Connect with us

Hi, what are you looking for?

သတင်း

KTLAတပ်ဖွဲ့ဝင် ၁၄ဦး KNUတပ်မဟာ(၄)ထံ လက်နက်ချ၊ လက်နက် ၁၇လက်ရဟု အသိပေး

ထားဝယ်ခရိုင်တွင် KTLA တပ်ဖွဲ့များရှိသော်လည်း ဗိုလ်ကော်လာဖိုးအဖွဲ့နှင့် တပ်မဟာ(၄) အကြား ပြဿနာများ မကြာခဏ ရှိခဲ့သည်။

အလင်းဝင်လာသော KTLA တပ်ဖွဲ့ဝင် ၁၄ဦးထံမှ ရရှိသော လက်နက်များ။ ဓာတ်ပုံ - KNU တပ်မဟာ(၄)
အလင်းဝင်လာသော KTLA တပ်ဖွဲ့ဝင် ၁၄ဦးထံမှ ရရှိသော လက်နက်များ။ ဓာတ်ပုံ - KNU တပ်မဟာ(၄)

ဟန်နွေ/People’s Spring

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)နယ်မြေ ထားဝယ်မြို့နယ်တွင် ဒီဇင်ဘာ ၁၉ရက်က KNUနှင့် ဗိုလ်ကော်လာဖိုးဦးဆောင်သည့် ကော်သူးလေတပ်ဖွဲ့(KTLA)တို့အကြား တိုက်ပွဲဖြစ်ခဲ့ပြီး KTLA တပ်ဖွဲ့ဝင် ၁၄ဦး လက်နက်ချခဲ့သည်ဟု KNU ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားက ပြောသည်။

KNU တပ်မဟာ(၄) အရာရှိအချို့အပါအဝင် တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးမှုရှိသည်အထိ KTLA ဘက်က ခြုံခိုတိုက်ခိုက်မှုပြုလုပ်ခဲ့ရာ ယမန်နေ့တွင် ဗိုလ်ကော်လာဖိုးဦးဆောင်သည့် KTLA တပ်ဖွဲ့များကို KNU တပ်မဟာ(၄)ဘက်က ပြန်လည်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“တိုက်ပွဲက ၅နေရာဖြစ်တယ်။ ဖမ်းမိတာက ၁၄ယောက် ဖမ်းမိတာ။ ပြီးတော့တချို့ PDFက ကျနော်တို့ပြန်လည်ပူးပေါင်းတာရှိတယ်။ PDF ဆိုတာက အဲဒီ KTLAနဲ့ ပေါင်းတဲ့အဖွဲ့တွေ” ဟု ပဒိုစောအယ်နားက ပြောသည်။

Public Service Announcement

Public Service Announcement

ထားဝယ်ခရိုင်တွင် KTLA တပ်ဖွဲ့များရှိသော်လည်း ဗိုလ်ကော်လာဖိုးအဖွဲ့နှင့် တပ်မဟာ(၄) အကြား ပြဿနာများ မကြာခဏ ရှိခဲ့သည်။

“ကော်လာဖိုး လက်အောက်ခံ အဖွဲ့တွေပဲနော်။ ဒီအဖွဲ့တွေက ကျနော်တို့နဲ့ ပူးပေါင်းမှုမရှိဘူး။ ကျနော်တို့ ပူးပေါင်းဖို့ ကြိုးစားတယ် မရလို့။ လုံခြုံရေးအတွက် နယ်မြေရှင်းတာ။ ဘာဖြစ်လို့လည်းဆိုတော့ကျနော်တို့က ဒီဧရိယာတဝိုက်မှာ စစ်ရေးလှုပ်ရှားမှုတွေရှိတယ်။ ဒါပေမဲ့ သူတို့က အနှောက်အယှက်ဖြစ်တယ် ခြုံခိုတိုက်ခိုက်တယ် လုပ်ကြတယ်ဆိုတော့ ဒီလိုမျိုးလုပ်ရတာပေါ့။သူတို့က တော်လှန်ရေး အတွက် အကျိုးမရှိဘူး အနှောက်အယှက်ဖြစ်တယ်။ အဲဒါကြောင့် ကျနော်တို့က ဒီနယ်မြေကို မဖြစ်မနေရှင်းလင်းရတယ်” ဟု ပဒိုစောအယ်နားက ပြောသည်။ ထို့အပြင် တိုက်ပွဲအတွင်း KTLAထံမှ လက်နက် ၁၇ရက် ရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။

ဗိုလ်ကော်လာဖိုးသည် ယခင်က KNUအဖွဲ့ဝင် ဖြစ်သော်လည်း စစ်တပ်အာဏာမသိမ်းမီက စစ်ကောင်စီထံ လက်နက် ၂ကြိမ်ချ အလင်းဝင်ခဲ့သည့် ဖြစ်စဉ်ရှိခဲ့သည်။ ထို့နောက် စစ်တပ်အာဏာသိမ်းပြီးနောက် ဗိုလ်ကော်လာဖိုး အဖွဲ့ ပြန်လည်ပေါ်ပေါက်လာပြီး KNU တပ်မဟာ(၄)နှင့် မကြာခဏ ပြဿနာဖြစ်ပွားလျက်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သိမ်းပိုက်ထိန်းချုပ်ထားသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိုက်ဒုံမြို့ကို စစ်ကောင်စီက ယမန်နေ့နံနက်တွင် လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့၍ အမျိုးသမီး တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်က ပြောသည်။

သတင်း

ကျားဖျန့်ခေါ် အွန်လိုင်းလိမ်လည် လုပ်ငန်းများ ကြီးထွားလာမှုသည် စစ်ကောင်စီ သည် အဓိက တရားခံဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင်၊ ဘီးလင်းမြို့နယ်ရှိ စာသင်ကျောင်းတစ်ခုကို စစ်ကောင်စီက ဒရုန်းဖြင့်တိုက်ခိုက်ခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဇန်နဝါရီ ၁၇ရက်)သတင်းထုတ်ပြန်သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်၊ ကျောက်ကြီးမြို့နယ် မူသယ်ဒေသရှိ စစ်ကောင်စီတပ်စခန်းတစ်ခုကို ဇန်နဝါရီ ၅ရက်က သိမ်းပိုက်နိုင်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထွက်ပြေးမှုများရှိပြီး လက်နက်များလည်းရရှိခဲ့ကြောင်း KNU ဗဟိုက ဇန်နဝါရီ ၉ရက်တွင် ထုတ်ပြန်သည်။