Connect with us

Hi, what are you looking for?

သတင်း

ကနီမြို့နယ် ကျေးရွာအုပ်စုများ၌ လုံခြုံရေးတိုးမြှင့်ရန် တော်လှန်ရေးအဖွဲ့များ စီစဥ်

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ရှိ ကျေးရွာအုပ်စုများ၌ လုံခြုံရေးတိုးမြှင့်ရန် တော်လှန်ရေးတပ်ဖွဲ့များက စီစဥ်နေကြောင်း သတင်းရရှိသည်။

(ကနီမြို့အဝင်တနေရာ၌ PDF ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - DPRA)
(ကနီမြို့အဝင်တနေရာ၌ PDF ရဲဘော်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - DPRA)

ဇေအောင်/People’s Spring

ဒီဇင်ဘာ ၂ရက်က ကနီမြို့နယ်ရှိ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့နှင့် အုပ်စု၊တိုက်နယ်၊ကျေးရွာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များတွေဆုံ၍ အစည်းအဝေး ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် ကျေးရွာအုပ်စုလုံခြုံရေးကိစ္စရပ်များ တင်းကြပ်စွာတိုးမြှင့်ဆောင်ရွက်ပေးရန် ဆွေးနွေးခဲ့ကြကြောင်း ကနီမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပကဖ)က အသိပေးသည်။

ထို့အပြင် အုပ်ချုပ်ရေးလုပ်ငန်းများစနစ်တကျ ကျစ်လစ်စွာ ဆောင်ရွက်ကြရန်၊ပညာရေးကိစ္စရပ်များတွင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ ပြည်သူ့ကာကွယ်‌ရေးအဖွဲ့များမှပူးပေါင်း ဆောင်ရွက်ကြရန် ဆွေးနွေးခဲ့သည်ဟု ကနီပအဖက ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

အစည်းအဝေးနှင့်ပတ်သက်၍ ကနီပအဖထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

ပြီးခဲ့သည့် နိုဝင်ဘာ ၄ရက်က ကနီမြို့နယ်၊ပညာရေးဘုတ်အဖွဲ့တာဝန်ခံ ဆရာဦးဝင်းဌေး သည် တပုန်းကျေးရွာနေအိမ်၌ ဇနီးသည် ဒေါ်ခြိမ့်ခြိမ့်သဲဝေ၊ သုံးလအရွယ်သမီးငယ် မရွှေဝတ်ရည်လွှာတို့နှင့်အတူ ရက်စက်စွာ မတရားသတ်ဖြတ်ခံခဲ့ရသည်။ ယခုအခါ တစ်လပြည့်ပြီဖြစ်သော်လည်း တရားခံများအား ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။

ကနီမြို့နယ်၏ လုံခြုံရေးအခြေအနေနှင့်ပတ်သက်၍” အစည်းအဝေးလုပ်လည်း ထူးမယ့်ပုံမပေါ်ပါဘူး။”ဟု ကနီမြို့နယ်မှ တက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။

တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် ဒေသတွင် အဖွဲ့ဝင်တစ်ဦးနှင့် ၎င်း၏မိသားစု သတ်ဖြတ်ခံရမှုသည် ကြားကာလအုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ လုံခြုံရေးတို့ကို စိန်ခေါ်သည့် လုပ်ရပ်ဖြစ်ကြောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူများက ဝေဖန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

နိုင်ငံကကြွေကွဲရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ နောက်ဆုံးခရီး

သတင်း

လူထု​ခေါင်း​ဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာ အာဏာသိမ်းစစ်တပ်က ရန်ကုန်မြို့ကို လုံခြုံရေးတင်းကြပ်စွာချထားတယ်လို့ ဒေသခံတွေပြောပါတယ်။