Connect with us

Hi, what are you looking for?

သတင်း

မိတ္ထီလာမြို့အဝင် စစ်ကောင်စီတပ် အစစ်အဆေးတင်းကြပ်နေ

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း မိတ္ထီလာမြို့အဝင်၌ စစ်ကောင်စီတပ်သားများက အစစ်အဆေးတင်းကြပ်နေကြောင်း မြို့ခံများက ပြောသည်။

မိတ္ထီလာမြို့အဝင်၌ စစ်ဆေးနေသော စစ်ကောင်စီတပ်သားများ အား တွေ့ရစဥ်။ ဓါတ်ပုံ-ပသစ

ဇေအောင်/People’s Spring

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး စတင်ပြီးနောက်ပိုင်း မိတ္ထီလာမြို့အဝင်၌ စစ်ကောင်စီတပ်သားများက အစစ်အဆေးတင်းကြပ်နေကြောင်း မြို့ခံများက ပြောသည်။

မိတ္ထီလာမြို့တွင် စစ်ကောင်စီက ၎င်းတို့၏ လက်အောက်ခံ ပြည်သူ့စစ်(ခ) ပျူစောထီးများအား အာဏာပေး၍ မြို့အဝင်၊ အထွက်စစ်ဆေးခိုင်းထားကြောင်း မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“​နေပူပူလမ်း​လျှောက်ခိုင်းတာ ဆိုးတယ်။အသက်ကြီးသူ​တွေ​ရော စစ်တာ။ ငွေဆင်းပေးဒါမှမဟုတ် တခုခုပေးလိုက်ရင် မောင်းလို့ရတယ်။ မပေးရင်တော့ အသေရစ်ပြီပဲ။”ဟု မိတ္ထီလာမြို့ခံတစ်ဦးက ပြောသည်။

ထို့အပြင် စစ်ကောင်စီက မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများသွားရောက်ကာ ၎င်းတို့အဖွဲ့ဝင်ရောက်ရန်စည်းရုံးခြင်း၊ PDF သတင်းများစုံစမ်းခိုင်းခြင်းများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

မီတ္ထီလာ-ကျောက်ပန်းတောင်းလမ်း၌ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးအဖြစ် ကာကွယ်ရေးအဖွဲ့များက စစ်ဆေးမှုများပြုလုပ်နေပြီး ပြီးခဲ့သည့် ဩဂုတ် ၃၁ရက်က ကျောက်ပန်းတောင်း မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကား ဖြတ်သန်းလာစဥ် အစစ်အဆေးမခံ၍ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲမှူးတစ်ဦး အပါအဝင် ရဲတပ်ဖွဲ့ဝင် သုံးဦး သေဆုံးခဲ့သေးသည်။

သြဂုတ် ၁၀ရက်က မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့များရှိ စစ်ကောင်စီစခန်းများ၊ ရုံးများတိုက်ခိုက်ခံခဲ့ရသည်။ ထို့အပြင် နယ်မြေချင်းထိဆက်နေသော မလှိုင်မြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ငါန်းဇွန်မြို့နယ်တို့၌ပါ စစ်ကောင်စီတပ်များ တိုက်ခိုက်ခံခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့၊ အထ.က (၁)မှာ ကျောင်းသားတွေကို ကတုံးဆံထောက်ပုံစံညှပ်ထားမှသာ ကျောင်းအပ်လက်ခံမယ်ဆိုလို့ကျောင်းသားနဲ့မိဘတွေ အခက်တွေ့နေကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ၃ရက်အတွင်း အမျိုးသား ၂ဦး ကြိုးဆွဲချသေဆုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့မှာ မော်တော်ဆိုင်ကယ်တွေကို လိုင်စင်ဒစ်စ်ဝိုင်းမိတ္တူ တင်ပြနိုင်မှသာ ရောင်းချပေးတော့မယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။