Connect with us

Hi, what are you looking for?

သတင်း

မန္တလေးတိုင်း မြို့နယ်သုံးခုတွင် စစ်ကောင်စီလေကြောင်းနှင့် လက်နက်ကြီးပစ်ခတ် တိုက်ခိုက်၍ ပြည်သူ ၇ ဦးသေဆုံး

မန္တလေးတိုင်းရှိ စဥ့်ကူး၊ သပိတ်ကျင်းနှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဒေသခံပြည်သူ ၇ ဦး သေဆုံးပြီး ၄ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသောနေအိမ်အချို့အား တွေ့ရစဥ်။ဓာတ်ပုံ - ရောင်နီနွေဦး

အင်ကြင်း/People’s Spring

မန္တလေးတိုင်းရှိ စဥ့်ကူး၊ သပိတ်ကျင်းနှင့် နွားထိုးကြီးမြို့နယ်တို့တွင် စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ရာ ဒေသခံပြည်သူ ၇ ဦး သေဆုံးပြီး ၄ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(သြဂုတ် ၃၁ရက်) နေ့လယ် ၁နာရီခွဲခန့်က သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာကိုသို့ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူ ၃ဦး ပွဲချင်းပြီးသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“တိုက်ပွဲမရှိဘဲ ပစ်တာ။ တအုန်းအုန်းနဲ့ချသွားတာ။”ဟု သပိတ်ကျင်းဒေသခံတစ်ဦးက ပြောသည်။

ဇရပ်ကွင်းကျေးရွာရှိ စစ်ကောင်စီတပ်စခန်းအား သြဂုတ် ၁၁ရက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သိမ်းပိုက်ထားသည်။

အလားတူ ယမန်နေ့ညကပင် စဥ့်ကူးမြို့နယ်၊ သီလှရွာနှင့် ကြို့ပင်ကျေးရွာအား ကျောက်မြောင်းမြို့ရှိ အမှတ်(၁၂) ခြေမြန်တပ်ရင်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ သီလှရွာ ဒေသခံပြည်သူ၃ဦး သေဆုံးခဲ့ကြောင်း ကင်းထောက်မြေပြင် သတင်းမှန်ပြန်ကြားရေး(စဥ့်ကူး)၏ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ညနေ၄နာရီက ပစ်တာ၂ချက်။ ပြည်စိုးအောင်ရပ်ကွက် သစ်လွင်ဆီဆိုင်က နေအိမ်အနောက်ဘက်နဲ့ လက်ဖက်ရည်ဆိုင်ရှေ့ကျတယ်။ အဖီအမိုးတွေ ပျက်စီးတယ်။”ဟု အထက်ပါအဖွဲ့ဝင်က ပြောသည်။

ထို့အပြင် ယမန်နေ့ ည ၈ နာရီကျော်ကလည်း မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်၊ မန်ကျီးကုန်းကျေးရွာကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်း ပျက်စီးသွားပြီး သံဃာတစ်ပါးနှင့် အမျိုးသား ၂ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း နွားထိုးကြီးသတင်းစုံတာဝန်ခံက ပြောသည်။

“လူလက်ပိုင်း အမျိုးသား၂ဦးမှာ တစ်ဦးက ဗိုက်ထိလို့ ဆေးရုံမှာဆေးကုသနေရတယ်။ ဆရာတော်တစ်ပါးက ခြေထောက်ထိတယ်။ မစိုးရိမ်ရဘူး”ဟု ဒေသခံတစ်ဦးက ပြောသည်။

ယမန်နေ့(သြဂုတ် ၃၁ရက်) နံနက် ၁နာရီခွဲခန့်ကလည်း နွားထိုးကြီးမြို့နယ်၊ ထနောင်းပင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးသီးတစ်လုံးချတိုက်ခိုက်ခဲ့ရာ အမျိုးသမီးတစ်ဦးသေဆုံးကြောင်း ဒေသခံများက ပြောသည်။

မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက်ပိုင်း စစ်ကောင်စီတပ်က နွားထိုးကြီးမြို့နယ်အတွင်းရှိ ကျေးရွာများအား လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ဦးသေဆုံးပြီး ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ် ညောင်ပင်ကြီးတောရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် ကိုယ်ဝန်သည်မိခင်အပါအဝင် အမျိုးသမီး ၃ဦး သေဆုံးကာ ဒဏ်ရာရသူ အများအပြားရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

​မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်၊ ရှမ်းပွဲရပ်ကွက်မှာ စစ်ကောင်စီ လက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲ ပြုလုပ်ရာ ပြည်သူတွေမလာလို့ ပွဲပျက်သွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