Connect with us

Hi, what are you looking for?

သတင်း

တောင်ပိုင်းစစ်ဒေသနယ်မြေ စက်တင်ဘာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ၁၅၀ခန့်သေဟု PDFထုတ်ပြန်

PDFနှင့်မဟာမိတ် ပူးပေါင်းတပ်မှ ရဲဘော် ၁၇ဦးကျဆုံး

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် ကုန်မြင့်သာရှေ့တန်းစစ်ကောင်စီစခန်းအား သိမ်းပိုက်ပြီး ရရှိသော လက်နက်ခဲယမ်းများအား တွေ့ရစဉ်။ ဓာတ်ပုံ - တောင်ပိုင်းစစ်ဒေသ

ထားမြတ်/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းစစ်ဒေသနယ်မြေစက်တင်ဘာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၅၀ခန့် သေဆုံးပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)နှင့် မဟာမိတ်ပူးပေါင်းတပ်မှ ရဲဘော် ၁၇ဦးကျဆုံးခဲ့ဟု တောင်ပိုင်းစစ်ဒေသက သတင်းထုတ်ပြန်သည်။

တောင်ပိုင်းစစ်ဒေသနယ်မြေတွင် စက်တင်ဘာအတွင်း စခန်းသိမ်းတိုက်ပွဲ သုံးကြိမ်အပါအဝင် ထိတွေ့တိုက်ပွဲပေါင်း (၆၆)ကြိမ်ဖြစ်ခဲ့ပြီး သတင်းပေးထောက်တိုင်များကို ရှင်းလင်း တိုက်ခိုက်မှု လေးကြိမ်၊ ရန်သူ့စခန်းများ စစ်ကြောင်းများကို ဒရုန်းဖြင့်တိုက်ခိုက်မှု ၂၄ကြိမ်၊ လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ မိုင်းဆွဲတိုက်ခိုက်မှု၊ စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်မှုများစွာ ပြုလုပ်ခဲ့သည်ဟုဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်သား ၁၄၇ဦး သေဆုံးကာ ၉၆ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ စစ်သုံ့ပန်း ၈ဦးဖမ်းမိခဲ့ပြီး ဥပဒေနှင့်အညီကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက် ထားကြောင်း အသိပေးသည်။

Public Service Announcement

Public Service Announcement

” မြေပြင်အခြေအနေအရ တိကျသေချာမှုမရှိသော အချက်အလက်များကို ချန်လှပ်ထားသောကြောင့် စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးဦးရေမှာ အထက်ပါအချက်အလက်ထက် များပြားနိုင်ပါသည်”ဟု ထုတ်ပြန်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော်နှင့် မဟာမိတ် များဘက်မှ ရဲဘော် ၁၇ဦး တိုင်းပြည်အတွက် ရဲဝံ့စွာအသက်ပေးလှူသွားပြီး၊ စုစုပေါင်း ၄၈ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ဟု အသိပေးသည်။

စစ်ကောင်စီတပ်များကို တိုက်ခိုက်ရာတွင် တောင်ပိုင်းစစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းတပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)များ၊ LDF များ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ မွန်ပြည် သစ်(AD) ပူးပေါင်းတပ်ဖွဲ့များ၊ KNU(KNLA,KNDO)နှင့် ဒရုန်းပူးပေါင်းတပ်ဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။

တောင်ပိုင်းစစ်ဒေသမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ – တောင်ပိုင်းစစ်ဒေသ

တိုက်ပွဲများအတွင်း ရန်သူထံမှ ရိက္ခာကားတစ်စီး၊ လက်နက်ကြီး၊ လက်နက်ငယ်နှင့် ခဲယမ်းအမြောက်အများ၊ ဆန်အိတ် (၄၀၀)ကျော်၊ RPG-7 ကျည် အလုံး ၁၀၀၊ ၆၀မမ ကျည် ၅၂လုံး၊ လက်ပစ်ဗုံးများနှင့် ဆွဲမိုင်းများကို သိမ်းဆည်းရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှလည်း ပျက်စီးဆုံးရှုံးမှုအနည်းငယ်ရှိခဲ့ဟု အသိပေးသည်။

