Connect with us

Hi, what are you looking for?

သတင်း

ရေစကြိုမြို့ပေါ်တွင် စစ်အုပ်စုပစ်ခတ်၍ အလုပ်ပြန်လာသည့် လက်သမားတစ်ဦးသေဆုံး

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများပစ်ခတ်၍ အလုပ်ပြန်လာသည့် လက်သမားတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အာဏာသိမ်းကာလအစောပိုင်း ၂၀၂၁ ဖေဖော်ဝါရီအတွင်းက ရေစကြိုမြို့ပေါ်တွင် အေးချမ်းစွာဆန္ဒပြနေသော ပြည်သူများကို စစ်အုပ်စုဝင်များက အကြမ်းဖက်ဖမ်းဆီးနေစဥ်။ ဓာတ်ပုံ-CJ

ဟာနာဆန်/People’s Spring

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများပစ်ခတ်၍ အလုပ်ပြန်လာသည့် လက်သမားတစ်ဦးသေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

အောက်တိုဘာ ၂၅ရက် နေ့လည်က စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများသည် ရေစကြိုမြို့၊ ရေစကြို – ညောက်ဇောက်လမ်းမကြီးပေါ်၌ သေနတ်ပစ်ဖောက်၍ ပြည်သူများစစ်ဆေးနေစဉ် ဆိုင်ကယ်နှစ်ယောက်စီးသူကို တွေ့သဖြင့်လိုက်လံပစ်ခတ်ခဲ့ကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီ၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ထိုသို့ပစ်ခတ်ရာ ဆိုင်ကယ်သမားနှစ်ဦးကို မထိမှန်ဘဲ အလုပ်မှပြန်လာသော လက်သမားဆရာ အသက် (၃၇)နှစ်အရွယ် ကိုဌေးဝင်းဆိုသူ သေနတ်ကျည်ထိမှန်ကာ နေရာတွင် ပွဲချင်းပြီးသေဆုံးသွားခဲ့ကြောင်း ၎င်းက ပြောသည်။

” ကိုဌေးဝင်းက ကလေးသုံးယောက်​အဖေ။ မိသားစုကို သူပဲလုပ်ကိုင်ကျွေးနေတာ။”ဟု ရေစကြိုမြို့ခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၅ ရက်ကလည်း ရေစကြိုမြို့ပေါ်နေထိုင်သူ စိုက်ပျိုးရေးလုပ်ကိုင်သည့် အသက်(၁၈)နှစ်အရွယ် ကိုနောင်နောင်ဆိုသူအား စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့သည်။

ရေစကြိုမြို့ပေါ်တွင် အပြန်အလှန် ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားနေပြီး စစ်ကောင်စီက ပြည်သူများကို ငွေညှစ်ခြင်း၊ ဖမ်းဆီးခြင်း၊ သတ်ဖြတ် ခြင်း၊ နေအိမ်များ ဖျက်ဆီးဝင်ရောက်ကာ ပြည်သူပိုင်ပစ္စည်းများ ခိုးယူလုယက် ယူဆောင်ခြင်း၊ အနုကြမ်းစီးခြင်း၊ ဓါးပြတိုက်ခြင်း စသည့် လုပ်ရပ်များ ပြုလုပ်နေပြီး မြို့ခံပြည်သူများ နေ့စဉ် စိုးရိမ်ထိတ်လန့်နေကြရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။

သတင်း

ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်သံအမတ်ကြီးဦးကျော်မိုးထွန်းနဲ့ပတ်သက်လို့ အာဏာသိမ်းစစ်တပ်လက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်ကို ကြည့်ရင် စစ်အုပ်စုအနေနဲ့ ကြံရာမရ(Desparation)ဘယ်လောက်ဖြစ်နေသလဲဆိုတာပြသနေတယ်လို့သံအမတ်ကြီးဦကျော်မိုးထွန်းက လူထုနွေဦးကို ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မြန်မာ့အရေးဆုံးဖြတ်မယ့်အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ရဲ့အစည်းအဝေးကို အာဆီယံနိုင်ငံတွေရဲ့ပံ့ပိုးမှုနဲ့ တက်ရောက်ခွင့်ရဖို့ အာဏာသိမ်းစစ်တပ်က ကြိုးပမ်းနေတယ်လို့မြန်မာနိုင်ငံလုံးဆိုင်ရာအလုပ်သမားသမဂ္ဂ အဖွဲ့ချုပ် CTUM ဗဟိုအလုပ်အမှုဆောင်ဒေါ်ခိုင်ဇာအောင်ကပြောပါတယ်။