Connect with us

Hi, what are you looking for?

သတင်း

ကလောရေကြီးမှုကြောင့် ‌သေဆုံးသူများတွင် ကရင်နီစစ်ဘေးရှောင်များလည်းပါဝင်

ကလောမြို့တွင် ရေကြီး၊​မြေပြိုမှုကြောင့် သေဆုံးမှုများတွင် ကရင်နီ (ကယား)ပြည်ဘက်မှ စစ်ဘေးရှောင်လာကြသူများ ပါဝင်ကြောင်း ဒေသခံများကပြောသည်။

က​လောမြို့တွင်စက်တင်ဘာဒုတိယပါတ်​ရေကြီးမှု​ကြောင့်​သေဆုံး၊ ​ပျောက်ဆုံးသူမှာ တစ်ရာ​ကျော်ရှိ​ကြောင်း​ဒေသခံအချို့က​ပြောသည်။ ဓါတ်ပုံ-CJ

ရောင်နီ / People’s Spring

ကလောမြို့တွင် ရေကြီး၊​မြေပြိုမှုကြောင့် သေဆုံးမှုများတွင် ကရင်နီ (ကယား)ပြည်ဘက်မှ စစ်ဘေးရှောင်လာကြသူများ ပါဝင်ကြောင်း ဒေသခံများကပြောသည်။

“စစ်ဘေးရှောင်တွေက ဈေးသက်သာတဲ့နေရာတွေမှာ ငှားနေကြရတာ။ အဲဒီ့နေရာတွေက ရေကြီးတာ ဆိုးဆိုးဝါးဝါးဖြစ်တာဆိုတော့ သေဆုံးတာတွေရှိတယ်။ ” ဟု ‌အသက် ၆၀ ကျော်အရွယ် ကလောဒေသခံ အမျိုးသားကပြောသည်။

Public Service Announcement

Public Service Announcement

ကလောမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စက်တင်ဘာ ၁၀ရက်နံနက်မှ စတင်၍ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ရပ်ကွက် ၂ ၊ ၃ ၊ ၄ တို့တွင် ရေများတတ်လာခြင်းဖြစ်ပြီး အချို့အိမ်များတစ်အိမ်လုံး မြှုပ်သည်အထိ ရေကြီးရေလျှံမှုဖြစ်ခဲ့ခြင်းဖြစ်သည်။

ယင်းရေကြီးသည့် ဖြစ်စဉ်တွင် သေဆုံးမှု ရာနှင့်ချီ၍ ‌ရှိနိုင်ကြောင်း ဒေသခံများက ခန့်မှန်းထားပြီး ပျောက်ဆုံးနေဆဲ လူများ ရှိနေသေးကြောင်းဒေသခံအချို့ကပြောသည်။

“အင်းတိမ် မှာဆိုလည်း သေတာစစ်ဘေးရှောင်တွေ များတယ်။ တစ်ချို့ဆိုမိသားစုလိုက်အိမ်ပါပါသွားတာ။ “ဟု လွိုင်ကော်မြို့မှ စစ်ဘေးရှောင်လာရောက်နေသူတစ်ဦးကပြောသည်။

သေဆုံးသူများအနက် စစ်ဘေးရှောင်လာရောက်နေသူများသည် စာရင်းအတိအကျ ကောက်ယူထားခြင်းမရှိသောကြောင့် သေဆုံးမှုအရေအတွက် ကိုလည်း အတိအကျမသိနိုင်ကြောင်း ‌ကူညီကယ်ဆယ်ရေးလာရောက်လုပ်ဆောင်ပေးသူတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာ ၁၈ ရွာဟာ ရေဘေးကြုံတွေ့နေရပြီး ဒေသခံတွေ အကူအညီလိုအပ်နေကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

■မိုးဆက်တိုက်ရွာနေသဖြင့်​​ရေ​ဘေးသင့်ပြည်သူ​တွေ သောက်သုံးရေနဲ့စားနပ်ရိက္ခာ အရေးပေါ်လို နေ

သတင်း

စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနဲ့ ဧရာဝတီတိုင်းက မြို့နယ်ပေါင်း ၁၀ ခုမှာ ရေလွှမ်းမိုးမှုဖြစ်နေပြီး လူဦးရေ ၂သိန်းကျော် ရေဘေးသင့်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ရွှေလှန်ကျေးရွာမှာ ကလေးငယ် ၁ဦးနဲ့ အမျိုးသား ၁ဦး ရေစီးနဲ့ မျောပါပျောက်ဆုံးနေပြီး ဒီကနေ့အထိ ရှာမတွေ့သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။