Connect with us

Hi, what are you looking for?

သတင်း

မန္တလေးမှာ ၂ ပတ်အတွင်း လူငယ် ၁၂၀ ကျော် ပေါ်တာဆွဲခံရ

ဒီစာရင်းက လက်ရှိ ဒီဇင်ဘာလ ၁ ရက်ကနေ ဒီဇင်ဘာလ ၁၅ ၇က်အထိ ဖြစ်ပြီး လူငယ်၁၂၅ ဦးဖမ်းခံရတာလို့ သပိတ်အင်အားစုက စာရင်းပြုစုထားပါတယ်။

သပိတ်ကျင်းမြို့နယ်ရှိ စစ်အခြေခံလေ့ကျင့်ရေးတပ်ဆီ တပ်သားသစ်စုဆောင်းခံရသူတွေ ပို့ဆောင်ခံရပုံ (ပုံဟောင်း)
သပိတ်ကျင်းမြို့နယ်ရှိ စစ်အခြေခံလေ့ကျင့်ရေးတပ်ဆီ တပ်သားသစ်စုဆောင်းခံရသူတွေ ပို့ဆောင်ခံရပုံ (ပုံဟောင်း)

ဆိုင်းမင်း/People’s Spring

မန္တလေးတိုင်း မြို့နယ် ၇ ခု မှာ ၂ပတ်တာအတွင်း လူငယ် ၁၂၀ ကျော် ကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးအဖွဲ့နဲ့ ပျူစောထီးတွေကဖမ်းဆီးခဲ့တယ်လို့ မန္တလေးသပိတ်အင်အားစုက ဒီဇင်ဘာလ ၁၆ ရက်မှာ ထုတ်ပြန်ပါတယ်။

ဒီစာရင်းက လက်ရှိ ဒီဇင်ဘာလ ၁ ရက်ကနေ ဒီဇင်ဘာလ ၁၅ ၇က်အထိ ဖြစ်ပြီး လူငယ်၁၂၅ ဦးဖမ်းခံရတာလို့ သပိတ်အင်အားစုက စာရင်းပြုစုထားပါတယ်။

မြို့နယ်အလိုက်ဆိုရင် အောင်မြေသာဇံမြို့နယ်မှာ ၂၁ ဦး၊ချမ်းအေးသာဇံမြို့နယ် ၇ ဦး၊မဟာအောင်မြေမြို့နယ် ၅ ဦး၊ချမ်းမြသာစည်မြို့နယ် ၅ ဦး၊ ပြည်ကြီးတံခွန်မြို့နယ် ၃၆ ဦး၊အမရပူရမြို့နယ် ၁၇ ဦး၊ပုသိမ်ကြီးမြို့နယ် ၃၄ ဦး စုစုပေါင်း ၁၂၅ ဦး ဖမ်းခံရတာလို့သိရပါတယ်.

Public Service Announcement

Public Service Announcement

ဒါက မန္တလေးသပိတ်အင်အားစုအနေနဲ့ လက်လှမ်းမီရာ ကောက်ယူထားတဲ့ စာရင်းသာဖြစ်ပြီး မြေပြင်မှာ ပိုမိုများပြားနိုင်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးမှုတွေက သာမာန်လက်လုပ်လက်စားပေါများတဲ့ ဆင်ခြေဖုံးရပ်ကွက်တွေမှာ အဖြစ်များနေပြီး ငွေကြေးချမ်းသာတဲ့ရပ်ကွက်တွေမှာတော့ ငွေပေးပြီး လူစားထိုးစနစ်သာပြုလုပ်ကြတယ်လို့ သိရပါတယ်။

မန္တလေးမှာ စစ်မှုထမ်းဥပဒေကို အကြောင်းပြုပြီး နေ့၊ည အချိန်မရွေး ပေါ်တာဆွဲဖမ်းဆီးနေတာဖြစ်ပါတယ်။

လူငယ်တွေကို မတရားဖမ်းဆီးပြီး စစ်ထဲ ထည့်တာတွေကို စစ်တပ် ထောက်ခံသူ စစ်လော်ဘီတွေ ကိုယ်တိုင် ဝန်ခံထားတာတွေလည်းရှိနေပါတယ်။ စစ်ကောင်စီဘက်ကတော့ငြင်းဆိုထားပါတယ်။

မန္တလေးမြို့နေလူငယ်လူထုအနေနဲ့ အချိန်မတော် နေအိမ်ပြင်ပ သွားလာတာ ၊ မလိုအပ်ပဲ ခရီးသွားတာ ၊ ပျော်ပွဲရွှင်ပွဲ တွေ သွားလာတာတွေ ကို တတ်နိုင်သမျှရှောင်ကြည်ကြဖို့ မန္တလေးသပိတ်အင်အားစုက အသိပေးတိုက်တွန်းထားပါတယ်။

ဓာတ်ပုံ – စစ်ကောင်စီ

ဆက်စပ်သတင်းများ

သတင်း

မန္ဆလေးမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဝါဒဖြန့်ဇာတ်မင်းသား အောင်ဇမ္ဗူရဲ့ ဖျော်ဖြေပွဲကို ၃ ရက်ကြိုတင်ကာ ညအိပ်စောင့်ပြီး လက်မှတ်လာတန်းကြတဲ့ ပရိသတ်တွေ မိုးမိပြီး ဒုက္ခရောက်ခဲ့ကြပါတယ်။

သတင်း

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်မှာ ကွမ်းယာရောင်းနေတဲ့ စစ်ရှောင်သားအဖ ၂ဦး ဓားထိုးခံရပြီး ဖခင်ဖြစ်သူသေဆုံးတဲ့ဖြစ်စဥ်တစ်ခု ဇူလိုင်၂၉ရက်က ဖြစ်ပွားခဲပါတယ်။

သတင်း

မန္တလေးမြို့၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ၄.၆ အဆင့်ရှိ အင်အား အတော်အသင့်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရရဲ့ လူမှုရေးရာ၊ အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MoSLHA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ထောင်ကျခံပြီးသား တပ်ပြေးတစ်ဦးကို စသ်ကောင်စီလက်အောက်ခံ ရာအိမ်မှူးက ဖမ်းဆီးပြီး စစ်မှုထမ်းထဲ ပြန်ထည့်လိုက်ကြောင်း Voice Of Mandalay အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။