Connect with us

Hi, what are you looking for?

သတင်း

မောင်တောမြို့သိမ်းတိုက်ပွဲ ပြင်းထန်နေ

မောင်တောမြို့မှ စစ်ကောင်စီ​၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့် တစ်ခုတည်းသော နယ်ခြားစောင့် ရဲဌာနချုပ်နခခ(၅)အား အာရက္ခတပ်တော်(AA)က အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း မြေပြင်စစ်ရေးသတင်းမြစ်အချို့က ပြောသည်။

မောင်တောမြို့အဝင် တနေရာ(ဓာတ်ပုံ - CJ)

လူအေး/People’s Spring

မောင်တောမြို့မှ စစ်ကောင်စီ​၏ နောက်ဆုံးလက်ကျန်စခန်းဖြစ်သည့် တစ်ခုတည်းသော နယ်ခြားစောင့် ရဲဌာနချုပ်နခခ(၅)အား အာရက္ခတပ်တော်(AA)က အပြင်းအထန် ထိုးစစ်ဆင်နေကြောင်း မြေပြင်စစ်ရေးသတင်းမြစ်အချို့က ပြောသည်။

“တိုက်ပွဲက နခခ(၅)အတွက်နောက်ဆုံး အခြေအနေလို့ ပြောလို့ရပါတယ်။ ဒီနေ့ မဟုတ်ရင် နောက်နေ့ သိမ်းနိုင်မှာ ဖြစ်ပါတယ်။ တိုက်ပွဲက တော်တော်ကိုပြင်းထန်နေပါတယ်”ဟု People’s Spring ၏ သတင်းရင်းမြစ်တစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

မောင်တောမြို့သိမ်းတိုက်ပွဲကို AAက သြဂုတ်၄ ရက်ကစတင်ခဲ့ခြင်းဖြစ်ပြီး စခန်းအများအပြားသိမ်းယူထားနိုင်သော်လည်း စစ်‌ကောင်စီက နခခ (၅)မှနေ၍ ခုခံနေခြင်းဖြစ်သည်။

ထို့အပြင် နယ်ကြားစောင့်ရဲတပ်ဖွဲ့ဝင်များအား စစ်ကောင်စီက ထွက်မပြေးအောင်း ခြိမ်းခြောက်ထိန်းချုပ်ထားသည်ဟု ရဲတပ်ဖွဲ့မိသားစုဝင်အချို့က ပြောသည်။

” မိသားစုဝင်တွေရဲ့အိမ်ထောင်စုစာရင်းတွေ၊ မှတ်ပုံတင်တွေကိုပါ သိမ်းထားတာ။ လုံးဝလွတ်လပ်ခွင့်မပေးဘူး။ ကျမဆိုရင် ကျမအမျိုးသားနဲ့ ဖုန်းအဆက်အသွယ်ပြတ်သွားတာ ရက်၂၀ကျော်ပြီ” ဟု မောင်တောမြို့ နခခ(၅)တွင် ပိတ်မိနေသည့် ရဲတပ်ဖွဲ့ဝင်တစ်ဦး၏ ဇနီးဖြစ်သူက ပြောသည်။

မောင်တောမြို့တွင် မြို့အပြင်၌ စစ်ကောင်စီ၏ နခခ (၅) စခန်း တစ်ခုသာကျန်ရှိတော့ပြီး အပြီးသတ်သိမ်းပိုက်နိုင်ရန် ထိုးစစ်များဆက်လက်အရှိန်အဟုန်မြှင့်တင်သွားမည်ဟု AA က စက်တင်ဘာ၂၇ရက်တွင် ထုတ်ပြန် ထားသည်။

ယင်းအချိန်မှစ၍ တိုက်ပွဲများပိုမိုပြင်းထန်ခဲ့ကြောင်း မြေပြင်စစ်ရေးသတင်းမြစ်အချို့ကပြောသည်။

” စစ်တပ်က မနေ့ကနဲ့ ဒီနေ့ လေကြောင်းကနေလာပစ်သလို အင်အားလည်း ထပ်တိုးနေတယ်။ ဒါပေမယ့် လုံးဝ မခံနိူင်တော့အောင် ကစဉ့်ကလျားအခြေအနေလို့ တပ်တွင်းကနေပြန်သိရပါတယ်”ဟု မောင်တောမြို့တွင် နေထိုင်သူတစ်ဦးက ပြောသည်။

မောင်တောမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီက သင်တန်းပေးထားသော မူဆလင် အကြမ်းဖက်အချို့ နှင့် ARSA၊ RSO၊ ARA အစရှိသော မူဆလင်အကြမ်းဖက်လက်နက်ကိုင်များက စစ်ကောင်စီဘက်က တိုက်ခိုက်ပေးနေကြောင်း AAက အသိပေးထားသည်။

မြို့တွင်းတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လူသားဒိုင်းကာအဖြစ် အသုံးပြုခြင်းခံနေရသော နိုင်ငံတကာအဖွဲ့အစည်းအချို့၏ ဝန်ထမ်းများ၊ မိသားစုဝင်များနှင့်ဒေသခံများအပါအဝင် လူဦးရေ နှစ်သောင်းနီးပါးအား တိုက်ပွဲများကြားမှ ကယ်ထုတ်ထားကြောင်း AAက ပြီးခဲ့သည့် ဩဂုတ်တွင် ထုတ်ပြန်ထားသည်။

AAသည် လက်ရှိတွင် အမ်းမြို့သိမ်းတိုက်ပွဲအတွက် အမ်းမြို့နယ်အခြေစိုက် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနီးရှိ စစ်ကောင်စီစခန်းများကိုလည်း ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲများပြင်းထန်နေသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

၄၉၂၆ စစ်ဆင်ရေးလို့ စစ်အုပ်စုက ကြွေးကြော်ပြီး စစ်ကြောင်းတွေတက်လာတဲ့ ပန်း‌တောင်းမြို့က ကပစ(၁၆)အနီးပတ်ဝန်းကျင်မှာ ဒီနေ့ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။