Connect with us

Hi, what are you looking for?

သတင်း

ကျွန်းလှမြို့နယ် လိပ်ဆင်းတောင်‌ရွာကို စစ်ကောင်စီက Mi-35ရဟတ်ယာဉ်ဖြင့် မိနစ်၂၀ခန့်ကြာ ပစ်ခတ်တိုက်ခိုက်

ကျွန်းလှမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၃ရက်က စစ်ကောင်စီအခိုင်အမာတပ်စွဲထားသော ဆင်စွယ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြု တိုက်ခိုက်နေသည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်။ ပုံအဟောင်းကို အသုံးပြုထားပါ)
(စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က အသုံးပြု တိုက်ခိုက်နေသည့် Mi-35 ရဟတ်ယာဥ် တစ်စီးအား တွေ့ရစဥ်။ ပုံအဟောင်းကို အသုံးပြုထားပါ)

ကျွန်းလှမြို့နယ်အနောက်ခြမ်းရှိ လိပ်ဆင်းတောင်‌ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက Mi-35 ရဟတ်ယာဉ်ဖြင့် မိနစ် ၂၀ခန့်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

အရပ်သားများသာရှိနေသော လိပ်ဆင်းတောင်‌ကျေးရွာကို ယနေ့(နိုဝင်ဘာ ၂၅ရက်) ညနေ ၃နာရီခွဲခန့်တွင် စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်ခြင်းဟု ဆိုသည်။

“ရွာကိုပတ်ပြီး မော်တာနဲ့ပစ်သွားတာ။ ဒေသခံတွေတော့ ထိခိုက်မှုမရှိဘူး။ တိုက်ပွဲလည်း မရှိဘဲ တမင်သက်သက်ပစ်တာ။ သဒ္ဓေယုတ်တဲ့ ပိုင်းလော့တွေ”ဟု ဒေသခံတစ်ဦးက ပြောသည်။

လိပ်ဆင်းတောင်‌ရွာကို စစ်‌ကောင်စီက ရဟတ်ယာဉ်ဖြင့် ခြောက်ကြိမ်ပတ်၍ ပစ်ခတ်သွားခြင်းဖြစ်သည်။ သို့သော် ထိခိုက်မှုအခြေအနေကို လူထုနွေဦးက စုံစမ်းနေဆဲဖြစ်သည်။

Public Service Announcement

Public Service Announcement

” ကျွန်းလှမြို့နယ်အနောက်ခြမ်းရွာတွေက စစ်‌အာဏာရှင်ကို ဆန့်ကျင်တဲ့ ရွာတွေဖြစ်တယ်။ဒီနေ့လေကြောင်းတိုက်ခိုက်မှုက ထုံးစံအတိုင်း စစ်ကောင်စီက အရပ်သားကို ဦးတည်ပစ်တာ”ဟု ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦးက ပြောသည်။

ကျွန်းလှမြို့တွင် ပြီးခဲ့သည့် နိုဝင်ဘာ ၃ရက်က စစ်ကောင်စီအခိုင်အမာတပ်စွဲထားသော ဆင်စွယ်စခန်းကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီဘက်မှ ၃၀ထက်မနည်းသေဆုံးပြီး လေကြောင်းမှဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ကာကွယ်ရေးရဲဘော် ရှစ်ဦးကျဆုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဘရာဇီးနိုင်ငံမှာ ရဟတ်ယာဉ်နှစ်စီး လေထဲ တိုက်မိရာက ထင်ရှားတဲ့ အမေရိကန် ဂီတ ပညာရှင် တစ်ဦးအပါအဝင် စုစုပေါင်း ၆ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် စစ်တပ် ရဟတ်ယာဉ်ကို ပစ်ချခဲ့ကြောင်း စွပ်စွဲပြီး အီရန်ကို အမေရိကန်က စစ်ရေးအရ လက်တုံ့ပြန် တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်နိုင်ငံ ကမ်းလွန်က ဟောမုဇ်ရေလက်ကြားနားမှာ အမေရိကန် စစ်တပ်ရဲ့ တိုက်ခိုက်ရေး ရဟတ်ယာဉ်တစ်စီး ပျက်ကျခဲ့ကြောင်း သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြုခဲ့ပါတယ်။

နိုင်ငံတကာ

လေ့ကျင့်ပျံသန်းရင်း ဗြိတိန် တော်ဝင်ရေတပ် ရဟတ်ယာဉ် ပျက်ကျခဲ့တာကြောင့် ၃ ဦး သေဆုံးခဲ့ပါတယ်။