ထို့အပြင် စစ်ကောင်စီတပ်သည် ပြည်သူများနေထိုင်ရာ ကျေးရွာများအတွင်းသို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဗုံးသီးများ ကြဲချခြင်း၊ လက်နက်ကြီးဖြင့် နေ့စဥ်ရမ်းသန်းပစ်ခတ်ခြင်း၊ လေကြောင်းမှ တိုက်ခိုက်ခြင်းနှင့် ပြည်သူများအား အကြောင်းမဲ့ဖမ်းဆီးသတ်ဖြတ်ခြင်းများကြောင့် စက်တင်ဘာလအတွင်း အပြစ်မဲ့ပြည်သူ ၁၂ဦး သေဆုံးပြီး ၄၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ ပြည်သူ ၂၉၃ဦးမှာ မတရားဖမ်းဆီးခံခဲ့ရကြောင်း တောင်ပိုင်းစစ်ဒေသက ထုတ်ပြန်သည်။

သို့သော် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်ပြီး လူထုနွေဦးက သီးခြားအတည်မပြုနိုင်ပေ။

တောင်ပိုင်းစစ်ဒေသ၏ စက်တင်ဘာတိုက်ပွဲသတင်းထုတ်ပြန်ချက်တွင် တိုက်ပွဲဖြစ်ပွားရာနေရာ ဒေသများကို ဖော်ပြမထားပေ။ သို့သော် တောင်ပိုင်းစစ်ဒေသ၏ ယခင်သတင်းထုတ်ပြန်ချက်များအရ စစ်ဒေသ နယ်မြေအတွင်းရှိ ပူးပေါင်းတပ်ဖွဲ့များအနေဖြင့် မွန်ပြည်နယ် မုဒုံမြို့နယ် အဘစ်ကျေးရွာရှိ အမြောက်တပ်(၃၁၈) တပ်ရင်း၊ ပဲခူးတိုင်း အုတ်ဖိုမြို့နယ် ဂမုန်းဆည်၊ ပဲခူးတိုင်း ကြို့ပင်ကောက်မြို့နယ် အလယ်ကုန်းရဲစခန်းအနီး နေရာများ၌ စစ်ကောင်စီတပ်များ အထိနာအောင် တိုက်ခိုက်နိုင်ခဲ့သည်။

ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် လွတ်ရှမ်းရွာရှိ စစ်ကောင်စီအထိုင်စခန်းကို သိမ်းပိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊မြ၀တီမြို့နယ်၊ မဲကနယ်-ဖလူး တောလမ်းပိုင်းမှာ မနေ့( ဖေဖော်ဝါရီ ၂၄ ရက်)နေ့လယ်ပိုင်းကစစ်ကောင်စီတပ်ရဲ့ဒရုန်းနဲ့ တိုက်ခိုက်မှုကြောင့်ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင်အချို့ သေဆုံးမှု ရှိတယ်လို့ဒေသခံအချို့ဆီကသိရပါတယ်။

သတင်း

ကရင်ပြည်နယ် ၊ မြဝတီမြို့တောင်ဘက် ၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းက အင်ကြင်းမြိုင်နဲ့ မင်းလက်ပံကျေးရွာကြား ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်ဘက်ကနေ ပါဝင်ကူညီတိုက်ခိုက်ပေးတဲ့ BGF/KNA က တပ်ဖွဲ့ဝင် သုံး ဦးထက်မနည်း တိုက်ပွဲကျသွားတယ်လို့ BGF/KNA နဲ့နီးစပ်တဲ့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ကျောက်ကုန်း ရွာကို စစ်ကောင်စီတပ်စစ်ကြောင်းထိုးလာပြီး ဒေသခံပြည်သူ ၁၁ ဦးခန့်ကို ဖမ်းဆီးထားတယ်လို့ ဝက်လက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)က ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက ကျောက်မဲမြို့ကို ပြန်ထိန်းချုပ်ထားတဲ့ စစ်ကောင်စီတပ်က ဘေးပတ်ဝန်းကျင်မြို့တွေကို ဗုံးကြဲပြီး မြေပြင်စစ်ကြောင်းက သီပေါမြို့ဆီဦးတည်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။