Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့နယ်တွင် နှစ်ရက်ဆက်တိုက်ခိုက်ခံရသည့် စစ်တပ်က ကျေးရွာမီးရှို့၍ နေအိမ် ၁၉လုံး ပြာကျ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရုပီးနောက် ကျေးရွာအား မီးရှို့ဖျက်ဆီး၍ နေအိမ် ၁၉ လုံး ပြာကျခဲ့ကြောင်း သတင်းရရှိသည်။

(စစ်အုပ်စု မီးဝင်ရှို့၍ ပျက်စီးသွားသော ရေစကြိုမြို့နယ် နီပဆေးတောကျေးရွာရှိ နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ရေစကြိုပကဖ)
(စစ်အုပ်စု မီးဝင်ရှို့၍ ပျက်စီးသွားသော ရေစကြိုမြို့နယ် နီပဆေးတောကျေးရွာရှိ နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ရေစကြိုပကဖ)

ဟာနာဆန်/People’s Spring

အောက်တိုဘာ ၃၁ရက် နေ့လည် ၂နာရီခန့်က ရေစကြိုမြို့မှလာသော စစ်ကားတစ်စီးအား မြို့အထွက် ဘက်စုံခြံအနီးတွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ကြောင်း ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောသည်။

ထို့အပြင် နိုဝင်ဘာ ၁ရက် နံနက် ၇ နာရီခန့်ကလည်း မြိုင်မြို့နယ်၊ လင်းကတောနယ်မြေရဲစခန်းမှ လာသော အင်အား၇၀ခန့်ပါ စစ်ကြောင်းအား တိုက်ခိုက်ရာ ထိခိုက်မှုရှိကြောင်း ရေစကြိုပကဖက ပြောသည်။

(စစ်အုပ်စု မီးဝင်ရှို့၍ ပျက်စီးသွားသော ရေစကြိုမြို့နယ် နီပဆေးတောကျေးရွာရှိ နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ရေစကြိုပကဖ)
(စစ်အုပ်စု မီးဝင်ရှို့၍ ပျက်စီးသွားသော ရေစကြိုမြို့နယ် နီပဆေးတောကျေးရွာရှိ နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ရေစကြိုပကဖ)

“နီပဆေးတောရွာကို သုံးကြောင်းခွဲပြီး တက်လာတာ။ ကင်းစောင့်တဲ့ရဲဘော်တွေနဲ့တွေ့တော့ ပစ်ခတ်မှုဖြစ်တာ။ ​တစ်ကောင်လဲသွားတယ်။ နယ်မြေရှင်းလင်းတော့သွေးကွက်တွေဘာတွေတွေ့တယ်။”ဟု ရေစကြိုပကဖမှ ရဲဘော်ဝေကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါစစ်ကြောင်းသည် ရေစကြိုမြို့နယ်၊ နီပဆေးတောကျေးရွာဝင်ရောက်ပြီး မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၁၉လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံများက ပြောသည်။

သို့သော် ဒေသခံပြည်သူများက ကြိုတင်တိမ်းရှောင်နိုင်ခဲ့၍ ဖမ်းဆီးခံရမှုမရှိကြောင်း သိရသည်။

ထို့အပြင် စစ်ကောင်စီတပ် မီးရှို့နေစဥ် ရေစကြိုပကဖက ၆၀မမ လက်နက်ကြီးများ၊ ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(စစ်အုပ်စု မီးဝင်ရှို့၍ ပျက်စီးသွားသော ရေစကြိုမြို့နယ် နီပဆေးတောကျေးရွာရှိ နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ရေစကြိုပကဖ)
(စစ်အုပ်စု မီးဝင်ရှို့၍ ပျက်စီးသွားသော ရေစကြိုမြို့နယ် နီပဆေးတောကျေးရွာရှိ နေအိမ်များအား တွေ့ရစဥ်။ဓာတ်ပုံ-ရေစကြိုပကဖ)

အောက်တိုဘာ ၁၁ရက်က ရေစကြိုမြို့နယ်၊ ခလရ (၂၅၆)တပ်ရင်းမှလာသည့် အင်အား ၇၀ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို ဇီးကုန်းနှင့် ဇီးကုန်းကျွန်းကျေးရွာကြားတွင် ရေစကြိုပကဖက ကြားဖြတ်တိုက်ခိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲအတွင်း စစ်သား ၈ဦး သေဆုံးကာ လက်နက်များလည်း သိမ်းဆည်းရမိခဲ့သည်။ ရေစကြိုပကဖဘက်ကလည်း ရဲဘော်တစ်ဦး ကျဆုံးပြီး စစ်ကောင်စီတပ်က သံဃာတစ်ပါးနှင့် ပြည်သူ ၂ ဦးကို သတ်ဖြတ်ထားခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကသာ၊အင်းတော်နဲ့ မော်လူးမြို့အနီးက ကျေးရွာတချို့ကို စစ်တပ်က ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းတွေဝင်လာလို့ တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်က ချင်းတော်လှန်ရေးတပ်စခန်းအချို့ကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ချင်းတော်လှန်ရေးရဲဘော်အချို့ ကျဆုံးမှု ရှိတယ်လို့ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။