Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံတွင် စစ်သားများလိုက်ပါလာသည့်ယာဥ်အား မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား ၂ဦးသေဟု MBTခေါင်းဆောင်ပြော

မြင်းခြံမြို့နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဒေသတွင်းတော်လှန်ရေးအဖွဲ့များ စိုးမိုးထားသည့်ကျေးရွာအချို့၌ တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။

(MBT တပ်ဖွဲ့ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-MBT)
(MBT တပ်ဖွဲ့ရဲဘော်များအား စစ်ဆင်ရေးတစ်ခုတွင် တွေ့ရစဥ်။ဓာတ်ပုံ-MBT)

အင်ကြင်း/People’s Spring

မြင်းခြံမြို့နယ်တွင် စစ်သားများလိုက်ပါလာသည့် ယာဥ်တစ်စီးအား မိုင်းဆွဲတိုက်ခိုက်ရာ စစ်သား (၂)ဦးသေဆုံးကြောင်း Myingyan Black Tiger (MBT)တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

ဒီဇင်ဘာ ၅ရက် နေ့လယ် ၂ နာရီခွဲခန့်က မြင်းခြံမြို့ မြောက်ဘက်ရှိ အနိမ့်လမ်းပိုင်းတစ်နေရာ၌ စစ်သားငါးဦး လိုက်ပါလာသော ခွေးဘီလူးကားတစ်စီးအား Myingyan Black Tiger (MBT)တပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါကားမှာ မြင်းခြံမြို့သို့ ပြန်လာစဥ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားပေါ်ပါ စစ်သားနှစ်ဦး သေဆုံးကြောင်း MBTတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ပြောသည်။

Public Service Announcement

Public Service Announcement

“ပျူစောထီးရယ်၊ စစ်သားရယ် ပါတယ်။မြောက်ကျွန်းရွာက ပြန်လာတာ။ ဘာအတွက်သွားတယ်တော့မသိရဘူး။”ဟု ဗိုလ်မိုက်ခဲက ပြောသည်။

ဒီဇင်ဘာ ၄ရက်က စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရသောပြည်သူများအတွက် လက်တုံ့ပြန်ခြင်းဖြစ်ကြောင်း MBT တပ်ဖွဲ့က အသိပေးသည်။

သို့သော် စစ်သားများ ထိခိုက်သေဆုံးမှုကိုမူ လူထုနွေဦးက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

စစ်ကောင်စီသည် ဒီဇင်ဘာပထမပတ်အတွင်း မြင်းခြံခရိုင်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေပြီး နွားထိုးကြီးမြို့နယ်တွင် လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ(၁၁)ဦး၊ ငါန်းဇွန်မြို့နယ်တွင် ပြည်သူနှစ် ဦးသေဆုံးခဲ့သည်။

မြင်းခြံမြို့နယ်မြောက်ပိုင်းတွင် ပြီးခဲ့သည့် နိုဝင်ဘာလအတွင်းက ဒေသတွင်းတော်လှန်ရေးအဖွဲ့များ စိုးမိုးထားသည့်ကျေးရွာအချို့၌ တိုက်ပွဲများဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ် ဖက်ပင်အိုင်ရွာကို ဆုံရွာက ပျူစောထီးတွေ ပစ်ခတ်ဝင်ရောက်ကာ လုယက်မှုတွေပြုလုပ်ခဲ့တာမို့ အမျိုးသမီးတစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မြင်းခြံ-တောင်သာလမ်းပိုင်းမှာ စစ်တပ် နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့ယာဉ်တန်းတိုက်ခိုက်မှုအတွင်း အချုပ်ဖောက်ပြေးပြီး စစ်တပ်ထံအညံ့ခံသွားတဲ့ တော်လှန်ရေးရဲဘော်တစ်ဦးအပါအဝင် ၄ဦး နေရာတွင်သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ တိုက်ခိုက်တဲ့ တော်လှန်ရေးတပ်တွေက ပြောပါတယ်။

သတင်း

မန္တတလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ စစ်တပ်နဲ့ပျူစောထီးတွေရဲ့ ရိက္ခာပို့တဲ့ကား တိုက်ခိုက်ဖျက်ဆီးခံရပြီးနောက် မြင်းခြံမြို့နယ်အရှေ့ခြမ်းကို စစ်တပ် စစ်ကြောင်းထိုး ဖျက်ဆီးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မြင်းခြံမြို့နယ်ကကျေးရွာတွေကိုမီးရှို့အောင်ပွဲခံ နေတဲ့ဗီဒီယိုဖိုင်ကိုမြင်းခြံမြို့နယ်ကစစ်တပ်လက်​အောက်ခံပျူစောထီး တဦးကTikTokမှာ ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌မျှဝေ​အောင်ပွဲခံခဲ့ပါတယ်။