Connect with us

Hi, what are you looking for?

သတင်း

ခေါပုတ်စခန်းကနေ ဆုတ်ခွာပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KNU လိုက်လံတိုက်ခိုက်

စစ်သုံ့ပန်းတွေ ဖမ်းမိတဲ့ သတင်းတွေ လည်း ထွက်ပေါ်နေပေမယ့် KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက အတည်မပြုပါဘူး။

ခေါပုတ်စခန်းကနေ ဆုတ်ခွာပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KNU လိုက်လံတိုက်ခိုက်
ခေါပုတ်စခန်းကနေ ဆုတ်ခွာပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ကို KNU လိုက်လံတိုက်ခိုက်

နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ခေါပုတ်စခန်းသိမ်းတိုက်ပွဲ အတွင်း ဆုတ်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ဖာပွန်ဘက်က စခန်းတွေဆီ သွားရောက်ပူးပေါင်းဖို့ ကြိုးစားနေတယ်လို့ KNU တပ်မဟာ(၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒို က ပြောပါတယ်။

ဆုတ်ခွာသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကို KNU နဲ့ ပူးပေါင်းတပ်ကလိုက်လံတိုက်ခိုက်နေတယ်လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

KNU တပ်မဟာ (၅) နယ်မြေ ဖာပွန်ခရိုင်ထဲမှာ နှစ်ပေါင်း ၃၀ ကျော်ကြာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်ရဲ့ ခေါပုတ်(ခေါပူ) တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်က အောက်တိုဘာလ ၂၉ ရက်မှာ သိမ်းယူ လိုက်တာပါ။

Public Service Announcement

Public Service Announcement

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး ၊ လက်နက်ငယ် ခဲယမ်းမီးကျောက်တွေ အများအပြား သိမ်း ဆည်းရမိတဲ့ ဓာတ်ပုံမှတ်တမ်းတွေ လူမှုကွန်ရက်မှာ ပျံနှံ့နေပေမယ့် KNU ဘက်က တရားဝင်မထုတ်ပြန်သေးပါဘူး။

စစ်သုံ့ပန်းတွေ ဖမ်းမိတဲ့ သတင်းတွေ လည်း ထွက်ပေါ်နေပေမယ့် KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက အတည်မပြုပါဘူး။

“အရှင်ဖမ်းမိတာတော့ မကြားရဘူးနော်၊ ဘာဖြစ်လည်းဆိုတော့ စစ်တပ်ကလူတွေဟာ သူတို့ လက်နက်ချတာတို့နော် အလံဖြူထောင်တာတို့ သူတို့မလုပ်ဘူး” လို့ ဗိုလ်မှုးကြီးစောကလယ်ဒိုက ဆိုပါတယ်။

ဖာပွန်ခရိုင်ထဲမှာ အာဏာမသိမ်းခင်က စစ်တပ် တပ်စခန်း ၇၀ ခန့် ရှိပြီး လက်ရှိမှာတော့ တပ်စခန်း ၁၀ ခုကျော်သာ ကျန်ရှိတော့တယ်လို့ KNU တပ်မဟာ (၅) ရဲ့စာရင်းအရသိရပါတယ်။

ဒါပေမယ့် ဖာပွန်မှာ အဓိကကျတဲ့ အခြေချ စစ်ဗျုဟာ ကျန်ရှိနေဆဲဖြစ်ပြီး KNU နဲ့ ပူးပေါင်းတပ်တွေက ကာလရှည်ကြာ ဝန်းရံပိတ်ဆို့ ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) မူတြော်(ဖာပွန်)ခရိုင် တပ်မဟာ(၅)နယ်မြေ စက်တင်ဘာလဝက် တိုက်ပွဲတွေအတွင်း စစ်တပ်က အရာရှိအပါအဝင် သေဆုံးသူ ၂၂ဦး ရှိကြောင်း KNU မူတြော်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်( မူတြော်)၊ နို့ခဲထရွာမှာ မနေ့ ( စက်တင်ဘာလ ၁၆ ရက်) က KNU တပ်မဟာ (၅) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်အချို့သိမ်းဆည်းရမိတယ်လို့ တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောထိုရော်ဘင်က ပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။