၁၀ ကီလိုမီတာထက်နည်းပါက ဇောက်တိမ်ငလျင်ဖြစ်ပြီး ​ဇောက်တိမ်ငလျင်မှာ ဖျက်အားပြင်း​လေ့ရှိသည်။မြစ်သားတွင်လှုပ်​သောငလျင်မှာလည်း ပြင်းအားနည်း​သော်လည်း ​မြေအနက် ၂ ကီလိုမီတာ တွင်လှုပ်ခတ်ခြင်းဖြစ်၍ ​ဒေသခံပြည်သူများသိသိသာသာခံစားလိုက်ရခြင်းဖြစ်သည်။

မြစ်သားမြို့နယ်တွင်ပြီးခဲ့သည့် စက်တင်ဘာလ ၁၁ရက်မှစ၍ တစ်ပတ်ခန့်ကြာ ရေဘေးကြုံခဲ့သည်။ နေအိမ်ထောင်ချီ ရေမြုပ်ပျက်စီးခဲ့ပြီး ၇ဦးထက်မနည်းသေဆုံးခဲ့သည်။ အောက်တိုဘာလဆန်းတွင် မိုးကြီးပြီး နောက်တစ်ကြိမ် ရေကြီးနစ်မြပ်မှုထပ်မံကြုံ​နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။