Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့အားဗုံးကြဲရန် စစ်ကောင်စီကို သတင်းပေးဟုသံသယရှိသူ ၂၀ ကျော် MNDAAကဖမ်းဆီးထား

အပြစ်ရှိသူများကို ထိန်းသိမ်းထားပြီး သေဒဏ် ပြစ်ဒဏ်ချမှတ်ခြင်းမရှိသေးဟု အသိပေး

စစ်​ကောင်စီက လားရှိုးမြို့ ကိုဗုံးကြဲပြီးနောက်အပျက်အစီးများကို​တွေ့ရစဥ်။ ဓါတ်ပုံ-လားရှိုးမြို့ပြန်လည်ထူ​​ထောင်​​ရေး

ဟန်နွေ၊ လူ​အေး/People’s Spring

ကိုးကန့်တပ်မတော်(MNDAA) သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ စတင်လုပ်ဆောင်ပြီးနောက် စစ်ကောင်စီ သတင်းပေးများကိုဖမ်းဆီးလျက်ရှိရာ ၂၀ ဦးကျော် ဖမ်းမိထားကြောင်း လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေစ့်ဘွတ်ခ်တွင် ယနေ့ ထုတ်ပြန် အသိပေးသည်။

စစ်ကောင်စီ သတင်းပေးများကို သေဒဏ်ပေးမည်ဆိုသည့် သတင်းထွက်ပေါ်နေမှုနှင့်ပတ်သက်၍ သက်ဆိုင်ရာ တာဝန်ရှိသူ၏ ဖြေကြားချက်ကို လားရှိုးမြို့ ပြန်လည်ထူထောင်ရေး ဖေ့စ်ဘွတ်ခ်တွင် ဖော်ပြထားခြင်းဖြစ်သည်ဟုထုတ်ပြန်ခြင်းဖြစ်သည်။ သက်ဆိုင်ရာတာဝန်ရှိသူ ဆိုသည်မှာ MNDAA၏ စုံစမ်းစစ်ဆေးရေးအဖွဲ့မှဖြစ်သည်ဟု သတင်းရင်းမြစ်တစ်ဦးက ရှင်းပြသည်။

“စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုစတင်ပြီးနောက်ပိုင်းမှ ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။…။ ပြည်သူကတစ်ဆင့် သတင်းပေးခြင်းမှ အဓိကသိရှိရပြီး စုံစမ်းစစ်ဆေးရေးအဖွဲ့တွေရဲ့ကြိုးပမ်းမှုကြောင့်ဖမ်းဆီးရမိခဲ့ပါတယ်။” ဟု MNDAAစုံစမ်းစစ်ဆေးရေးအဖွဲ့တာဝန်ရှိသူက ပြောကြားသည်။

Public Service Announcement

Public Service Announcement

ဖမ်းဆီးရမိထားသည့် စစ်ကောင်စီ သတင်းပေးဟု ယူဆရသူများကို စစ်ဆေးပြီးနောက် အပြစ်မရှိသူများကို ပြန်လွှတ်ပေးပြီး အပြစ်ရှိပါက ဆက်လက်ထိန်းသိမ်းထားကြောင်း အသိပေးသည်။

စစ်ကောင်စီသတင်းပေးများအား သေဒဏ်ပေးမည်ဟု သတင်းထွက်ပေါ်နေခြင်းနှင့်ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေး အဖွဲ့ တာဝန်ရှိသူက”လတ်တလောတော့ သေဒဏ်ပေးတဲ့အထိ ပြစ်ဒဏ်ချတာမျိုး မရှိသေးပါဘူး။ယာယီဖမ်းဆီးထိန်းသိမ်းထားတာမျိုးဘဲရှိပါသေးတယ်” ဟု ​ဖြေကြားထားသည်။

စစ်ကောင်စီ၏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုသည် စစ်ကောင်စီ သတင်းပေးများကြောင့် ဖြစ်နိုင်ခြေများသည်ဟု ယူဆကြောင်းလည်း အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

လားရှိုးမြို့နေပြည်သူများ အနေဖြင့်လည်းစစ်ကောင်စီသတင်း‌ပေးနှင့် ပတ်သက်ပြီး သံသယရှိခြင်း၊ကြား/သိခြင်းရှိပါက လားရှိုးမြို့ပြန်လည်ထူထောင်ရေး page တွင်သတင်း‌ပေးတိုင်ကြားနိုင်သကဲ့သို့နီးစပ်ရာ ရပ်ကွက်ရုံးများတွင်ရှိသော တာဝန်ရှိသူများထံ သတင်းပို့တိုင်ကြားနိုင်ကြောင်း ထုတ်ပြန်ထားသည်။

