Connect with us

Hi, what are you looking for?

သတင်း

သပိတ်ကျင်းမြို့နယ်တွင် ​မြေငလျင်လှုပ်

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့အနီးတွင် အင်အားအသင့်အတင့်ရှိ​မြေငလျင် ငလျင်လှုပ်ခတ်သွားကြောင်း​ဒေသခံများက​ပြောသည်။

‌မိထက်/People’s Spring

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့အနီးတွင် အင်အားအသင့်အတင့်ရှိ​မြေငလျင် ငလျင်လှုပ်ခတ်သွားကြောင်း​ဒေသခံများက​ပြောသည်။

ငလျင်ကြောင့် သပိတ်ကျင်းမြို့အပြင် အနီးပတ်ဝန်းကျင်မြို့များဖြစ်သော စဉ့်ကူးမြို့၊ မိုးကုတ်မြို့နှင့် မိုင် ၅၀ ကျော်အကွာရှိ မန္တလေးမြို့အထိ ငလျင်လှုပ်ရှားမှုရှိခဲ့ကြောင်း ဒေသခံများကပြောသည်။သို့​သော် ​မြေငလျင်ကြောင့် ထိခိုက်ပျက်စီးမှုရှိ၊မရှိကိုမူ မသိရှိရသေးပေ။

Public Service Announcement

Public Service Announcement

ငလျင်သည် အောက်တိုဘာ ၁၁ ရက် နံနက် ၁၁နာရီ ၁၁ မိနစ်ခန့်တွင် သပိတ်ကျင်းမြို့နယ်တ​စ်​နေရာကိုဗဟိုပြု၍ ​မြေ​အောက်အနက် ၁၀ ကီလိုမီတာ ( ၆ ဒသမ ၂ မိုင်​ကျော်) ရစ်ခ်တာစကေး ၅ဒဿမ ၈အဆင့် လှုပ်ရှားသွားခြင်းဖြစ်ကြောင်း ထိုင်းမိုးလေဝသက သတင်းထုတ်ပြန်သည်။

သို့​​သော် စစ်​ကောင်စီ လက်​အောက်ရှိ မိုး​လေဝသနှင့် ဇလ​​ဗေဒ ညွန်ကြားမှူ ဦးစီးဌာနကမူ သပိတ်ကျင်းမြို့၏ အနောက်တောင်ဘက် (၅) မိုင်ခန့်အကွာ၊ ​မြေအနက်(၁၀)ကီလိုမီတာကို ဗဟိုပြု ၍ အင်အားရစ်(ခ်)တာစကေး (၅.၃)အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိ​ကြောင်းထုတ်ပြန်သည်။

ကမ္ဘာတဝန်းရှိ​မြေငလျင်လှုပ်ရှားမှုများကို​စောင့်ကြည့်​ဖော်ပြ​ပေး​နေ​သော USGS က​လည်းမြေငလျင်လှုပ်ခတ်သည်ကိုအတည်ပြုပြီး ရစ်ခ်တာစကေး ၄ ဒဿမ ၉ အဆင့်ရှိသည်ဟု​ဖော်ပြထားသည်။

ထို​ကြောင့်​မြေငလျင် လှုပ်ခတ်သည်ကို အတည်ပြုကြ​သော်လည်းပြင်းအားကိုတွက်ချက်​ဖော်ပြရာတွင်မတူညီကြ​ပေ။ သို့​​သော်​မြေငလျင် ဗဟိုပြုရာ​မြေအနက်မှာ ၁၀ ကီလိုမီတာတွင်ဖြစ်​ကြောင်းတူညီစွာထုတ်ပြန်ထားသည်။ထိုအပြင် ထိုင်းမိုး​ဇလကအဆိုပါ​မြေငလျင်မတိုင်ခင် သပိတ်ကျင်းမြို့နယ်မှာပင်ရစ်ခ်တာစကေး ၄ ဒဿမ ၅ အဆင့်ရှိ ငလျင်တစ်ခုလှုပ်ခတ်ခဲ့​သေး​ကြောင်း​ဖော်ပြထားပြီး ၊စစ်​ကောင်စီ မိုးဇလ နှင့် USGS တို့ကမူ​ဖော်ပြထားခြင်းမရှိ​ပေ။

အောက်တိုဘာလလ ၅ရက် နံနက်ပိုင်းကမန္တလေးတိုင်း မြစ်သားမြို့တွင်လည်း အင်အားရစ်ခ်တာစကေး ၃ဒဿမ၇အဆင့် ငလျင်လှုပ်ခဲ့သည်။

သပိတ်ကျင်းမြို့နယ်သည် စစ်ကိုင်းပြတ်ရွေ့ဖြတ်သွားသည့်မြို့ဖြစ်ပြီး ရစ်ခ်တာစကေး ၅ အထက်နှင့် ၆အထက် ငလျင်အချို့ လှုပ်ရှားလေ့ရှိသည်။ ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ရစ်ခ်တာစကေး ၆ဒဿမ၈ အဆင့် ငလျင်လှုပ်ခဲ့ရာ ထိခိုက်ပျက်စီးမှု များပြားခဲ့သည်။ စစ်ကိုင်းပြတ်​ရွေ့သည် မြန်မာနိုင်ငံ​မြောင်ပိုင်း ဟူ​ကောင်းချိုင့်ဝှမ်းမှ ​တောင်ပိုင်း ကပ္ပလီပင်လယ်ပြင်ထဲအထိ ​တောင်​မြောက် ဖြတ်သန်းသွား​​သော​မြေငလျင်​ကြော ၊ထို​မြေငလျင်​ကြောတ​လျှောက် ငလျင်များမကြာခဏလှုပ်ခတ်​လေ့ရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ကျူရှူးကျွန်းပေါ်က ငလျင်ဘေးသင့် ကူမာမိုတို ဒေသဆီ ဂျပန်ဝန်ကြီးချုပ် စနအဲ တကိချိက ကိုယ်တိုင် သွားရောက်ခဲ့ပြီး ကယ်ဆယ်ရေး အဖွဲ့ဝင်တွေ၊ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ဇွန်လတုန်းက ဗင်နီဇွဲလား နိုင်ငံမှာ လှုပ်ခတ်ခဲ့တဲ့ စုံတွဲငလျင်ကြီး နှစ်ခုကြောင့် သေဆုံးသူ အရေအတွက်ဟာ ၆၀၀၀ ကျော်လွန်လာပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းမှာ ဇူလိုင် ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၇.၁ အဆင့် ငလျင်ကြီးကြောင့် သေဆုံးသူဟာ နှစ်ဒါဇင် နီးပါးထိ များပြားလာခဲ့ပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။