Connect with us

Hi, what are you looking for?

သတင်း

လေးမျက်နှာတွင် စစ်​တပ်ပစ်ခတ်​​သောလက်နက်ကြီးကျည်ထိ၍ စစ်​ရှောင်ပြည်သူ ၈ ဦး​သေဆုံး

ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် ရခိုင်ရိုးမနေရာအများစုတွင် မြေမြုပ်မိုင်းအများအပြားထောင်ထားကြောင်း ​ဒေသခံအချို့က​ပြောသည်။

(ဧရာ၀တီတိုင်းသို့သွားမည့် ဂွမြို့နယ် သဗြုဂျိုင်ကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ဩဂုတ် ၈ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)
(ဧရာ၀တီတိုင်းသို့သွားမည့် ဂွမြို့နယ် သဗြုဂျိုင်ကျေးရွာမှ စစ်ဘေးဒုက္ခသည်များအား ၂၀၂၄ ဩဂုတ် ၈ ရက်က တွေ့ရစဉ်။ဓာတ်ပုံ - CJ)

အိမ်သွင်/People’s Spring

အာရက္ခတပ်တော်(AA) ၏ ထိုးစစ်ဆင်နေသည့်ဂွမြို့နယ်နှင့်ဆက်စပ်နေသော ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ ရှောပြာရွာတွင် စစ်ကောင်စီတပ်က ပစ်ခတ်​သောလက်နက်ကြီးကျည်ထိ​သောကြောင့် စစ်ရှောင်ကားတစ်စီးထိမှန်ပြီး အရပ်သားရှစ်ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။

အဆိုပါဖြစ်စဉ်သည် ဒီဇင်ဘာ ၁၈ ရက် ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဟု ဧရာဝတီတိုင်းဘက်မှ စစ်ရေးသတင်းမြစ်တစ်ဦးကပြောသည်။

“ဂွဘက်က လာတဲ့စစ်ဘေးရှောင်တွေကို သွားခေါ်တဲ့ကား လက်နက်ကြီးထိတာ။ ရှစ်ယောက်သေဆုံးတာမှန်တယ်။ အားလုံးအရပ်သားတွေချည်းပဲ။ သေဆုံးတဲ့အထဲမှာ အမျိုးသမီးတချို့လည်းပါတယ်”ဟု အထက်ပါ စစ်ရေးသတင်းရင်းမြစ်ကပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီသည် ဧရာဝတီတိုင်း၊ ငါးသိုင်းချောင်း၊ ကွင်းကောက်မြို့နယ်တို့မှနေ၍ ဂွမြို့နယ်ဘက်သို့ ယခုရက်ပိုင်းလက်နက်ကြီးဖြင့်ပစ်ခတ်နေသည်ဟု ဒေသခံများကပြောသည်။

ထို့အပြင် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ် ရခိုင်ရိုးမနေရာအများစုတွင် မြေမြုပ်မိုင်းအများအပြားထောင်ထားကြောင်း ​ဒေသခံအချို့က​ပြောသည်။

ဂွမြို့တွင်းတိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်ရုပ်အလောင်းများ၊လက်နက်ခဲယမ်း အမြောက်အမြားတို့ကို ထပ်မံသိမ်းဆည်းရမိထားကြောင်း AAက ဒီဇင်ဘာလ၁၈ရက်ည၌ ထုတ်ပြန်ထားသည်။

ထို့အပြင် ယနေ့ နံနက်ပိုင်းတွင် ဂွမြို့နယ်နှင့် ငါးသိုင်းချောင်းမြို့ကြားရှိ ဒေါင်းချောင်းဂိတ်ကို AAတိုက်ခိုက်သိမ်းယူလိုက်ကြောင်းသတင်းရရှိသည်။ဂွ- ငါးသိုင်းချောင်းလမ်းကို ထိန်းချုပ်နိုင်ရေး AAက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့်ပစ်ခတ်နေသည်။

ရခိုင်ရိုးမနှင့်ဆက်စပ်နေသော ဧရာဝတီတိုင်းမှ ရေကြည်၊ ငါးသိုင်းချောင်း၊ လေးမျက်နှာ၊ သာပေါင်းမြို့တို့အပြင် ပုသိမ်နှင့် ဟင်္သာတမြို့တို့တွင်လည်း စစ်ကောင်စီကလုံခြုံရေးတိုးမြှင့်ထားသည်။

AAသည် ဂွမြို့ကို သိမ်းပိုက်ပြီးပါက ဧရာဝတီတိုင်းအတွင်းသို့ မဟာမိတ်များနှင့်အတူ စစ်ဆင်ရေးစတင်နိုင်ကြောင်း ခန့်မှန်းသုံးသပ်မှုများရှိနေသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။