လားရှိုးမြို့လေကြောင်းတိုက်ခိုက်ခံရမှုများသည် MNDAAက လားရှိုးမြို့အား သြဂုတ် ၂ ရက်တွင်အပြီးသတ်သိမ်းပိုက်ပြီးနောက် ဒေသခံပြည်သူများအားဝင်ရောက်ခွင့်ပြုခဲ့စဉ် စစ်ကောင်စီသတင်းပေးများလည်း ရောနှောပါဝင်လာခြင်းဖြစ်ပြီးမြို့ခံသတင်းပေးအချို့လည်း ရှိနေကြောင်း လလားရှိုးမြို့တွင်နေထိုင်သူတစ်ဦးကပြောသည်။

” စစ်‌ဆေးပြီးရင်တော့ ပြည်သူတစ်ဦးလိုနေမယ်ဆိုရင် ပြန်လွှတ်ပေးတယ်ဗျ။ အမှန်အကန်သတင်းပေးတွေကိုဖမ်းထားတာ။ ဒါပေမယ့် လွတ်နေတဲ့သူတွေလည်းရှိသေးတယ်” ဟု မြို့ခံတဦးကသူ၏ အမြင်ကိုပြောသည်။

အခြား​ဒေသခံတစ်ဦးကလည်း”လားရှိုးမြို့မှာနေပြီး မြို့ကိုဗုံးပြန်ကြဲဖို့ သတင်းပေးနေတယ်ဆိုရင် MNDAAအနေနဲ့ ဖိဖိစီးစီးအရေးယူဖို့လိုအပ်ပါတယ်” ဟု ပြောသည်။

စစ်ကောင်စီသည် ဩဂုတ် ၃၀ရက်မှစ၍ လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ရက်ပေါင်း ၄၀ကျော်အတွင်း လားရှိုးမြို့ကို လေကြောင်း တိုက်ခိုက်မှု ၁၃ကြိမ်ထက်မနည်း ပြုလုပ်ခဲ့ရာ ပြည်သူလူထု ၃ ဦးထက်မနည်းသေဆုံးကာ ၅၀ဦးကျော် ဒဏ်ရာရရှိခဲ့သည်။ထိုအပြင် ​ရှေး​ဟောင်းအ​ဆောက်အအုံများစွာ ပျက်စီးခဲ့သည်။

လေကြောင်းမှဗုံးကြဲတိုက်ခိုက်နေခြင်းသည်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုမြှင့်တင်ရန်အတွက် ဆောင်ရွက်နေကြသူများ၏ ကြိုးပမ်းမှုအားလုံးကို အလဟဿဖြစ်စေမည်ဟု MNDAAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့မှာ ဒီ‌နေ့ (မေလ ၆ရက်) ညနေပိုင်းကမိုးသက်လေပြင်းကျလို့ နေအိမ်အဆောက်အအုံ၊သစ်ပင်အချို့ထိခိုက်ပျက်စီးခဲ့ပြီး သစ်ပင်နဲ့ လျှပ်စစ်မီးတိုင်တွေလဲကျခဲ့ပါတယ်။

သတင်း

စစ်တပ်ထိန်းချုပ်ထားတဲ့လားရှိုးမြို့မှာ မနေ့က အမျိုးသမီးတစ်ဦးကိုပြန်ပေးဆွဲဖို့ကြိုးစားမှုဖြစ်ခဲ့သလို ဒီက​နေ့မှာလည်း လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

သတင်း

စစ်ကောင်စီထိန်းချုပ်ပြီးတဲ့နောက်ပိုင်း လုယက်သတ်ဖြတ်မှုတွေ မကြာ ခဏဖြစ်ပွားနေတဲ့ရှမ်းပြည်နယ်မြောက်ပိုင်းက လားရှိုးမြို့မှာ အမျိုးသားတစ်ဦးကို လူတစ်စုက ပြန်ပေးဆွဲဖို့ကြိုးပမ်းခဲ့ပေမယ့် အဆိုပါအမျိုးသား ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။

ဆောင်းပါး

MNDAAရဲ့ လားရှိုးမြို့သိမ်းတိုက်ပွဲကနေ ‌ထွက်ပြေးသွားတဲ့ စစ်ဗိုလ်ချုပ်တစ်ဦးဟာ သမ္မတဘွဲ့ခံ အာဏာသိမ်းခေါင်း‌ဆောင်ရဲ့ မြှောက်စားမှုနဲ့အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့ရဲချုပ် ဖြစ်လာပါပြီ။