Connect with us

Hi, what are you looking for?

သတင်း

မုဒုံနှင့် သံဖြူဇရပ်ရှိ စစ်ကောင်စီတပ်ကို NMSP-ADတပ် တိုက်ခိုက်

NMSP-ADသည် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး ယခုနှစ်ဆန်းမှစ၍ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေခြင်းဖြစ်သည်။

(စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သော NMSP-ADတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - NMSP-AD)
(စစ်ကောင်စီတပ်ကို တိုက်ခိုက်ခဲ့သော NMSP-ADတပ်မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - NMSP-AD)

◾️အရာရှိအပါအဝင် စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုရှိဟုဆို

ဟန်နွေ/People’s Spring

မွန်ပြည်နယ် သံဖြူဇရပ်နှင့် မုဒုံမြို့နယ်ရှိ စစ်ကောင်စီတပ်များကို မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင် တိုက်ဖျက်ရေး)-NMSP-AD က တိုက်ခိုက်ခဲ့ကြောင်း အဆိုပါတပ်က ယနေ့(နိုတင်ဘာ ၂၈ရက်)သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၆ရက်က မုဒုံမြို့နယ်၊ အဘစ်ကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ်စခန်းနှင့် နိုဝင်ဘာ ၂၃ရက်တွင် သံဖြူဇရပ် မြို့အဝင်ရှိ စစ်ဆေးရေးဂိတ်ကို ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ဟု အသိပေးသည်။

အဆိုပါတိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်မှ အရာရှိအပါဝင် သေဆုံးသူ ၈ဦးရှိပြီး ၃ဦး ဒဏ်ရာရခဲ့ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

“ကျနော်တို့အနေနဲ့ စစ်ရေးဖော်ဆောင်မှုက ဆက်တိုက်ပြုလုပ်နေမှာဖြစ်ပါတယ်။ အဲဒီလောက်ပဲ သတင်းစကားပေးပါမယ်” ဟု NMSP-AD ပြောရေးဆိုခွင့်ရှိသူ နိုင်ဗညားမွန်က ပြောသည်။

စစ်ကောင်စီတပ်များကို ဒရုန်းဖြင့်တိုက်ခိုက်မှုကိုလည်း ဖော်ပြခဲ့ရာ သံဖြူဇရပ်မြို့အဝင် ဖောင်စိန်စစ်ဆေးရေးဂိတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်က အရာရှိ ၂ဦး အပါအဝင် ၃ဦး သေဆုံးကာ ၂ဦး ဒဏ်ရာရခဲ့ပြီး မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ စစ်ကောင်စီ အမြောက်တပ် အမတ (၃၁၈)ကို ဒရုန်းဖြင့်တိုက်ခိုက်မှု၌ စစ်ကောင်စီတပ် ၅ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

NMSP-ADသည် ဒေသတွင်း မွန်တော်လှန်ရေးတပ်များအပါအဝင် စစ်ကောင်စီကို တိုက်ခိုက်နေသည့် တော်လှန်ရေးတပ်ဖွဲ့များဖြင့် ပူးပေါင်းပြီးလည်း စစ်ကောင်စီကို တိုက်ခိုက်လျက်ရှိသည်။

NMSP-ADသည် မွန်ပြည်သစ်ပါတီမှ ခွဲထွက်ပြီး ယခုနှစ်ဆန်းမှစ၍ စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်‌ကောင်စီလုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့လယ် ဆူးလေဘုရားလမ်းမပေါ်က ကျောက်တံတားရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame အဖွဲ့ရဲ့ သတင်းပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

သတင်း

ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ်က မြို့နယ်ကြံ့ဖွံ့(ပြည်ခိုင်ဖြိုး)ရုံးကို မိုင်းတွေ၊ လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Yangon Army တာဝန်ရှိသူကပြောပါတယ်။

ဆောင်းပါး

လပြည့်ညက စစ်ကောင်စီ ဗုံးကြဲသတ်ဖြတ်ခဲ့တဲ့ ဒီနေရာဟာ အခုတော့ လူသူမရှိ ငြိမ်သက်နေခဲ့တယ်။ ဒါပေမဲ့ အနံ့အသက်တခုတော့ ဦးဇင်းရခဲ့တယ်။ "ဒီနေ့ထိ သွေးညှိအနံ့တွေ ရနေတုန်း"လို့ ဦးဇင်းက မိန့်တယ်။

သတင်း

စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက်ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီးနေတဲ့ ရန်ကုန်မြို့က ဗဟန်းမြို့မရဲစခန်းကို လက်ပစ်ဗုံးတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့ Operation Flame သတင်းနဲ့ပြန်ကြားရေး တာဝန်ခံက ပြောပါတယ်။